Myanmar

မွေးလူနာမိခင်နှင့်ကလေးအား ထောက်ပံ့ခြင်း

မွေးလူနာမိခင်နှင့်ကလေးအား ထောက်ပံ့ခြင်း

(၇.၁၀.၂၀၂၂)နေ့တွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် မကွေးမြို့၊ ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက်မီးဖွားနေသော အခက်အခဲဖြစ်နေသည့် မွေးလူနာမိခင်အတွက် လိုအပ်သော အဝတ်အထည်၊ ကလေးအတွက် အနှီးပိတ်စ၊ အင်္ကျီနှင့် အလှူငွေများ သွားရောက်ထောက်ပံ့ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၁.၁၀.၂၀၂၂)နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်၍ အသက်(၉၀)နှင့်အထက် ဘိုးဘွား(၆၇)ဦးအား အလှူငွေများ ကန်တော့ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၁.၁၀.၂၀၂၂)နေ့တွင် မကွေးတိုင်း၊ မကွေးမြို့၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားသို့ မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်၍ သက်ကြီး အဘိုးအဘွား(၇၂)ဦးအား အလှူငွေနှင့် အသုံးအဆောင်ပစ္စည်းများ ကန်တော့ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၁.၁၀.၂၀၂၂)နေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပဲခူးတိုင်း MWCDF အဖွဲ့ဝင်များ တက်ရောက်၍ သက်ကြီးအဘိုးအဘွားများအား ကန်တော့ပြီး အားပေးစကားများ ပြောကြားခဲ့ပါသည်။

ဥတ္တရသီရိ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဥတ္တရသီရိ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၃၀.၉.၂၀၂၂)နေ့တွင် MWCDF အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်၍ ကျောင်းရှိ ဆရာ/မများနှင့် ကျောင်းသား/သူများအတွက် စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၂၃.၉.၂၀၂၂)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့သည် ဘားအံမြို့၊ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူနေသော ကျောက်ကပ်ဝေဒနာရှင်များ၊ ရောဂါကြီးခံစားနေရသော ဝေဒနာရှင်များ၊ ART သောက်နေရသောကလေးငယ်နှင့် ဆေးကုသပေးနေသော ဆရာမများအား အလှူငွေများ သွားရောက်လှူဒါန်းခဲ့ပါသည်။