Myanmar

အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောခြင်း

အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောခြင်း

(၁၈.၁.၂၀၂၃)နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ အနောက်ရပ် အခြေခံပညာမူလတန်ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများအား ဗလာစာအုပ်၊ ခဲတံ၊ နို့ဘူးနှင့်ကိတ်မု့န်များ၊ ဆရာမများအား ဘောပင်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

MWAF အသင်း၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အခမ်းအနားတက်ရောက်ခြင်း

MWAF အသင်း၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အခမ်းအနားတက်ရောက်ခြင်း

(၁၆.၁.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်(MWAF)၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးအခမ်းအနားသို့ MWCDF အသင်းမှ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC တို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

(၁၂.၁.၂၀၂၃)နေ့တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌနှင့်အတွင်းရေးမှူး တက်ရောက်ဆွေးနွေးခဲ့ ပါသည်။

နိုင်ငံတစ်ဝှမ်းလုံးရှိ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု အစည်းအဝေးတက်ရောက်ခြင်း

နိုင်ငံတစ်ဝှမ်းလုံးရှိ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု အစည်းအဝေးတက်ရောက်ခြင်း

(၆.၁.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော နိုင်ငံ တစ်ဝှမ်းလုံးရှိ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ (Nationwide Case Management Supervision Unit – NCMSU Working Group ) လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့်အတွင်းရေးမှူး တက်ရောက်ဆွေးနွေးခဲ့ ပါသည်။

ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၇.၁.၂၀၂၃)နေ့တွင် MWCDF အသင်းမှ တွဲဘက်ဘဏ္ဍာရေးမှူးနှင့် CEC အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်က (၃.၁.၂၀၂၃ မှ ၈.၁.၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သော (ဒဿမ)အကြိမ်မြောက် အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲသို့ အလှူငွေ၊ ပြက္ခဒိန်နှင့် ဆပ်ပြာဆီဘူးများ သွားရောက်လှူဒါန်းခဲ့ပါသည်။

MMCWA အသင်း၏ သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း

MMCWA အသင်း၏ သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း

(၃.၁.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(MMCWA)မှ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ MWCDF အသင်းမှ ခေတ္တဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။