Myanmar

ရန်ကုန်တိုင်း MWCDF မှ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

ရန်ကုန်တိုင်း MWCDF မှ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၂.၇.၂၀၂၁)နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ရန်ကုန်မြို့၊ တိုင်းလူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ရန်ကုန်တိုင်း MWCDF အသင်း အတွင်းရေးမှူးမှ တက်ရောက်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

(၃.၇.၂၀၂၁)နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ MWCDF အသင်းမှ ဥက္ကဌ တက်ရောက်ခဲ့ပါသည်။   

MWCDF အသင်း၏ (၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား

MWCDF အသင်း၏ (၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား

(၂၅.၆.၂၀၂၁)နေ့တွင် နေပြည်တော်၊ MWCDF(ရုံးချုပ်)၌ အသင်း၏ (၈)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအား Zoom Online Meeting ဖြင့် အသင်းဥက္ကဌ၊ ဒုဥက္ကဌ၊ CEC များနှင့် ပြည်နယ်/တိုင်း မှ ဥက္ကဌ၊ အတွင်းရေးမှူး အဖွဲ့များနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရတနာ့မဉ္ဇူသီလရှင်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရတနာ့မဉ္ဇူသီလရှင်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၄.၆.၂၀၂၁)နေ့တွင် ပဲခူးတိုင်း MWCDF အသင်းမှ Covid-19 ကာလအတွင်း ပဲခူးတိုင်း၊ ပဲခူးမြို့၊ ရတနာ့ မဥ္ဇူသီလရှင်ကျောင်းတိုက်ကြီးသို့ ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲခြမ်း၊ အချိုပွဲမုန့်မျိုးစုံနှင့် နဝကမ္မအလှူတော် ငွေများ သွားရောက်လှူဒါန်းခဲ့ပါသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း

မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း

(၂၄.၆.၂၀၂၁)နေ့တွင် MWCDF အသင်း၏ (၈)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ရုံးဝန်းအတွင်း၌ နှစ်ရှည်ပင်များ၊ အရိပ်ရအပင်များ၊  သီးပင်စားပင်များဖြစ်သော (အုန်းချိုမွှေး၊ သပြေ၊ သံပုရာ၊ သရက်၊ ဒူးရင်း၊ ကံကော်) စသည့်ပျိုးပင်များအား အသင်းဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC များမှ စုပေါင်းပါဝင် အမှတ်တရစိုက်ပျိုးခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ Online Meeting တက်ရောက်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ Online Meeting တက်ရောက်ခြင်း

(၂၂.၆.၂၀၂၁)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ Online Zoom Meeting ဖြင့် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး(၁/၂၀၂၁) သို့ MWCDF အသင်းမှ ဥက္ကဌ တက်ရောက်ဆွေးနွေးခဲ့ပါသည်။