Myanmar

တန်ဖိုးသင့်အာဟာရကျွေးမွေးခြင်း

တန်ဖိုးသင့်အာဟာရကျွေးမွေးခြင်း

MWCDFအသင်း၏တန်ဖိုးသင့်အာဟာရကုသိုလ်ရှင် (၃၁-၇-၁၇)ရက်နေ့ အလှူရှင်- ဦးဝင်းရှိန်+ဒေါ်စုညွန့်ဦး မိသားစု (မွေးနေ့အလှူ) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင်(၁၀၀)ဆံ့ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တက်ရောက် ကုသနေသော အမျိုးသမီးလူနာများနှင့် လူနာစောင့်များ အားလုံးကိုပါ- နံနက်စာ    – ကွေကာအုပ်၊ ကိတ်မုန့် နေ့လည်စာ – ထမင်း၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော် ညနေစာ    – ခေါက်ဆွဲခြောက်ထုပ်၊ ကြက်ဥပြုတ် တို့ဖြင့် အဟာရဒါန လှူဒါန်းခြင်းနှင့် မွေးကင်းစကလေး တစ်ဦးလျှင် အနှီးပိတ်(၂)ထည်စီ ပေးအပ်လှူဒါန်းခဲ့ပါသည်။

တနင်္သာရီတိုင်းတွင်ပျက်ကျခဲ့သော (Y-8)အတွက်အလှူငွေပေးအပ်ခြင်း

တနင်္သာရီတိုင်းတွင်ပျက်ကျခဲ့သော (Y-8)အတွက်အလှူငွေပေးအပ်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ၂၀၁ရခု နှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့၊ (၁၅းဝ၀)နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာနရုံးသို့သွားရောက်၍ သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 (၅၈၂၀)ပျက်ကျမှုတွင်ပါဝင်သော အရာရှိ၊ စစ်သည်မိသားစုများ၊ လေယာဉ်ဝန်ထမ်းများနှင့် ကျန်ရစ်သူမိသားစုများအား ထောက်ပံ့အကူအညီပေးနိုင်ရန်အတွက် အလှူငွေ-(၃၀)သိန်းကျပ်အား အသင်းဥက္ကဋ္ဌနှင့်CECများမှ လာရောက်ပေးအပ်လှူဒါန်းရာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းမှ လက်ခံရယူခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအစည်းအဝေးတက်ရောက်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအစည်းအဝေးတက်ရောက်ခြင်း

၁၄.၇.၂၀၇နေ့တွင် နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာန၌ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ (၁/၂၀၁၇)အစည်းအဝေးသို့ MWCDF အသင်းမှ ဥက္ကဋ္ဌနှင့် CECများ တက်ရောက်ခဲ့ပါသည်။

MMCWAအသင်း၏မိုးရာသီသစ်ပင်စိုက်ပွဲသို့တက်ရောက်ခြင်း

MMCWAအသင်း၏မိုးရာသီသစ်ပင်စိုက်ပွဲသို့တက်ရောက်ခြင်း

(၁၃.၇.၂၀၁၇)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌနှင့် CECများသည် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ကာ အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးခဲ့ကြပါသည်။

တန်ဘိုးသင့်အာဟာရကျွေးမွေးခြင်း

တန်ဘိုးသင့်အာဟာရကျွေးမွေးခြင်း

MWCDFအသင်းမှတန်ဖိုးသင့် အာဟာရကျွေးမွေးခြင်း (၁၃-၇-၁၇)ရက်နေ့ MWCDFအသင်းမှ ဥက္ကဋ္ဌနှင့် CECတို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင် (၁၀၀)ဆံ့ သားဖွားမီးယပ် အထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အမျိုးသမီးလူနာများ တစ်နေ့တာအာဟာရအတွက်- နံနက်စာ     – ကွေကာအုပ် နေ့လည်စာ – ထမင်းဆီဆမ်း၊ ကြက်သားကြော်၊ ဘူးသီးဟင်းချို ညနေစာ     – ကြက်သားဆန်ပြုတ်၊ တို့ဖြင့် အဟာရဒါန ကိုယ်တိုင်ကိုယ်ကျဝေငှ လှူဒါန်းပေးခဲ့ပါသည်။

MWAFမှဖိတ်ကြားသော အခမ်းအနားတက်ရောက်ခြင်း

MWAFမှဖိတ်ကြားသော အခမ်းအနားတက်ရောက်ခြင်း

၂၀၁ရခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့သည် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သော “ (၁၄)ကြိမ်မြောက်ထူးချွန်အမျိုးသမီးများဂုဏ်ပြုချီးမြှင့်ပွဲ” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။