Myanmar

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား တက်ရောက်ခြင်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား တက်ရောက်ခြင်း

(၂၅.၁၁.၂၀၂၂)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ MWCDF အသင်း ခေတ္တဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ In Person ဖြင့် တက်ရောက်ခဲ့ပြီး တွဲဘက်ဘဏ္ဍာရေးမှူးနှင့် CEC တို့မှ Online ဖြင့် တက်ရောက်ခဲ့ပါသည်။

အခြေခံဝါးလက်မှုသင်တန်း ဖွင့်လှစ်သင်ကြားခြင်း

အခြေခံဝါးလက်မှုသင်တန်း ဖွင့်လှစ်သင်ကြားခြင်း

(၂၃.၁၁.၂၀၂၂ မှ ၂၉.၁၁.၂၀၂၂)ရက်နေ့အထိ မြန်မာနို်ငငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကြီးမှူး၍ ဖွင့်လှစ်သော “ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အခြေခံဝါးလက်မှုသင်တန်း” ကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ ဇဝနနေ့ကလေးထိန်းကျောင်းခန်းမ၌ လယ်ဝေးမြို့နယ်၊ သာယာကုန်းကျေးရွာနှင့် တပ်ကုန်းမြို့နယ်၊ သိကြားဟင်းအိုးကျေးရွာမှ သင်တန်းသူ(၂၀)ဦးအား စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ပါသည်။  

ပညာဇေယျာသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ပညာဇေယျာသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၂.၁၁.၂၀၂၂)နေ့တွင် ပဲခူးတိုင်း MWCDF အသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ရပ်ကွက်ကြီး(၈) ဥဿာမြို့သစ်ရှိ ပညာဇေယျာသီလရှင်စာသင်တိုက်သို့ အလှူငွေနှင့် စားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း တက်ရောက်ခြင်း

သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း တက်ရောက်ခြင်း

(၁၆.၁၁.၂၀၂၂ မှ ၂၂.၁၁.၂၀၂၂)ရက်နေ့အထိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပဲခူးတိုင်း အသေးစား လက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  ဖွင့်လှစ်သော “သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း” သို့ ပဲခူးတိုင်း MWCDF အသင်းမှ အဖွဲ့ဝင်(၂)ဦး တက်ရောက်ခဲ့ပါသည်။

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၂၁.၁၁.၂၀၂၂)နေ့တွင် ပဲခူးတိုင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ပဲခူးမြို့၌ ကျင်းပပြုလုပ်သော (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၂၁.၁၁.၂၀၂၂)နေ့တွင် မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်သော (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ မွန်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။