Myanmar

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ အသင်းဖွဲ့ဝင်အသစ်များ လက်ခံကြိုဆိုခြင်း အခမ်းအနား ပြုလုပ်ခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ အသင်းဖွဲ့ဝင်အသစ်များ လက်ခံကြိုဆိုခြင်း အခမ်းအနား ပြုလုပ်ခြင်း

(၃.၇.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ပရဟိတမောင်မယ်များ(၁၂၅)ဦးအား အသင်းဝင်အဖြစ် လက်ခံကြိုဆိုခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၂)နေ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ MWCDF အသင်း ခေတ္တဥက္ကဌမှ In Person တက်ရောက်ခဲ့ပြီး တွဲဘက်ဘဏ္ဍာရေးမှူးနှင့် CEC တို့မှ Online ဖြင့် တက်ရောက်ခဲ့ပါသည်။

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

(၂.၇.၂၀၂၂)နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ မြန်မာအမျိုးသမီးများ နေ့အထိမ်းအမှတ် အခမ်းအနားသို့ ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

လွယ်ကောင်းကျေးရွာ ပညာဥယျာဉ်(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောဆွေးနွေးခြင်း

လွယ်ကောင်းကျေးရွာ ပညာဥယျာဉ်(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောဆွေးနွေးခြင်း

(၂.၇.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြန်မာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် လွယ်ကောင်းကျေးရွာ၊ ပညာဥယျာဉ်(ဘ.က)ကျောင်းရှိ ကျောင်းသား/သူကလေးများအား ကျန်းမာရေးအသိပညာဖြင့် Healt Education ပေးခြင်း၊ မိမိကိုယ်ကို ကာကွယ်နိုင်သည့်နည်းလမ်းများ ပြောကြားအသိပညာပေးခြင်း၊ ဗလာစာအုပ်နှင့် မုန့်များ လှူဒါန်းပေးခြင်း၊ ကလေးများနှင့်ကျောင်းရှိသံဃာများအတွက် ဆေးဝါးများ လှူဒါန်းခြင်း၊ ဗီနိုင်းဖြင့် အသိပညာပေးပြီး အပြန်အလှန်မေးခွန်းများ မေးမြန်းကာ ဆုချပေးခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လက်သဲညှပ်ခြင်းများအား စုပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။

တောင်ကြီးမြို့၊ အ.မ.က(၅)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

တောင်ကြီးမြို့၊ အ.မ.က(၅)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁.၇.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ အ.မ.က(၅)ကျောင်းရှိ ကျောင်းသား/သူကလေးများအား ကျောင်းသုံးစာရေးကိရိယာ များ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထို့ပြင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအနေနှင့် အမျိုးသမီးနှင့်ကလေးများအပေါ်အကြမ်းဖက်မှုကို ကာကွယ်သောအားဖြင့် သက်ငယ်မုဒိမ်းကင်းစင်ရေး အားလုံးပူးပေါင်းပါဝင်ပေး ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင်များပေးအပ်၍ အသိပညာပေး ဟောပြော ဆွေနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

Covid-19 ကာကွယ်ဆေးထိုးပေးရာတွင် ပူးပေါင်းပါဝင်ခြင်း

Covid-19 ကာကွယ်ဆေးထိုးပေးရာတွင် ပူးပေါင်းပါဝင်ခြင်း

(၇.၆.၂၀၂၂)နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မကွေးမြို့၊ အ.လ.က အောင်စေတနာကျောင်းရှိ ကျောင်းသား/သူများအား ကျန်းမာရေးဌာနမှ Covid-19 ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။