Myanmar

ကြက်ခြေနီသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်း

ကြက်ခြေနီသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်း

(၂၉.၈.၂၀၂၂)နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အ.ထ.က(၄)ကျောင်း၌ ကျင်းပပြုလုပ်သော ကြက်ခြေနီသင်တန်းဆင်းပွဲ အခမ်းအနားသို့ ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များမှ တက်ရောက်၍ ဆုများချီးမြှင့်ပေးခြင်းနှင့် သင်တန်းသူများအား အသင်းဗလာစာအုပ်များ လှူဒါန်းခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၂၄.၈.၂၀၂၂)နေ့တွင် မြစ်ကြီးနားမြို့၊  ကချင်ပြည်နယ် လူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်သော အဆိုးရွား ဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အစည်းအဝေးသို့ ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတက်ရောက်ဆွေးနွေးခြင်း

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတက်ရောက်ဆွေးနွေးခြင်း

(၂၂.၈.၂၀၂၂)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၂)သို့ MWCDF အသင်းမှ ခေတ္တဥက္ကဌ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ဥတ္တရာရုံသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဥတ္တရာရုံသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၂.၈.၂၀၂၂)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့၊ ဥတ္တရာရုံသီလရှင်ကျောင်းသို့ အလှူငွေ၊ ဆန်၊ ဆီ၊ ဗလာစာအုပ်နှင့် ဖိနပ်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

သံဃာတော်များအား လှူဒါန်းခြင်း

သံဃာတော်များအား လှူဒါန်းခြင်း

(၂၀.၈.၂၀၂၂)နေ့၊ မဏ္ဍိုင်ဆရာတော်ဘုရားကြီး သက်တော်(၈၁)မွေးနေ့အလှူတွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များမှ သံဃာတော်အပါး-(၂၀၀)အား ဝတ္ထုငွေ၊ ဆွမ်းနှင့် အသင်းဗလာစာအုပ်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၆.၈.၂၀၂၂)နေ့တွင် MWCDF အသင်းမှ  တွဲဘက်ဘဏ္ဍာရေးမှူးနှင့် CEC တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ ကန်စွန်းရွက်ချဉ်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။