Myanmar

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့သွားရောက်၍ ကျောင်းထိုင်သီလရှင်ဆရာကြီး/ ဆရာလေးတို့ထံ ဝတ္ထုငွေ၊ ဘုရားပုံတော်များ၊ တရားစာအုပ်များ၊ လမ်းဆုံလမ်းခွလူ့ဘဝကဒ်ပြားများနှင့် လှူဖွယ်စုံခြင်း၊ ဗလာစာအုပ်၊ ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်(နီ/ဖြူ)၊ ကုလားပဲ၊ ကြာဇံ၊ ဆား စသည်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းမှုတန်ဖိုးငွေ ၁,၆၅၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၂၀.၁၀.၂၀၂၅ ရက်နေ့ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာ​ရေးဝန်ကြီးဌာန၊ ပါ​မောက္ခ/ အထူးကုဆရာဝန်ကြီးများ၏​ မွေးရာပါနှုတ်ခမ်းကွဲ၊ အာ​ခေါင်ကွဲလူနာခွဲစိတ်ကုသမှု အစီအစဉ်တွင် တက်​ရောက်ခွဲစိတ်သည့် လူနာများအား MWCDF(AYY) အသင်းမှသွား​ရောက်​တွေ့ဆုံ အား​ပေး၍ အလှူ​ငွေ ၃၀၀,၀၀၀/-ကျပ် ​ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနား

တွေ့ဆုံပွဲအခမ်းအနား

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင် ၄ ဦးတို့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ၁၉.၁၀.၂၀၂၅ ရက်နေ့၌ကျင်းပပြုလုပ်သော ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်ယာယီသမ္မတ၊ နိုင်ငံ​တော်လုံခြုံ​ရေးနှင့်​အေးချမ်းသာယာ​ရေး​ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပုသိမ်မြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်​ တွေ့ဆုံပွဲအခမ်းအနားသို့ တက်​​ရောက်ခဲ့ပါသည်။

အစည်းအဝေးကျင်းပခြင်း

အစည်းအဝေးကျင်းပခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၁၅.၁၀.၂၀၂၅ ရက်နေ့တွင် အသင်းအလုပ်အမှုဆောင်အစည်းအဝေးကျင်းပပြီး အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်လေးမေ သည် ၁၅.၁၀.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ “International White Cane Day” “နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့” အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပြိုင်ပွဲဝင်လူဦးရေ ၂၀၀ စာအတွက် ရေသန့်ဗူးနှင့် ပေါင်မုန့်များ လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၂၅၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်မော်မော်ထွန်း သည် ၁၄.၁၀.၂၀၂၅ ရက်နေ့တွင် The Hotel Amara ခန်းမတွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း၊ လုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။