Myanmar

ပဲခူးတိုင်း MWCDF မှ ၂၀၂၁ ခုနှစ်၊ (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း MWCDF မှ ၂၀၂၁ ခုနှစ်၊ (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားတက်ရောက်ခြင်း

(၂၆.၁၁.၂၀၂၁)နေ့၊ ပဲခူးတိုင်း၊ ပဲခူးမြို့၌ ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားတက်ရောက်ခြင်း

၂၀၂၁ ခုနှစ်၊ (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားတက်ရောက်ခြင်း

(၂၅.၁၁.၂၀၂၁)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ MWCDF အသင်း ဒုတိယဥက္ကဌမှ In Person ဖြင့် တက်ရောက်ခဲ့ပြီး နေပြည်တော်နှင့် ရန်ကုန် CEC များမှ Online ဖြင့် တက်ရောက်ခဲ့ပါ သည်။           

MWCDF အသင်း၏ စတုတ္ထအကြိမ်မြောက် ဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနား

MWCDF အသင်း၏ စတုတ္ထအကြိမ်မြောက် ဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနား

(၇.၁၁.၂၀၂၁)နေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊ ရွှေမြင့်မိုရ် ဓမ္မရိပ်သာကျောင်းတိုက်၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး သင်္ကန်းနှင့် ဝတ္ထုငွေများအား ဆက်လက်လှူဒါန်းခဲ့ပါသည်။    

ပစ္ဆီမာရုံကျောင်းတိုက်သို့ လှူဒါန်းခြင်း

ပစ္ဆီမာရုံကျောင်းတိုက်သို့ လှူဒါန်းခြင်း

(၁၅.၉.၂၀၂၁)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ပုသိမ်မြို့၊ ပစ္ဆီမာရုံ ကျောင်းတိုက်ရှိ သံဃာတော်များအား ဆီပုံးလှူဒါန်းခဲ့ပါသည်။

ပြင်ကြီးသာသနဝေပုလ္လ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ပြင်ကြီးသာသနဝေပုလ္လ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၃၁.၇.၂၀၂၁)နေ့တွင် MWCDF အသင်းမှ ဥက္ကဌနှင့် CEC များကိုယ်စား ရုံးအဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လ သီလရှင်စာသင်တိုက်သို့  သွားရောက်၍ အခြေခံစားသောက်ကုန်များ၊ အသုံးအဆောင် ပစ္စည်းများ၊ Covid-19 အကာအကွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

YGW မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

YGW မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၃၁.၇.၂၀၂၁)နေ့တွင် MWCDF အသင်းမှ ဥက္ကဌနှင့် CEC များကိုယ်စား ရုံးအဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ YGW မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက်၍ အခြေခံစားသောက်ကုန်များ၊ အသုံးအဆောင် ပစ္စည်းများ၊ Covid-19 အကာအကွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။