Myanmar

(၄၇)ကြိမ်မြောက် CEC အစည်းအဝေး

(၄၇)ကြိမ်မြောက် CEC အစည်းအဝေး

(၁၆.၁၂.၂၀၂၂)နေ့တွင် နေပြည်တော် MWCDF(ရုံးချုပ်)၌ အသင်း၏(၄၇)ကြိမ်မြောက် ဗဟိုအလုပ် အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆေးကုသမှုခံယူနေသော သက်ကြီးအသင်းဝင်အား ထောက်ပံ့ငွေ လှူဒါန်းခြင်း

ဆေးကုသမှုခံယူနေသော သက်ကြီးအသင်းဝင်အား ထောက်ပံ့ငွေ လှူဒါန်းခြင်း

(၁၄.၁၂.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ‘အောင်’ အထူးကုဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော ရှမ်းပြည်နယ်(မြောက်ပိုင်း) သက်ကြီးအသင်းဝင် တစ်ဦးအား ရှမ်းမြောက် MWCDF ဥက္ကဌနှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများ လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၁၂.၂၀၂၂)နေ့တွင် MWCDF အသင်းမှ  တွဲဘက်ဘဏ္ဍာရေးမှူးနှင့် CEC တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းများအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ ကန်စွန်းရွက်ချည်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

MMCWA အသင်း၏ နှစ်ပတ်လည်အခမ်းအနား တက်ရောက်ခြင်း

MMCWA အသင်း၏ နှစ်ပတ်လည်အခမ်းအနား တက်ရောက်ခြင်း

(၁၂.၁၂.၂၀၂၂)နေ့တွင် နေပြည်တော်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(MMCWA) ရုံးချုပ်၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(MMCWA) နှစ်ပတ်လည်အခမ်းအနားသို့ MWCDF အသင်းမှ အတွင်းရေးမှူးနှင့် CEC များ တက်ရောက်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနား တက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနား တက်ရောက်ခြင်း

(၁၀.၁၂.၂၀၂၂)နေ့တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ကျင်းပပြုလုပ်သော (၇၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားသို့ MWCDF အသင်းမှ အတွင်းရေးမှူးနှင့် CEC များ တက်ရောက်ခဲ့ပါသည်။

သာမဏေကျော်လင်္ကာရ စာမေးပွဲကြီးနှင့် စာစောင်သံဃာဆုနှင်းလှူဒါန်းပူဇော်ပွဲတွင် လှူဒါန်းခြင်း

သာမဏေကျော်လင်္ကာရ စာမေးပွဲကြီးနှင့် စာစောင်သံဃာဆုနှင်းလှူဒါန်းပူဇော်ပွဲတွင် လှူဒါန်းခြင်း

(၉.၁၂.၂၀၂၂)နေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓရက္ခိတသာမဏေကျော် အသင်းကြီးက သာသနာ ဗိမာန်တော်ကြီးတွင် ကျင်းပသော သာမဏေကျော်လင်္ကာရ စာမွေးပွဲကြီးနှင့် စာစောင်သံဃာဆုနှင်း လှူဒါန်းပူဇော်ပွဲအတွက် ပဲခူးတိုင်း MWCDF အသင်းမှ အလှူတော်ငွေ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။