Myanmar

တန်ဘိုးသင့်အာဟာရကျွေးမွေးရေးအားသွားရောက်ညှိနှိုင်းခြင်း

တန်ဘိုးသင့်အာဟာရကျွေးမွေးရေးအားသွားရောက်ညှိနှိုင်းခြင်း

၁၀.၆.၂၀၁ရနေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CECများ သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင်(၁၀၀)ဆံ့ သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီးသို့ သွားရောက်၍ဆေးရုံတွင် တက်ရောက်ကုသနေသော သားဖွားမိခင်များအား တစ်နေ့လျှင် အာဟာရ(၃)ကြိမ်ကျွေးမွေးရန် ကုန်ကျငွေ(၁)သိန်းကျပ်နှုန်းဖြင့် (၅)ရက်စာ အလှူငွေ(၅)သိန်းကျပ် အား လှူဒါန်းခြင်း နှင့်အာဟာရ ချက်ပြုတ်ပြင်ဆင်ကျွေးမွေးရာတွင် လိုအပ်သောမီးဖိုချောင်သုံးပစ္စည်းများအား ဒု-ဆေးရုံ အုပ်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

MMCWAနှစ်ပတ်လည်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခြင်း

MMCWAနှစ်ပတ်လည်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခြင်း

၁.၆.၂၀၁ရနေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်CECများသည် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းပွဲနှင့် နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

MMCWA သို့အလှူငွေပေးအပ်ပွဲအခမ်းအနား

MMCWA သို့အလှူငွေပေးအပ်ပွဲအခမ်းအနား

၂၉.၅.၂၀၁၇နေ့တွင် MWCDFအသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးသည် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၂၇)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အလှူငွေ(၁၀)သိန်းကျပ်ပေးအပ် လှူဒါန်းခဲ့ပါသည်။

မေတ္တာစမ်းရေဆေးခန်းရှိကိုယ်ဝန်ဆောင်မိခင်များအားလှူဒါန်းခြင်း

မေတ္တာစမ်းရေဆေးခန်းရှိကိုယ်ဝန်ဆောင်မိခင်များအားလှူဒါန်းခြင်း

၂၄.၅.၂၀၁၇နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CEC များသည် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မေတ္တာစမ်းရေဆေးခန်းသို့သွားရောက်၍ ကိုယ်ဝန်ဆောင်မိခင်(၇၀)ဦးအား အာဟာရဖြည့်စွက် အစားအစာများ၊ ကလေးအနှီးပိတ်စများ ပေးအပ်လှူဒါန်းခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား အားပေးစကားများပြောကြားခဲ့ပါသည်။

အခမဲ့ဆေးခန်းဆောက်လုပ်ဖွင့်လှစ်နိုင်ရန်အလှူငွေပေးအပ်ခြင်း

အခမဲ့ဆေးခန်းဆောက်လုပ်ဖွင့်လှစ်နိုင်ရန်အလှူငွေပေးအပ်ခြင်း

၂၄.၅.၂၀၁၇ နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌနှင့် CEC များသည် နေပြည်တော် ဥတ္တရသီရိမြို့နယ် မင်းကုန်းအုပ်စု သဲကျွန်းကျေးရွာ ရတနာစံပြကျောင်းတိုက်သို့သွားရောက်၍ သဲကျွန်းကျေးရွာနှင့် အနှီးအနားကျေးရွာများရှိ ဒေသခံပြည်သူများနှင့်ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး အခမဲ့ဆေးခန်းဆောက်လုပ်ဖွင့်လှစ်နိုင်ရန်အတွက် MWCDFအသင်းမှ အလှူငွေ(၃၂၅၃၉၉၀)ကျပ် အားကျောင်းထိုင်ဆရာတော်ထံပေးအပ်လှူဒါန်းခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ

(၂၁.၅.၂၀၁၇)ရက်နေ့တွင် နေပြည်တော် MWCDFရုံးချုပ်၊ ကုမုဒြာခန်းမတွင် တတိယအကြိမ်မြောက် ဖွင့်လှစ်သည့် နွေရာသီအင်္ဂလိပ်စာ (Intermediate Level) သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။