Myanmar

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဖွင့်လှစ်ပေးသည့် လူငယ်ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့် ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ခြင်းဆိုင်ရာသင်တန်း(အမှတ်စဉ်-၅)(Youth Leadership and Personality Development Program Training(Batch-5))ဖွင့်ပွဲအခမ်းအနား

(၂.၁၂.၂၀၁၆)နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) နေပြည်တော်ရုံးချုပ်၌ လူငယ်ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့် ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ခြင်းဆိုင်ရာသင်တန်း(အမှတ်စဉ်-၅)ဖွင့်ပွဲအခမ်းအနားအား ကျင်းပခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် အသင်းဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အသင်းဘဏ္ဍာရေးမှူးမှ အသင်းအကြောင်းသိကောင်းစရာများရှင်းလင်းဆွေးနွေးခြင်းနှင့် ဆရာဦးလှထွန်းခိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်၊ သင်တန်းကာလအတွင်းသင်ကြားရမည့် ဘာသာရပ်များအကြောင်း၊ ဆောင်ရန်/ရှောင်ရန် စည်းကမ်းများ အစရှိသည်တို့ကိုလည်း ပြောကြားခဲ့ပါသည်။ ၄င်းသင်တန်းသည် (၂.၁၂.၂၀၁၆ – ၆.၁၂.၂၀၁၆)ထိ (၅)ရက်ကြာသင်တန်းဖြစ်ပြီး သင်တန်းကာလတလျှောက်လုံးတွင် သင်တန်းသား/သူများ၏ နေထိုင်ရေး၊ စားသောက်ရေး၊ သွားလာရေးခရီးစရိတ်အထိ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ သင်တန်းသား/သူ(၄၁)ဦးတက်ရောက်ခဲ့ကြပါသည်။

“ မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းကလေးများအတွက် ပထမအကြိမ်ပညာရေးညီလာခံ” အခမ်းအနားသို့ တက်ရောက်ခြင်း

“ မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းကလေးများအတွက် ပထမအကြိမ်ပညာရေးညီလာခံ” အခမ်းအနားသို့ တက်ရောက်ခြင်း

၂၀၁၆ခုနှစ် နိုဝင်ဘာလ ၂၃ ရက်(ဗုဒ္ဓဟူးနေ့)တွင် နေပြည်တော် M.I.C.C-2 ၌ ကျင်းပပြုလုပ်သော “ မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းကလေးများအတွက် ပထမအကြိမ်ပညာရေးညီလာခံ” အခမ်းအနားသို့ MWCDF အသင်းမှ အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

(၂၃)ကြိမ်‌‌မြောက်‌ ဗဟိုအလုပ်‌အမှု‌ဆောင်‌ လုပ်‌ငန်‌းညှိနှိုင်‌းအစည်‌းအ‌ဝေး ကျင်‌းပပြုလုပ်‌ခြင်း

(၂၃)ကြိမ်‌‌မြောက်‌ ဗဟိုအလုပ်‌အမှု‌ဆောင်‌ လုပ်‌ငန်‌းညှိနှိုင်‌းအစည်‌းအ‌ဝေး ကျင်‌းပပြုလုပ်‌ခြင်း

(၂၂.၁၁.၂၀၁၆)ရက်‌‌နေ့တွင်‌ MWCDF အသင်‌းရုံးချုပ်‌‌၊ ‌နေပြည်‌‌တော်‌၌ (၂၃)ကြိမ်‌‌မြောက်‌ ဗဟိုအလုပ်‌အမှု‌ဆောင်‌ လုပ်‌ငန်‌းညှိနှိုင်‌းအစည်‌းအ‌ဝေး ကျင်‌းပပြုလုပ်‌ခဲ့ပါသည်‌။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အရေးပေါ်ကူညီလှူဒါန်းမှု

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အရေးပေါ်ကူညီလှူဒါန်းမှု

(12.11.2016)နေ့တွင် MWCDFအသင်းမှ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ချောင်းရေလျံရေတိုက်စားခဲ့၍ အိမ်ထောင်စု(၈၆)စုမှာ ရေဘေးသင့်ခဲ့ပြီး နေအိမ်(၈)လုံးမှာ တစ်ခြမ်းစောင်းပြိုကျခဲ့ပြီး ချောင်းအတွင်းသစ်သားတံတားအဟောင်းမှာ ရေစီးနှင့်အတူမျောပါသွားခဲ့ပါသည်။ ကျေးရွာအဝင်လမ်းများမှာလည်း ရေတိုက်စားခံခဲ့ရ၍ ချောက်ကြီးများဖြစ်ကာ လမ်းပျက်စီးခဲ့ပါသည်။ ရေဘေးသင့် ကျေးရွာသူ/သားများအနေဖြင့် ရေတွင်း/ရေကန်များ လုံးဝသောက်သုံးမရသဖြင့် လိုအပ်သော သောက်သုံးရေအား MWCDF အသင်းမှ ရေသန့်ဘူးများဖြင့် သွားရောက်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ လှုမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီအစည်းအဝေး( ၁/၂၀၁၆)သို့ တက်ရောက်ဆွေးနွေးခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ လှုမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီအစည်းအဝေး( ၁/၂၀၁၆)သို့ တက်ရောက်ဆွေးနွေးခြင်း

၂၀၁၆ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့တွင် ‌နေပြည်‌‌တော်‌ ရုံးအမှတ်‌(၂၃) လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော လှုမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီအစည်းအဝေး( ၁/၂၀၁၆)သို့ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။