အသင်း၏(၄)နှစ်ပြည်နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေး

၃.၇.၂၀၁ရနေ့တွင် MWCDFအသင်း ရုံးချုပ်၊ နေပြည်တော်တွင် အသင်း၏(၄)နှစ်ပြည့် နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း
Myanmar Women and Children Development Foundation
၃.၇.၂၀၁ရနေ့တွင် MWCDFအသင်း ရုံးချုပ်၊ နေပြည်တော်တွင် အသင်း၏(၄)နှစ်ပြည့် နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း
MWCDFအသင်း၏ တန်ဖိုးသင့်အာဟာရကုသိုလ်ရှင် (၃-၇-၁၇)ရက်နေ့ အလှူရှင် ဦးစန်းမြင့်ဦး(MD-ကုန်းလမ်းပို့ဆောင်ရေး)+ဒေါ်ခင်မြဝင်း သားDr.ကောင်းမြတ် မိသားစု(မွေးနေ့အလှူ) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင်(၁၀၀)ဆံ့ သားဖွားမီးယပ် အထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အမျိုးသမီးလူနာများအား- နံနက်စာ – ကွေကာအုပ် နေ့လည်စာ – ထမင်း၊ ကြက်သားကြော်၊ ကြာဇံဗုံလုံသီးဟင်းချို ညနေစာ – ကြက်သားဆန်ပြုတ် တို့ဖြင့် အဟာရဒါနလှူဒါန်းခဲ့ပါသည်။
(၁.၇.၂၀၁၇)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့သည် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်(MWAF)၏ (၁၄)ကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ကာ အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးခဲ့ကြပါသည်။
၂၆.၆.၂၀၁၇နေ့ ရန်ကုန်ရှိ MWCDF အသင်းရုံးခန်းတွင် Word Education Foundation မှ Ms.Astrid Brakstad သည် ဒေသဖွံဖြိုးရေးဆိုင်ရာ စီမံကိန်းရေးလုပ်ငန်းစဉ်များရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့် အခြေခံလိုအပ်ချက်များအား MWCDF အသင်းရှိ လူငယ်များနှင့်တွေ့ဆုံဆွေးနွေးကြစဉ်။
၂၇.၆.၂၀၁ရနေ့ MWCDFအသင်း ရန်ကုန်ရုံးတွင် အသင်းမှဥက္ကဋ္ဌနှင့်CECများသည် ကိုရီးယားပညာရေးအဖွဲ့နှင့် ပညာရေးဆိုင်ရာ ဆွေးနွေးခြင်း။
MWCDFအသင်း၏ တန်ဖိုးသင့် အာဟာရကုသိုလ်ရှင် (၁၆-၆-၁၇)ရက်နေ့ အလှူ၊ စုစုပေါင်း လူနာ(၈၀)ဦး အတွက် အလှူရှင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးနိုင်လွင်ဦးအားရည်စူး၍ ဒေါ်နီလာအေး မိသားစုမှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ကုတင်(၁၀၀)ဆံ့ သားဖွားမီးယပ် အထူးကုဆေးရုံကြီးတွင်- နံနက်စာ – ကွေကာအုပ် နေ့လည်စာ – ထမင်း၊ ငါးကြော်နှပ်၊ သီးစုံဟင်းချို ညနေစာ – ကြက်သားဆန်ပြုတ် တို့ဖြင့် အလှူရှင်များကိုယ်တိုင် အဟာရဒါန လှူဒါန်းခဲ့ပါသည်။