Myanmar

ကလေးပြုစုရေးဌာနမှ မိဘမဲ့ကလေးများအား လှူဒါန်းခြင်း

ကလေးပြုစုရေးဌာနမှ မိဘမဲ့ကလေးများအား လှူဒါန်းခြင်း

(၈.၅.၂၀၂၂)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ကလေးပြုစုရေးဌာနမှ မိဘမဲ့ကလေးများအား နေ့လည်စာ- ထမင်း၊ ကြက်သား/ဝက်သားဟင်း၊ သီးစုံဟင်း၊ ငါးပိ+တို့စရာ၊ ငှက်ပျောသီးတို့ကို အဖွဲ့ဝင်များမှ ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးခြင်း၊ ပုသိမ်နှင့်လပွတ္တာမြို့ ကလေးပြုစုရေးဌာနသို့ အားသွင်းမီးသီး(၁၀)လုံးနှင့် အားသွင်းခေါင်းများ၊ သွားတိုက်ဆေးနှင့်သွားတိုက်တံ(၃)ဒါဇင်စီ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Orientation and Mobility Training (ပတ်ဝန်းကျင်ကိုလေ့လာခြင်းနှင့် သွားလာလှုပ်ရှားမှုဆိုင်ရာ သင်တန်းတွင် ပါဝင်ကူညီလှူဒါန်းခြင်း

Orientation and Mobility Training (ပတ်ဝန်းကျင်ကိုလေ့လာခြင်းနှင့် သွားလာလှုပ်ရှားမှုဆိုင်ရာ သင်တန်းတွင် ပါဝင်ကူညီလှူဒါန်းခြင်း

မြန်မာနိုင်ငံမျက်မမြင်အသင်း(ရန်ကုန်)မှ မကွေးတိုင်းအတွင်းရှိ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ မြို့သစ်၊ နတ်မောက်မြို့နယ်များရှိ မျက်မမြင်(၁၇)ဦး၊ မျက်မမြင်အကူ(၁၂)ဦးအား မကွေးမြို့၊ အဝေရာသုခကျောင်းတိုက်၌ (၄.၅.၂၀၂၂ မှ ၇.၅.၂၀၂၂) ရက်နေ့အထိ (၄)ရက်တိုင်တိုင် လာရောက်သင်ကြားပို့ချသော “Orientation and Mobility (O&M) Training” (ပတ်ဝန်းကျင်ကိုလေ့လာခြင်းနှင့် သွားလာလှုပ်ရှားမှုဆိုင်ရာသင်တန်း)တွင် မကွေးတိုင်း MWCDF အသင်းဥက္ကဌမှ မျက်မမြင်အကူအဖြစ် ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ အဖွဲ့ဝင်အသင်းသူများမှ သင်တန်းတတိယနေ့၊ နေ့လည်ပိုင်းတွင် ပါဝင်ကြပြီး နေ့လည်စာ အချိုရည်၊ မုန့်၊ ရေသန့်ဘူးများ ဝေငှလှူဒါန်းပေးခဲ့ပါသည်။ 

အလင်းစစ်လူငယ်ဖွံ့ဖြိုးရေးကျောင်း အပ်ချုပ်သင်တန်းတွင် ကူညီပံ့ပိုးခြင်း

အလင်းစစ်လူငယ်ဖွံ့ဖြိုးရေးကျောင်း အပ်ချုပ်သင်တန်းတွင် ကူညီပံ့ပိုးခြင်း

(၅.၅.၂၀၂၂)ရက်နေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အလင်းစစ်လူငယ်ဖွံ့ဖြိုးရေးပရဟိတ ကျောင်းရှိ အမျိုးသမီးငယ်ရွယ်လေးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ ဖွင့်လှစ်ပေးသည့် အပ်ချုပ်သင်တန်းတွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များမှ သင်ထောက်ကူစက္ကူများ၊ ပိတ်စများ သွားရောက်ကူညီပံ့ပိုးပေးခဲ့ပါသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးရာတွင် ပူးပေါင်းပါဝင်ခြင်း

ကိုဗစ်ကာကွယ်ဆေးထိုးပေးရာတွင် ပူးပေါင်းပါဝင်ခြင်း

(၂၈.၄.၂၀၂၂)နေ့တွင် မွန်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ ပြည်နယ်သူ့ကျန်းမာရေးရုံး၌ ကိုဗစ်ကာကွယ်ဆေးထိုးပေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ပုသိမ်မြို့ နေ့ကလေးထိန်းကျောင်းသို့ အလှူငွေလှူဒါန်းခြင်း

ပုသိမ်မြို့ နေ့ကလေးထိန်းကျောင်းသို့ အလှူငွေလှူဒါန်းခြင်း

(၂၁.၄.၂၀၂၂)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ နေ့ကလေးထိန်းကျောင်းသို့ အလှူငွေ-(၃၀,၀၀၀)ကျပ် သွားရောက်လှူဒါန်းခဲ့ပါသည်။

ဧရာဝတီတိုင်း MWCDF အသင်းမှ မေတ္တာကမ္ဘာပျိုးထောင်ရာ သင်တန်းဖွင့်လှစ်ခြင်း

ဧရာဝတီတိုင်း MWCDF အသင်းမှ မေတ္တာကမ္ဘာပျိုးထောင်ရာ သင်တန်းဖွင့်လှစ်ခြင်း

(၁၉.၄.၂၀၂၂)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ “မေတ္တာကမ္ဘာပျိုးထောင်ရာ” ကလေးနှင့်မိသားစုများ၏ ဆက်ဆံရေးပညာပေးလုပ်ငန်းစီမံချက်သင်တန်းကို သင်တန်းသူ(၂၀)ဦးနှင့် ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးမှ အမှာစကားပြောကြားခဲ့ပြီး တိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့သည် သင်တန်းအား စာတွေ့/လက်တွေ့ ဆွေးနွေးပို့ချခဲ့ပါသည်။