Myanmar

အန္တရာယ်ကင်းပရိတ်တရားနာယူခြင်း

အန္တရာယ်ကင်းပရိတ်တရားနာယူခြင်း

(၂၅.၁.၂၀၂၂)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)ရုံးချုပ်၊ နေပြည်တော်၌ ခေတ္တဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် ရတနာစံပရိယတ္တိ စာသင်တိုက်မှ ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်(၅)ပါးအား ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ် တရားနာယူကာ ဝတ္ထုငွေ၊ သင်္ကန်း၊ လှူဘွယ်ပစ္စည်းများ ကပ်လှူပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၁.၂၀၂၂)နေ့တွင် MWCDF အသင်းမှ  ရုံးအဖွဲ့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက်အထိမ်းအမှတ်အနေဖြင့် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ မုန်လာဥချဉ်ရည်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

Gender, CEDAW, NSPAW, UNSCR-1325 Online အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား နှင့် သင်တန်းတက်ရောက်ခြင်း

Gender, CEDAW, NSPAW, UNSCR-1325 Online အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား နှင့် သင်တန်းတက်ရောက်ခြင်း

(၁၂.၁.၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဖွဲ့ဝင် အမျိုးသမီးအဖွဲ့အစည်းများအတွက် Gender, CEDAW, NSPAW, UNSCR-1325 Online အသိပညာပေးသင်တန်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက် နေ့နှင့် (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ခေတ္တဥက္ကဌ ဒေါ်သူဇာဝေနှင့် အတွင်းရေးမှူး ဒေါ်မေမြင့်မောင်တို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တို့မှ MWCDF

ဖန်ခါးမြေဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

ဖန်ခါးမြေဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

(၁.၁.၂၀၂၁)နေ့တွင် မကွေးတိုင်း MWCDF အသင်း၏ နှစ်ဦးအလှူအဖြစ် ဖန်ခါးမြေ ဘိုးဘွားရိပ်သာရှိ အဘိုး(၆)ဦး၊ အဘွား(၁၉)ဦးအတွက် (၂၄၃,၀၀၀)ကျပ် တန်ဖိုးရှိသော အနွေးထည်၊ ခေါင်းစွပ်နှင့် ခြေစွပ်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

လွယ်ဆိုင်းမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

လွယ်ဆိုင်းမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၁၂.၂၀၂၁)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း အဖွဲ့ဝင်များသည် နမ့်စန်မြို့နယ်၊ လွယ်ဆိုင်းမူလတန်းကျောင်းသို့ Mask များ လှူဒါန်းခဲ့ပါသည်။

အ.ထ.က(၇)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အ.ထ.က(၇)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၁၂.၂၀၂၁)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ အ.ထ.က(၇)ကျောင်းသို့ သွားရောက်၍ ပြည်နယ်အသင်းနှင့် အလှူရှင်များမှ Mask, Covid Test Kit နှင့် လက်သန့်ဆေးရည်များ လှူဒါန်းခဲ့ပါသည်။