Myanmar

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ‌ဒေါက်တာကြူကြူအေး နှင့် အလုပ်အမှုဆောင် ဒေါ်အေးအေးဝင်း တို့သည် ၃၁.၁၀.၂၀၂၅ ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းအစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်အတွင်း ကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ဆိုင်းဘုတ်တင်ပွဲအခမ်းအနား

ဆိုင်းဘုတ်တင်ပွဲအခမ်းအနား

ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ တွဲဖက်အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် အသင်းဝင်သစ်များသည် ၂၉.၁၀.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ရုံးခန်းသစ်ဖွင့်လှစ်ခြင်း၊ ရုံးဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ‌ဒေါက်တာကြူကြူအေးသည် ၂၈.၁၀.၂၀၂၅ ရက်နေ့တွင် ရုံးအမှတ် (၂၃)၊ လူမှုဝန်းထမ်း၊ ကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးကို တက်ရောက်‌ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အတွင်းရေးမှူးတို့သည် ၂၇.၁၀.၂၀၂၅ ရက်နေ့တွင် ထားဝယ်မြို့၊ လူမှုဝန်ထမ်းရုံး အိမ်တွင်းမှုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အစည်းအဝေးကိုတက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၃ ဦးတို့သည့် ၂၄.၁၀.၂၀၂၅ ရက်နေ့ မကွေးမြို့၊ စုပေါင်းရုံးခန်း၌ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကျင်းပပြုပ်သော ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်ပြီး ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ကုသနေသော မျက်စိဝေဒနာရှင် ၁၀ ဦးအား ကြက်ဥနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးအေးသင်းနှင့် အဖွဲ့ဝင် ၃ ဦးတို့သည် ၂၄.၁၀.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အမျိုးသမီးရေးရာ (တွဲဖက်)သီလရှင်သင်မူလတန်းကျောင်းသို့ သွားရောက်၍ KG တန်းနှင့် G-5 တန်း အထိ ဆရာလေးများနှင့် ပြင်ပကျောင်းသား/သူ ၄၀ ဦးအတွက် စာရေးကိရိယာများ၊ မုန့်နှင့် တံမြက်စည်းများလှူဒါန်းခဲ့ပြီး အလှူရှင်တစ်ဦးမှလည်း ကျောင်းသားတစ်ဦးလျှင် ၁,၀၀၀/-ကျပ်နှုန်းစီပေးဝေလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၃၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။