MMCWAအသင်း၏ နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲတက်ရောက်ခြင်း

(၉. ၅. ၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CECများသည် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(MMCWA)၏ (၂၈)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၉. ၅. ၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CECများသည် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(MMCWA)၏ (၂၈)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(၆.၅.၂၀၁၈)နေ့တွင် MWCDF(ရုံးချုပ်)၊ နေပြည်တော်၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော နွေရာသီအင်္ဂလိပ်စာ(Elementary Level) သင်တန်းတွင် တက်ရောက်နေသည့် ကျောင်းသား/သူများအား Talk show ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ Talk Show ပြိုင်ပွဲတွင် ကျောင်းသား/သူ(၅)ဦး ဆုရရှိခဲ့ပါသည်- ပြိုင်ပွဲတွင်ဆုရရှိသူများမှာ – ပထမဆု-မဝိုင်းထက်ထက်အောင် ဒုတိယဆု- မဟေသာညိုစင် တတိယဆု-မဇင်ဇင်စိုး စတုတ္ထဆု – မသိမ့်သိမ့်သူ ပဥ္စမဆု – မသိရိနန်းစံ ဖြစ်ပြီးအသင်း CECများမှ အကဲဖြတ်အမှတ်ပေးကာ ဆရာဦးမင်းစိုသူရမှ ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။
(၆.၅.၂၀၁၈)နေ့တွင် MWCDF(ရုံးချုပ်)၊ နေပြည်တော်၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော (Pre-Intermediate Level)သင်တန်းတွင် တက်ရောက်နေသည့် ဆရာ/မများအား Talk show ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ Talk Show ပြိုင်ပွဲတွင် ဆုရရှိသူများမှာ- ပထမဆု – ဦးဆန်းထွန်းဇော် ဒုတိယဆု – ဒေါ်မိုင်တင်ရီ တတိယဆု – မောင်ဝေဆာဖြိုး ကိုယ်ရည်ကိုယ်သွေးထူးချွန်ဆု -စောကျော်ထူးအောင် တို့ဖြစ်ပါသည်။ ထို့နောက် သင်တန်းသား/သူများနှင့် အသင်းCECများ အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။
(၄.၅.၂၀၁၈)နေ့တွင် MWCDF(ရုံးချုပ်)၌ ဖွင့်လှစ်သင်ကြားပေးနေသော နွေရာသီအင်္ဂလိပ်စာ(Pre-Intermediate Level)သင်တန်းတွင် တက်ရောက်နေသည့် ဆရာ/မများအား “ ခေါင်းဆောင်မှု အနုပညာနှင့် စီမံခန့်ခွဲမှုပညာရပ်များ” နှင့်ပတ်သက်သည့်အကြောင်းအရာများအား အသင်းCECဖြစ်သူ ဦးလှထွန်းခိုင်နှင့် ဒေါ်နန်းသိင်္ဂီမြင့်တို့မှ သင်ကြားပို့ချဆွေးနွေးခဲ့ပါသည်။
(၄.၅.၂၀၁၈)နေ့တွင် MWCDF(ရုံးချုပ်)၌ ဖွင့်လှစ်သင်ကြားပေးနေသော နွေရာသီအင်္ဂလိပ်စာ(Elementary Level) သင်တန်းတွင် တက်ရောက်နေသည့် ကျောင်းသား/သူများကို “ ပြည်သူ့နီတိဆိုင်ရာ သိမှတ်ဖွယ်ရာများ” အား အသင်းCECဖြစ်သူ ဦးလှထွန်းခိုင်နှင့် ဒေါ်နန်းသိင်္ဂီမြင့်တို့မှ လာရောက်သင်ကြားပို့ချပေးခဲ့ပါသည်။
(၂၈.၄.၂၀၁၈)နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဆိုင်းဘုတ်တင်အခမ်းအနားတွင် စာကြည့်တိုက်များဖွံ့ဖြိုးရေး၊ ရေရှည်တည်တံ့ရေးဘက်စုံအတွက် ပဲခူးတိုင်းMWCDFအသင်းအဖွဲ့ဝင်များမှ အလှူငွေ- (၁)သိန်းကျပ် လှူဒါန်းခဲ့ပါသည်။