Myanmar

ဇေယျသိဒ္ဓိရွှေတောင်ဦးပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဇေယျသိဒ္ဓိရွှေတောင်ဦးပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၀.၄.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဇေယျသိဒ္ဓိ ရွှေတောင်ဦးပရဟိတကျောင်းသို့ သွားရောက်၍ နဝကမ္မအလှူတော် ငွေနှင့် ဆန်၊ ဆီ၊ ဆိုလာမီးတိုင်များ လှူဒါန်းခဲ့ပါသည်။

မကွေးတိုင်း MWCDF မှ Gender, CEDAW, NSPAW, UNSCR-1325 အကြောင်း ဆွေးနွေးဟောပြောခြင်း

မကွေးတိုင်း MWCDF မှ Gender, CEDAW, NSPAW, UNSCR-1325 အကြောင်း ဆွေးနွေးဟောပြောခြင်း

(၂.၄.၂၀၂၂)နေ့တွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ မီလီမကွေးနယ်ရုံးခွဲ၏ အဖွဲ့ဝင်များတွေ့ဆုံခြင်းနှင့် လက်မှုပညာ ခေါင်းစီးကြိုး ပြုလုပ်နည်းသင်တန်းပို့ချခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး Gender, CEDAW, NSPAW, UNSCR-1325 အကြောင်း သိသင့်သောအချက်များ အကျဉ်းချုပ်ကို မသန်စွမ်းအသင်းသူ/သားများအား ဆွေးနွေးဟောပြောခဲ့ပါသည်။  

(၄၄)ကြိမ်မြောက် CEC Meeting

(၄၄)ကြိမ်မြောက် CEC Meeting

(၂၈.၃.၂၀၂၂)နေ့၊ နေပြည်တော်၊ MWCDF (ရုံးချုပ်)တွင် အသင်း၏(၄၄)ကြိမ်မြောက် ဗဟိုအလုပ် အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၅.၃.၂၀၂၂)နေ့တွင် MWCDF အသင်းမှ ခေတ္တဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်၍ ဝတ္ထုငွေ၊ လှူဖွယ်ခြင်း၊ ဗလာစာအုပ်၊ Mask, မုန့်၊ ဆပ်ပြာ၊ သွားတိုက်ဆေးနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။

YGW ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

YGW ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၅.၃.၂၀၂၂)နေ့တွင် MWCDF အသင်းမှ ခေတ္တဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ YGW ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့သွားရောက်၍ ဝတ္ထုငွေ၊ သင်္ကန်း၊ လှူဖွယ်ခြင်း၊ ဗလာစာအုပ်၊ Mask, မုန့်၊ ဆပ်ပြာ၊ သွားတိုက်ဆေးနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေး(၁/၂၀၂၂)တက်ရောက်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေး(၁/၂၀၂၂)တက်ရောက်ခြင်း

(၂၄.၃.၂၀၂၂)နေ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သော “မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေး(၁/၂၀၂၂)” သို့ MWCDF အသင်းမှ ခေတ္တဥက္ကဌ တက်ရောက်ဆွေးနွေးခဲ့ပါသည်။