Myanmar

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)ဒုတိယဥက္ကဋ္ဌမှ နှစ်သစ်မင်္ဂလာဆုမွန်ပြောကြားခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)ဒုတိယဥက္ကဋ္ဌမှ နှစ်သစ်မင်္ဂလာဆုမွန်ပြောကြားခြင်း

၂၈.၁၂.၂၀၁၇ မြဝတီရုပ်မြင်သံကြားရိုက်ကူးရေးအဖွဲ့မှ နှစ်သစ်ဆုမွန်ကောင်းအစီအစဉ် ထုတ်လွှင့်ရန်ရည်ရွယ်၍ ရိုက်ကူးရေးအစီအစဉ်ပြုလုပ်လိုပါသဖြင့် MWCDF အသင်းသို့ လာရောက်တွေ့ဆုံခဲ့ပါသည်။ MWCDF အသင်းဒုတိယဥက္ကဋ္ဌမှ အသင်း၏ကိုယ်စား ၂၀၁၈ခုနှစ်၊ နှစ်သစ်မင်္ဂလာဆုမွန်စကား ပြောကြားပေးခဲ့ပါသည်။ * ဒုတိယဥက္ကဋ္ဌ၏ နှစ်သစ်မင်္ဂလာဆုမွန်လွှာ* အခုဆိုရင် သက္ကရာဇ် ၂၀၁၇ကုန်ဆုံးပြီး ၂၀၁၈နှစ်သစ်ကို ကူးပြောင်းရောက်ရှိတော့မှာပါ။ အခုလာမယ့်၂၀၁၈ခုနှစ်မှာလည်း MWCDFအသင်းရဲ့ နာယကကြီးနှင့်တကွCECများ၊ အသင်းအဖွဲ့ဝင် ညီမများအားလုံးက ပြည့်ဝသောနှလုံးသား၊ မွန်မြတ်သောစေတနာနှင့် စိတ်တူကိုယ်တူမိတ်ဖက် အသင်းအဖွဲ့အစည်းများနဲ့လက်တွဲပြီး အမျိုးသမီးနှင့်ကလေးများ ဘဝဖွံ့ဖြိုးတိုးတက်ဖို့ ယခုထက်ပိုပြီး ကြိုစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်မတို့အသင်းရဲ့ “လုံခြုံလှပဘဝများ အမျိုးသမီးနှင့်ကလေးတိုင်းရစေသား” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ အမျိုးသမီးနှင့်ကလေးများအတွက်

သံလျင်၊ ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

သံလျင်၊ ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၉.၁၂.၂၀၁၇)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌနှင့်CECများသည် သံလျင်မြို့နယ်၊ ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်၍ သီလရှင်စာသင်သားများအတွက် ပညာရေး ကျန်းမာရေးအတွက်သုံးစွဲရန် MWCDFအသင်းမှ ငွေကျပ်(၁၅)သိန်း၊ သီလရှင်ဝတ်စုံ၊ ခေါက်ဆွဲခြောက်၊ ကျောင်းဝတ်စုံများ၊ အစားအသောက်ခြင်းနှင့် နိုင်ငံခြားသို့ပညာတော်သင် သွားရောက်မည့် ဆရာလေး(၄)ပါးအတွက် US$-(၃၀၀)အား လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် အာဟာရကျွေးမွေးလှူဒါန်းမှု

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် အာဟာရကျွေးမွေးလှူဒါန်းမှု

(၁၄.၁၂.၂၀၁၇)နေ့တွင် MWCDFအသင်းမှ အတွင်းရေးမှူး၊ CECနှင့်အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့သွားရောက်၍ အသစ်ပြောင်းရွှေ့ရောက်ရှိလာသော ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လင်း၏ ဖိတ်ကြားချက်အရ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အတွင်းရေးမှူးနှင့်CECအဖွဲ့ဝင်တို့သည် အသင်းစတင်တည်ထောင်ခဲ့သော ၂၀၁၃ခုနှစ်၊ မေလ(၁၄)ရက်နေ့သည် အသင်းမွေးနေ့ဖြစ်သည့်အတွက် ဒီဇင်ဘာ(၁၄)ရက်နေ့ အသင်းတည်ထောင်ခဲ့သည့်ရက်အထိမ်းအမှတ်အနေဖြင့် ဆေးရုံတွင် တက်ရောက်ကုသနေသောလူနာများအား နံနက်စာ-ကိတ်ခြောက်မုန့်၊ နေ့လည်စာ-ထမင်း၊ ကြက်သားကြော်၊ ခရမ်းချဉ်သီးငါးပိချက်၊ ပဲနီလေးဟင်းချိုတို့ဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

မသိမ်ကျေးရွာရှိ မအိဖြူဝင်းအား ကျန်းမာရေးစောင့်ရှောက်မှု အလှူငွေလှူဒါန်းခြင်း

မသိမ်ကျေးရွာရှိ မအိဖြူဝင်းအား ကျန်းမာရေးစောင့်ရှောက်မှု အလှူငွေလှူဒါန်းခြင်း

MWCDFအသင်းမှ ရုံးအဖွဲ့မှူးနှင့်အဖွဲ့သည် (၁၃.၁၂.၂၀၁၇)နေ့၊ နေ့လည်(၁၂းဝ၅)နာရီတွင် ဥတ္တရသီရိမြို့နယ်၊ မသိမ်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာရာအိမ်မှူး ဦးမြင့်ဇော်ထွေး၊ မူလတန်းကျောင်းအုပ် ဦးမြင့်ထွန်းတို့နှင့်အတူ KG တန်းတက်ရောက်နေစဉ် မတော်တဆမျက်လုံးအား ခဲတံနှင့်ထိုးမိ၍ မျက်လုံးကွယ်ခဲ့ရသော မအိဖြူဝင်းအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အလှူငွေ- (၅၀,၀၀၀)ကျပ် ထည့်ဝင်လှူဒါန်း၍ ၎င်း၏မိဘများအား အားပေးစကားပြောကြားခဲ့ပါသည်။

အ.လ.က(ခွဲ) မအူလေးပင်ကျောင်းရှိ KGတန်းတွင် အခင်းများခင်းကျင်းလှူဒါန်းပေးခြင်း

အ.လ.က(ခွဲ) မအူလေးပင်ကျောင်းရှိ KGတန်းတွင် အခင်းများခင်းကျင်းလှူဒါန်းပေးခြင်း

MWCDFအသင်းမှ ရုံးအဖွဲ့မှူးနှင့်အဖွဲ့သည်(၁၃.၁၂.၂၀၁၇)နေ့၊ နံနက်(၁ဝး၃၀)နာရီတွင် မအူလေးပင်မူလွန်ကျောင်းသို့ ရောက်ရှိပြီး KG တန်းတွင် ပညာသင်ကြားနေသော ကလေးငယ်များအတွက် အခန်းတွင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ပြီး ဖယောင်းပုဆိုးနှင့် ကော်ဇောများခင်းကျင်းပေးလှူခဲ့ပါသည်။

မင်းကုန်း(အ.ထ.က)ကျောင်းသို့ကူညီလှူဒါန်းမှု

မင်းကုန်း(အ.ထ.က)ကျောင်းသို့ကူညီလှူဒါန်းမှု

MWCDFအသင်းမှ ရုံးအဖွဲ့မှူးနှင့်အဖွဲ့သည်(၁၃.၁၂.၂၀၁၇)နေ့၊ နံနက်(၀၉း၁၅)နာရီတွင် မင်းကုန်းကျေးရွာ အထက်တန်းကျောင်းသို့ရောက်ရှိပြီး CECများမှလှူဒါန်းသော Water Cooler(၁)လုံးအား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်လှူဒါန်းပြီး သူနာပြုတက္ကသိုလ်သို့ တက်ရောက်ရန် အခက်အခဲရှိသော မစန်းသဇင်မြင့်အား ပညာရေးကူညီလှူဒါန်းမှု အနေဖြင့် အလှူငွေ-(၅၀,၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။