ရတနာ့မဉ္ဇူ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁.၁.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ရတနာ့မဉ္ဇူသီလရှင် စာသင်တိုက်သို့ နှစ်သစ်ဦးဆန်နှင့် နှစ်သစ်ဦးဆွမ်း သွားရောက်လှူဒါန်းခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၁.၁.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ရတနာ့မဉ္ဇူသီလရှင် စာသင်တိုက်သို့ နှစ်သစ်ဦးဆန်နှင့် နှစ်သစ်ဦးဆွမ်း သွားရောက်လှူဒါန်းခဲ့ပါသည်။

(၃၀.၁၂.၂၀၂၂)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့၊ အ.ထ.က(၁) ကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် တွေ့ဆုံပြီး လူကုန်ကူးမှု ၊ မူးယစ်ဆေးဝါး၊ သက်ငယ်မုဒိန်းနှင့်သက်ဆိုင်သော အသိပညာပေးစာအုပ်၊ ဂျာနယ်များ လှူဒါန်းခဲ့ပါသည်။

(၂၉.၁၂.၂၀၂၂)နေ့တွင် BBS Internataional Pre-School နှင့် ပဲခူးတိုင်း MWCDF အသင်းတို့ ပူးပေါင်း၍ ပဲခူးမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ အားကစားအမျိုး(၂၀)ပါဝင်သော အားကစားပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

(၂၄.၁၂.၂၀၂၂)နေ့တွင် တနင်္သာရီတို်ငး၊ လောင်းလုံမြို့နယ်၊ မြို့ဟောင်းအနောက်တိုက်ကျောင်း၊ ထားဝယ်ဗုဒ္ဓကောလိပ်ဌာနခွဲ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် ကျောင်းဖွင့်ပွဲအခမ်း အနားတွင် တနင်္သာရီတိုင်း MWCDF အသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ အလှူငွေ၊ ဗလာစာအုပ် နှင့် ပြက္ခဒိန်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

(၂၄.၁၂.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၃)၌ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် အတွင်းရေးမှူးမှ စက်ကိရိယာနှင့် အာဟာရဖွံ့ဖြိုးရေးအတွက် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းဥက္ကဌ တက်ရောက်ခဲ့ပါသည်။

(၁၆.၁၂.၂၀၂၂)နေ့တွင် ကချင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေးဆွေးနွေးပွဲသို့ ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။