MWCDFအသင်း၏ ရှမ်းပြည်နယ်(မြောက်ပိုင်း)အဖွဲ့ဝင်များနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲအခမ်းအနား

(၂၂.၂.၂၀၁၈)နေ့၊ နံနက်(၀၉းဝ၀)နာရီတွင် လားရှိုးမိုတယ်ခန်းမ၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဒု-ပြည်နယ်ထွေ/အုပ်မင်းကြီး၏ဇနီးမှ အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြာရာတွင် “ဒေသလိုအပ်ချက်များကို ဒေသ (MWCDF)အဖွဲ့ဝင်များနှင့်အတူ လက်တွဲဆောင်ရွက်သွားပါမည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကို လက်တွေ့ကျကျ ဆက်လက်ဆောင်ရွက်ပါမည်”ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ဥက္ကဋ္ဌ ဒေါက်တာနန်းကိန်ဖောင်းတစ်မှ အသင်း၏