Myanmar

MMCWAအသင်း၏ အလှူငွေပေးအပ်ပွဲသို့တက်ရောက်ခြင်း

MMCWAအသင်း၏ အလှူငွေပေးအပ်ပွဲသို့တက်ရောက်ခြင်း

(၃၀.၄.၂၀၁၈)နေ့တွင် MWCDFအသင်းမှ CECနှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(MMCWA)၏ (၂၈)ကြိမ်မြောက်နှစ်ပတ်လည် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ MWCDFအသင်းမှ အလှူငွေ(၁၀)သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

သင်္ကြန်ရက်အတွင်း ကျွေးမွေးဧည့်ခံခြင်း၊ သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် လှူဒါန်းခြင်း

သင်္ကြန်ရက်အတွင်း ကျွေးမွေးဧည့်ခံခြင်း၊ သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် လှူဒါန်းခြင်း

မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာMWCDFအသင်းအဖွဲ့ဝင်များမှ (၁၆.၄.၂၀၁၈)သင်္ကြန်အတက်နေ့တွင် စတုဒီသာ မုန့်လုံးရေပေါ်ကျွေးမွေး၍ သနပ်ခါးလိမ်းပေးခြင်း၊ (၁၇.၄.၂၀၁၈)နေ့တွင် မဟာမြိုင်ကျေးရွာလူငယ်များပူးပေါင်း၍ သက်ကြီးပူဇော်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပြီး အဘိုးအဘွား(၃၃)ဦးအား အလှူငွေလှူဒါန်းခြင်းနှင့် ဥပုသ်သည်များနှင့် လူငယ်မောင်မယ်တို့အား အချိုရည်ဖြင့် ဧည့်ခံခဲ့ပါသည်။

MWAF အသင်း၏နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲသို့ တက်ရောက်ခြင်း

MWAF အသင်း၏နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲသို့ တက်ရောက်ခြင်း

(၅.၄.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌနှင့် CECများသည် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်(MWAF)၏ နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲနှင့်ဆုနှင်းသဘင်ပေးအပ်ခြင်း အခမ်းအနားသို့လှူဒါန်းခြင်း

နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲနှင့်ဆုနှင်းသဘင်ပေးအပ်ခြင်း အခမ်းအနားသို့လှူဒါန်းခြင်း

MWCDFအသင်းမှ အဖွဲ့ဝင်များသည် (၄.၄.၂၀၁၈)နေ့တွင် ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၌ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲနှင့် ဆုနှင်းသဘင်ပွဲကျင်းပရာ အခမ်းအနားသို့ တက်ရောက်၍ စာရေးကိရိယာများ၊ အလှူငွေများအား ကျောင်းထိုင်ဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၄.၄.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဌ ဒေါ်စုညွန့်ဦးနှင့် CECများသည် ရန်ကုန်မြို့၊ သံလျင်မြို့နယ်၊ ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်၍ အသင်းမှ ဗလာစာအုပ်(၃၀)ဒါဇင်၊ အလှူရှင်များမှ အလှူငွေ-(၁,၃၅၀,၀၀၀)ကျပ်၊ လှူဘွယ်ခြင်း(၁)ခြင်း၊ သီလရှင်ဝတ်စုံ(၁ဝ)စုံ၊ ဗလာစာအုပ်(၂၅)ဒါဇင်၊ ဆန်(၂)အိတ်၊ ဆီ(၁)ပုံး၊ အာလူး(၁)အိတ်၊ ကြက်သွန်(၁)အိတ်     တို့အား ကျောင်းထိုင်သီလရှင်ဆရာကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ကျောင်းရှိသီလရှင်စာသင်သားကလေးများအား နေ့ဆွမ်းလောင်းလှူခဲ့ကြပါသည်။

တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာရှိ အဖွဲ့ဝင်များမှ MWCDFအသင်းရုံးသို့လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း

တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာရှိ အဖွဲ့ဝင်များမှ MWCDFအသင်းရုံးသို့လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း

တောင်သာမြို့နယ် မဟာမြိုင်ကျေးရွာမှ MWCDFအသင်းအဖွဲ့ဝင်(၂၂)ဦးသည် (၃.၄.၂၀၁၈)နေ့တွင် MWCDF (ရုံးချုပ်)သို့ လာရောက်၍ ကျေးရွာရေရရှိမှုအခြေအနေနှင့် အဖွဲ့ဝင်များမှ လုပ်ဆောင်ထားရှိမှုများအား CECများထံတင်ပြ၍ အသင်းCECများမှ အဖွဲ့ဝင်များ၏ သင်္ကြန်ကာလတွင် မဟာမြိုင်ကျေးရွာ၌ ပြုလုပ်မည့် စတုဒီသာကျွေးမွေးခြင်းနှင့် သက်ကြီးပူဇော်ပွဲအား စနစ်တကျကျင်းပရန်မှာကြားပြီး အသင်းတီရှပ်နှင့် အသင်းလုံချည်များ၊ ကျောင်းသား/သူများအတွက် ဗလာစာအုပ်များပေးအပ်ခဲ့ပါသည်။