Myanmar

ဘုမ္မော်ရပ်ကွက် အ.မ.က မူလွန်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဘုမ္မော်ရပ်ကွက် အ.မ.က မူလွန်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၂.၇.၂၀၂၂)နေ့တွင် တနင်္သာရီတိုင်း MWCDF အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ အ.မ.က(မူလွန်)ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူကလေးများအား ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်း၊ ပညာ၏ မြင့်မြတ်မှု၊ အဖိုးတန်မှုများနှင့် အားပေးစကားများ ပြောကြားခဲ့ပါသည်။

အခက်အခဲဖြစ်နေသော အမျိုးသမီးအား ကူညီထောက်ပံ့ခြင်း

အခက်အခဲဖြစ်နေသော အမျိုးသမီးအား ကူညီထောက်ပံ့ခြင်း

(၂၉.၇.၂၀၂၂)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မိဘနှင့်ခင်ပွန်း ဖြစ်သူမှ စွန့်ပစ်ခံရပြီး ကလေးမီးဖွားနေသည့် အမျိုးသမီးများ အလှူငွေနှင့် လိုအပ်သော အဝတ်အထည်၊ ခြင်ထောင်များ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

ပုသိမ်မြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

ပုသိမ်မြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

(၂၅.၇.၂၀၂၂)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အဘိုးအဘွား(၄၆)ဦးအား တစ်နေ့တာအာဟာရ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်း သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်း

အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်း သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်း

(၂၂.၇.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း၊ ရန်ကုန်မြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်း သင်တန်းဆင်းပွဲသို့ ရန်ကုန်တိုင်း MWCDF အသင်းမှ တက်ရောက်၍ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

(၄၆)ကြိမ်မြောက် CEC အစည်းအဝေး

(၄၆)ကြိမ်မြောက် CEC အစည်းအဝေး

(၂၁.၇.၂၀၂၂)နေ့တွင် နေပြည်တော်၊ MWCDF (ရုံးချုပ်)၌ (၄၆)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ခြင်း

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ခြင်း

(၁၈.၇.၂၀၂၂)နေ့တွင် အေမြန်မာလူမှုကူညီရေး အဖွဲ့မှ ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ထိလွယ်ရှလွယ် ရောဂါရလွယ်သော လိင်လုပ်သား အမျိုးသမီးလေးများနှင့် မိန်းမလျာလေးများအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းနှင့် ကူညီဆောင်ရွက်ပေးလျက်ရှိသော အဖွဲ့နှင့်အတူတူ အမျိုးသမီးများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝရရှိစေရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ပဲခူးတိုင်း MWCDF အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။