Myanmar

နွေရာသီအင်္ဂလိပ်စာ(Pre-Intermediate Level)သင်တန်းသင်ကြားပို့ချခြင်း

နွေရာသီအင်္ဂလိပ်စာ(Pre-Intermediate Level)သင်တန်းသင်ကြားပို့ချခြင်း

၂၀၁၈ခုနှစ်၊ မတ်လအတွင်း နွေရာသီအင်္ဂလိပ်စာ(Pre-Intermediate Level)သင်တန်းကို အ.ထ.က(၁၂)ချင်းရွာ၊ အ.မ.က(၃)၊ အ.မ.က(သစ်ဝင်တိုင်း)၊ အ.လ.က(ဗိုလ်ရွေး)မှ ဆရာ/မများ၊ MWCDFရုံးအဖွဲ့ စုစုပေါင်း(၂၅)ဦးအား သင်တန်းဆရာမှ အင်္ဂလိပ်စာသင်ခန်းစာများ သင်ကြားပို့ချဆွေးနွေးနေခြင်း

နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းသင်ကြားပို့ချခြင်း

နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းသင်ကြားပို့ချခြင်း

၂၀၁၈ခုနှစ်၊ မတ်လအတွင်း နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းကို အ.ထ.က(၁၂)ချင်းရွာမှ ကျောင်းသား/သူ (၄၀)ဦးအား သင်တန်းဆရာမှ အင်္ဂလိပ်စာသင်ခန်းစာများ သင်ကြားပို့ချနေခြင်း

ပဲခူးမြို့တွင်ပြုလုပ်သော သံဃာတော်အပါး(၁၈၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတွင် ပဲခူးတိုင်းMWCDFအဖွဲ့ဝင်များမှ ပါဝင်လှူဒါန်းခြင်း

ပဲခူးမြို့တွင်ပြုလုပ်သော သံဃာတော်အပါး(၁၈၀၀)ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတွင် ပဲခူးတိုင်းMWCDFအဖွဲ့ဝင်များမှ ပါဝင်လှူဒါန်းခြင်း

(၁၈.၃.၂၀၁၈)နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်ပြုလုပ်သော သံဃာတော်အပါး(၁၈၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲမင်္ဂလာအခမ်းအနားတွင် ပဲခူးတိုင်း၊ MWCDFအဖွဲ့ဝင်များမှ ဆန်အိတ်ငယ်(၁၈၀၀)ထုပ်၊ ဗလာစာအုပ်(၁၈၀၀)အုပ်နှင့်ရေသန့်များအား ကြွရောက်လာသော သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တန်ဖိုးသင့်အာဟာရကျွေးမွေးလှူဒါန်းမှု

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တန်ဖိုးသင့်အာဟာရကျွေးမွေးလှူဒါန်းမှု

(၁၄.၃.၂၀၁၈)ရက်နေ့တွင် MWCDFအသင်းမှ အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက် အထိမ်းအမှတ်အနေဖြင့် မတ်လ(၁၄)ရက်နေ့တွင် ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများအား နံနက်စာ-ကော်ဖီ၊ ပေါင်မုန့်၊ နေ့လည်စာ-ထမင်း၊ ကြက်သားအာလူးဟင်း၊ ပဲသီးကြက်ဥကြော်တို့ဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ပဲခူးတိုင်းတွင် ကျင်းပပြုလုပ်သော ၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားတွင် ပဲခူးတိုင်းအဖွဲ့ဝင်များမှပြခန်းဖွင့်လှစ်ပြသ၍ ပါဝင်ဆွေးနွေးခြင်း

ပဲခူးတိုင်းတွင် ကျင်းပပြုလုပ်သော ၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားတွင် ပဲခူးတိုင်းအဖွဲ့ဝင်များမှပြခန်းဖွင့်လှစ်ပြသ၍ ပါဝင်ဆွေးနွေးခြင်း

(၈.၃.၂၀၁၈)နေ့တွင် MWCDFအသင်း၊ ပဲခူးတိုင်းအဖွဲ့ဝင်များမှ ပဲခူးတိုင်းတွင် ကျင်းပပြုလုပ်သော “၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား” တွင် အသင်းလှုပ်ရှားမှုများအား ပြခန်းဖွင့်လှစ်ပြသ၍ တက်ရောက်လာကြသူများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား တက်ရောက်ခြင်း

၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား တက်ရောက်ခြင်း

၂၀၁၈ခုနှစ်၊ မတ်လ(၈)ရက်နေ့၊ နံနက်(၁ဝးဝ၀)နာရီတွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော “၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား” သို့ MWCDFအသင်းမှဥက္ကဋ္ဌတက်ရောက်ခဲ့ပါသည်။