Myanmar

တိုင်းအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း တက်ရောက်ခြင်း

တိုင်းအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း တက်ရောက်ခြင်း

(၁၆.၈.၂၀၂၂)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆို်ငရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပဲခူးမြို့၌ ကျင်းပပြုလုပ်သော တိုင်းအဆင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC)အမှတ်စဉ် (၁/၂၀၂၂)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌ တက်ရောက်ခဲ့ပြီး ၎င်းသင်တန်းသို့ တိုင်းအသင်း ကိုယ်စားပြု အဖွဲ့ဝင်(၂)ဦးမှ သင်တန်းသူအနေဖြင့် တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၁၆.၈.၂၀၂၂)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး နှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးသို့ MWCDF အသင်း အတွင်းရေးမှူးမှ Zoom Online ဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

(၅.၈.၂၀၂၂)နေ့တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် လူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးသို့ ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌ တက်ရောက်ခဲ့ပါသည်။

ချင်းရွာ အ.မ.က(၃)ကျောင်းသို့ လှူဒါန်းခြင်း

ချင်းရွာ အ.မ.က(၃)ကျောင်းသို့ လှူဒါန်းခြင်း

(၃.၈.၂၀၂၂)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ အ.မ.က(၃)ကျောင်းရှိ ဆရာ/မ(၇)ဦး အတွက် ကျောင်းဝတ်စုံ၊ ဆန်၊ ဆီနှင့် ကျောင်းသား/သူ(၁၄၉)ဦးအတွက် ကျောင်းသုံးစာရေးကိရိယာများ အား အလှူရှင် ဒုဥက္ကဌမိသားစုမှ ပေးအပ်လှူဒါန်းခဲ့ပါသည်။

MWCDF အသင်း၏ (၉)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနား (Online Zoom Meeting)

MWCDF အသင်း၏ (၉)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနား (Online Zoom Meeting)

(၃.၈.၂၀၂၂)နေ့တွင် နေပြည်တော် MWCDF(ရုံးချုပ်)၌ အသင်း၏(၉)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား (Online Zoom Meeting)အား MWCDF (ဗဟို) ဥက္ကဌ၊ ခေတ္တဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်း MWCDF အသင်းများမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

(၁.၈.၂၀၂၂)နေ့တွင် နေပြည်တော် MWCDF (ရုံးချုပ်)၌ သံဃာတော်များ ပင့်ဖိတ်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။