Myanmar

ပဲခူးသီလရှင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

ပဲခူးသီလရှင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

(၂၄.၁၁.၂၀၁၇)ရက်နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ CECများနှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့ရှိ သဒ္ဓမ္မဂုဏ်ရည် သီလရှင်သင်ပညာရေးကျောင်းတိုက်သို့သွားရောက်၍ သီလရှင်စာသင်သားများအတွက် ဆပ်ပြာမှုန့်များ၊ ဆပ်ပြာမွှေးခဲများ၊ သွားတိုက်ဆေး/သွားတိုက်တံများ၊ လက်သဲညှပ်၊ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ လုံချည်များ၊ ဖျာ စသည်တို့အား ကျောင်းထိုင်သီလရှင်ဆရာကြီးများထံ ပေးအပ်လှူဒါန်းခဲ့ပြီး သီလရှင်စာသင်သားကလေးများအား ဆွမ်း၊ ရွှေရင်အေး၊ မုန့်များအား ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ရုံးသစ်(၅)ထပ်အဆောက်အဦးဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနား

ရုံးသစ်(၅)ထပ်အဆောက်အဦးဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနား

(၂၉.၁၁.၂၀၁၇)ရက်နေ့တွင် နေပြည်တော်၊ MWCDF(ရုံးချုပ်)၌ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း အဆောက်အဦး၏ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်ခြင်း အခမ်းအနားပထမပိုင်းအစီအစဉ်တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ အမှာစကားပြောကြားခြင်းနှင့် ရုံးအဆောက်အဦး ဆောက်လုပ်လှူဒါန်းသော Myanmar First Financial Group Co.,Ltd မှ ဥက္ကဋ္ဌ Mr. Duan Zhengli မှ အမှာစကားပြောကြားပြီးနောက် MWCDFအသင်းမှ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေအပ်ခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်အဖြစ် အဆောက်အဦးဆောက်လုပ်မည့် ပန္နက်တင်မင်္ဂလာနေရာသို့သွားရောက်၍ ပန္နက်ရိုက်ခြင်း၊

MWCDFအသင်းနှင့်MFFG Co.,Ltdတို့ တွေ့ဆုံဆွေးနွေးခြင်း

MWCDFအသင်းနှင့်MFFG Co.,Ltdတို့ တွေ့ဆုံဆွေးနွေးခြင်း

(၁၀.၁၁.၂၀၁၇)နေ့တွင် နေပြည်တော် MWCDFရုံးချုပ် သို့ MFFG Co.,Ltd မှ Mr.Duan Zhengli(Board Chairman)နှင့်အဖွဲ့သည် MWCDF အသင်းပိုင်(ဥ-၈၆) မြေကွက်တွင် အဆောက်အဦး ဆောက်လုပ်မည့် မြေနေရာအားကြည့်ရှုခြင်းနှင့် အသင်းမှဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ CECများနှင့် တွေ့ဆုံကာ ပန္နက်ရိုက်ပွဲ ကျင်းပပြုလုပ်မည့်ကိစ္စနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခြင်း

MWCDFအသင်းနှင့် MFFG Co.,Ltd တို့ တွေ့ဆုံဆွေးနွေးခြင်း

MWCDFအသင်းနှင့် MFFG Co.,Ltd တို့ တွေ့ဆုံဆွေးနွေးခြင်း

(၈.၁၁.၂၀၁၇ မှ ၉.၁၁.၂၀၁၇)နေ့တွင် နေပြည်တော် MWCDF(ရုံးချုပ်)သို့ MFFG Co.,Ltd မှ Mr.Duan Zhengli(Board Chairman)နှင့်အဖွဲ့သည် MWCDF အသင်းပိုင် (ဥ-၈၆)မြေကွက်တွင် အဆောက်အဦး ဆောက်လုပ်လှူဒါန်းမည့် ကိစ္စနှင့်ပတ်သက်၍ အသင်းမှဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ CECများနှင့် လာရောက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

(၂၈)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး

(၂၈)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး

(၈.၁၁.၂၀၁၇) ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း နေပြည်တော်(ရုံးချုပ်)၌ (၂၈)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်(၅)နှင့်သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများညီလာခံ တက်ရောက်ခြင်း

စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်(၅)နှင့်သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများညီလာခံ တက်ရောက်ခြင်း

၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၂၆)ရက်မှ(၂၇)ရက်နေ့ထိ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနှင့် လူမှုဝန်ထမ််း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ကျင်းပပြုလုပ်သော “စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်(၅)နှင့် သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများညီလာခံ” (High Level Conference on Sustainable Development Goals 5 (SDG 5)သို့ အသင်းမှ တွဲဘက်အတွင်းရေးမှူး(၁)နှင့် တွဲဘက်အတွင်းရေးမှူး(၂)တို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။