Myanmar

ကျောင်းသား/သူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း

ကျောင်းသား/သူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း

(၁၆.၇.၂၀၂၂)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ အ.ထ.က(၄)ကျောင်း၌ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း အဖွဲ့ဝင်လျှောက်လွှာများ လက်ခံရယူခြင်း အခမ်းအနား

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း အဖွဲ့ဝင်လျှောက်လွှာများ လက်ခံရယူခြင်း အခမ်းအနား

(၁၅.၇.၂၀၂၂)နေ့တွင် နေပြည်တော် MWCDF (ရုံးချုပ်)မှ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ (SSSCCI) ခန်းမ၌ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း၏ အဖွဲ့ဝင်သစ် လျှောက်လွှာများ လက်ခံရယူခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

တောင်ကြီးမြို့၊ YGW ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက် လှူဒါန်းခြင်း

တောင်ကြီးမြို့၊ YGW ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက် လှူဒါန်းခြင်း

(၁၄.၇.၂၀၂၂)နေ့တွင် MWCDF(ရုံးချုပ်)မှ ခေတ္တဥက္ကဌနှင့် CEC အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ YGW ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက်၍ ဝတ္ထုငွေ၊ သင်္ကန်း၊ ကျောင်းသုံးစာရေးကိရိယာများ၊ အခြေခံ စားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အမွှာညီမကျောင်းသူ(၂)ဦးအား ချီးမြှင့်ခြင်း

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အမွှာညီမကျောင်းသူ(၂)ဦးအား ချီးမြှင့်ခြင်း

(၁၅.၇.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ပညာသင်စရိတ်ထောက်ပံ့ပေးထားသော သုံးခွ မြို့နယ်၊ ရဲနွဲ့ကျေးရွာမှ အမွှာကျောင်းသူ(၂)ဦးသည် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်စွာ အောင်မြင်ခဲ့သည့် အတွက် တစ်ဦးလျှင် (၁)သိန်းကျပ်နှုန်းဖြင့် ထောက်ပံ့ငွေနှင့် ဝမ်းဆက်တစ်စုံစီ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

သပြေကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

သပြေကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၇.၂၀၂၂)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ သပြေကုန်း ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား(၂၇)ဦးအား ဆေးဝါး၊ မုန့်နှင့် မနက်စာ-ထမင်း+ဟင်းများ သွားရောက် လှူဒါန်းကျွေးမွေးပြီး အားပေးစကား ပြောကြားခဲ့ပါသည်။

တိုက်ပွဲရှောင်မိသားစုများအား သွားရောက်လှူဒါန်းခြင်း

တိုက်ပွဲရှောင်မိသားစုများအား သွားရောက်လှူဒါန်းခြင်း

(၉.၇.၂၀၂၂)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ငွေပျော်ကျေးရွာ၊ တိုက်ပွဲရှောင်မိသားစုများအတွက် အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။