Myanmar

USDPမှ ဖိတ်ကြားသောဆွေးနွေးပွဲတက်ရောက်ခြင်း

USDPမှ ဖိတ်ကြားသောဆွေးနွေးပွဲတက်ရောက်ခြင်း

(၁၀.၉.၂၀၁၇)နေ့တွင် ရန်ကုန်မြို့၊ သံလွင်လမ်း၊ (၁၃၂-ဘီ)တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ “အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ” သို့ အသင်းမှ ဥက္ကဋ္ဌတက်ရောက်ခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှဖိတ်ကြားသော အစည်းအဝေးတက်ရောက်ခြင်း

လူမှုဝန်ထမ်းဦးစီးဌာနမှဖိတ်ကြားသော အစည်းအဝေးတက်ရောက်ခြင်း

(၁.၉.၂၀၁၇)နေ့တွင် နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့ပူးပေါင်း၍ High Level Conference on Gender Equality(SDG 5)and ensuring basic need for vulnerable group in Myanmar အစည်းအဝေးကျင်းပဆောင်ရွက်နိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးသို့ MWCDFအသင်းမှ အတွင်းရေးမှူး တက်ရောက်ခဲ့ပါသည်။

MWCDFအသင်း၏ (၄)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား

MWCDFအသင်း၏ (၄)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား

၂၅.၈.၂၀၁၇ နေ့တွင် နေပြည်တာ်၊ MWCDF(ရုံးချုပ်)၊ ကုမုဒြာခန်းမ၌အသင်း၏(၄)နှစ်ပြည့် နှစ်ပတ်လည်ဂုဏ်ပြုပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

Role of Women in Sustainable and Peaceful Development Workshop

Role of Women in Sustainable and Peaceful Development Workshop

၂၂.၈.၂၀၁၇ရက်နေ့၊ နေ့လည်(၁၁းဝ၀)နာရီတွင် ရန်ကုန်မြို့၊ International Business Center(I.B.C)၌ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများမှ တက်ရောက်လာသူများနှင့်အတူ “ ငြိမ်းချမ်းလျက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ၏အခန်းကဏ္ဍ” (Role of Women in Sustainable and Peaceful Development) အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အလည်ရွာသို့သွားရောက်လှူဒါန်းခြင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အလည်ရွာသို့သွားရောက်လှူဒါန်းခြင်း

(၃၁.၇.၂၀၁၇)နေ့တွင် မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာရှိ သက်ကြီးရွယ်ဘိုးဘွား(၇၀)ဦးအား အလှူရှင် ဦးဝင်းရှိန်+ဒေါ်စုညွန့်ဦး မိသားစုနှင့် MWCDFအသင်း ဗဟိုအလုပ်အမှုဆောင်များမှ အလှူငွေများ၊ မျက်နှာသုတ်ပုဝါများ၊ တရားစာအုပ်များ၊ သွားတိုက်တံများ၊ ဆပ်ပြာထုပ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအတွက် MWCDFအသင်းမှ ဗလာစာအုပ်များ၊ ၃၈ဖြာမင်္ဂလာစာအုပ်များနှင့် အလှူရှင် ဦးဝင်းရှိန်+ဒေါ်စုညွန့်ဦး မိသားစုမှ ခဲတံများ၊ ခဲဖျက်များ၊ ဘောပင်များ၊ ခဲချွန်စက်များ၊ ပေတံများပေးအပ်လှူဒါန်းခဲ့ပါသည်။