Myanmar

ပြည်နယ် အမျိုးသမီးကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးတက်ရောက်ခြင်း

ပြည်နယ် အမျိုးသမီးကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးတက်ရောက်ခြင်း

(၂၈.၁၂.၂၀၂၁)နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျင်းပပြုလုပ်သော ပြည်နယ်အမျိုးသမီး ကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ နှစ်သစ်မင်္ဂလာဆုမွန်ကောင်း ဆုတောင်းစကားပြောကြားခြင်း

၂၀၂၂ ခုနှစ်၊ နှစ်သစ်မင်္ဂလာဆုမွန်ကောင်း ဆုတောင်းစကားပြောကြားခြင်း

(၂၁.၁၂.၂၀၂၁)နေ့တွင် MWCDF အသင်းရုံးသို့ မြဝတီရုပ်မြင်သံကြားရိုက်ကူးရေးအဖွဲ့မှ “နှစ်သစ်ဆုမွန်ကောင်း စကားပြောကြားခြင်း အစီအစဉ်” ထုတ်လွှင့်ပြသရန်အတွက် လာရောက်၍ ရိုက်ကူးရာ MWCDF အသင်း ခေတ္တဥက္ကဌ ဒေါ်သူဇာဝေမှ အသင်းကိုယ်စား “၂၀၂၂ ခုနှစ်၊ နှစ်သစ်မင်္ဂလာ ဆုမွန်ကောင်း ဆုတောင်းစကား” ပြောကြားခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ(၁/၂၀၂၁)အစည်းအဝေး တက်ရောက်ခြင်း

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ(၁/၂၀၂၁)အစည်းအဝေး တက်ရောက်ခြင်း

(၁၅.၁၂.၂၀၂၁)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၂၁)အစည်းအဝေးသို့ MWCDF အသင်းမှ အတွင်းရေးမှူး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၁၂.၂၀၂၁)နေ့တွင် MWCDF အသင်းမှ တွဲဘက်ဘဏ္ဍာရေးမှူးနှင့် ရုံးအဖွဲ့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက်အထိမ်းအမှတ်အနေဖြင့် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ မုန်လာဥချဉ်ရည်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၉.၁၂.၂၀၂၁)နေ့တွင် MWCDF အသင်းမှ ဥက္ကဌနှင့် CEC များကိုယ်စား ရုံးအဖွဲ့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့်တွေ့ဆုံပြီး အသင်းမဂ္ဂဇင်း၊ တီရှပ်၊ Pamphlet များ၊ ဆရာ/မများအတွက် ခေါက်ဆွဲကြော်၊ ကြက်ဥ၊ Mask နှင့် ကျောင်းသား/သူများအတွက်  ဗလာစာအုပ်၊ ကျန်းမာရေးဆေးအိတ်၊ Health Care First Aid Kit, Mask နှင့် လက်ဆေးဆပ်ပြာဆီများ လှူဒါန်းခဲ့ပါသည်။

ချင်းရွာ အ.မ.က (၃)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ချင်းရွာ အ.မ.က (၃)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၉.၁၂.၂၀၂၁)နေ့တွင် MWCDF အသင်းမှ ဥက္ကဌနှင့် CEC များကိုယ်စား ရုံးအဖွဲ့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ အ.မ.က(၃)ကျောင်းသို့ သွားရောက်၍ ဆရာ/မ(၇)ဦးအတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ ခေါက်ဆွဲကြော်၊ ရှပ်အင်္ကျီအဖြူ၊ လုံချည်များနှင့် ကျောင်းသား/သူ(၉၅)ဦးအတွက် ခေါက်ဆွဲကြော်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ကျန်းမာရေးဆေးအိတ်၊ Mask နှင့် လက်ဆေးဆပ်ပြာဆီများ လှူဒါန်းခဲ့ပါသည်။