Myanmar

သက်ကြီးဘိုးဘွားတွေ့ဆုံကန်တော့ပွဲတွင် ပါဝင်လှူဒါန်းမှု

သက်ကြီးဘိုးဘွားတွေ့ဆုံကန်တော့ပွဲတွင် ပါဝင်လှူဒါန်းမှု

(၁၂.၁၁.၂၀၂၂)နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စက်မှုရပ်ကွက်၊ ဗလမင်းထင်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် သက်ကြီးဘိုးဘွားများ တွေ့ဆုံကန်တော့ပွဲသို့ ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များတက်ရောက်၍ ကျောင်းထိုင်ဆရာတော်အား နေ့ဆွမ်းဆက်ကပ်ခြင်း၊ အဘိုးအဘွား(၂၆)ဦးအား အလှူငွေနှင့် နေ့လည်စာအာဟာရများ လှူဒါန်းခဲ့ပါသည်။

ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး တက်ရောက်ခြင်း

ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး တက်ရောက်ခြင်း

(၁၁.၁၁.၂၀၂၂)နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူမှုဝန်ထမ်းဦးစီးရုံးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီစည်းအဝေးသို့ ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ကထိန်အလှူတော်မင်္ဂလာအတွက် လှူဒါန်းခြင်း

ကထိန်အလှူတော်မင်္ဂလာအတွက် လှူဒါန်းခြင်း

(၇.၁၁.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ရန်ကုန်တိုင်း၊ ပုလဲမြို့သစ်၊ ဆရာတော် အရှင်ဇယန္တဂရုဏာ ပရဟိတမဟာစည်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သော စုပေါင်းမဟာဘုံကထိန်ပွဲ တွင် ကထိန်သင်္ကန်း၊ ဆွမ်းနှင့် ပဒေသာပင် ပါဝင်လှူဒါန်းခဲ့ပါသည်။

ကထိန်အလှူတော်မင်္ဂလာအတွက် လှူဒါန်းခြင်း

ကထိန်အလှူတော်မင်္ဂလာအတွက် လှူဒါန်းခြင်း

(၇.၁၁.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ လားရှိုးမြို့၌ ကျင်းပပြုလုပ်သော မြို့လုံးကျွတ်ကထိန်အလှူတော်မင်္ဂလာအတွက် ပဒေသာပင်တစ်ပင် လှူဒါန်းခဲ့ပါသည်။

အတုလဇေယျဝံသီ သာသနာ့ရိပ်သာကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အတုလဇေယျဝံသီ သာသနာ့ရိပ်သာကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၆.၁၁.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့၊ အထက်မန်အိုင် အတုလဇေယျဝံသီ သာသနာ့ရိပ်သာကျောင်းသို့ သွားရောက်၍ စားသောက်ကုန်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ပါသည်။

သက်စမ်းရေမိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

သက်စမ်းရေမိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၆.၁၁.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့၊ သက်စမ်းရေ မျက်မမြင်ဆရာ ဦးစီးဖွင့်လှစ်သော မိဘမဲ့ကျောင်းသို့ သွားရောက်၍ မိဘမဲ့ကလေးများအတွက် အလှူငွေ၊ စားသောက်ကုန်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ပါသည်။