Myanmar

(၄၂)ကြိမ်မြောက် CEC Meeting

(၄၂)ကြိမ်မြောက် CEC Meeting

(၂၁.၅.၂၀၂၁)နေ့တွင် နေပြည်တော်၊ MWCDF (ရုံးချုပ်)၌ အသင်း၏ (၄၂)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

VNR ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

VNR ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၂၀.၅.၂၀၂၁)နေ့၊ စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ Google Online Virtual Meeting ဖြင့် ကျင်းပပြုလုပ်သော Voluntary National Review(VNR) ညှိနှိုင်းအစည်းအဝေးသို့ MWCDF အသင်းမှ ဥက္ကဌ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၄.၂၀၂၁)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ အသင်းမှ ဗလာစာအုပ်၊ Mask ၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ကျန်းမာရေးဆေးအိတ်၊ ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကြာဇံ၊ ကုလားပဲနှင့် အလှူရှင် CEC များမှ ဝတ္ထုငွေ၊ သင်္ကန်း၊ ဆင်းတုတော်၊ အာလူးကြော်၊ သစ်သီးခြင်း၊ ကော်ဖီခြင်း၊ မုန့်များအား ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ရွှေကြာပျိုးခင်း(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရွှေကြာပျိုးခင်း(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၄.၂၀၂၁)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေကျရွာ၊ ရွှေကြာပျိုးခင်း အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်းသို့ သွားရောက်၍ အသင်းမှ ဗလာစာအုပ်၊ Mask ၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ကျန်းမာရေးဆေးအိတ်၊ ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကြာဇံ၊ ကုလားပဲနှင့် အလှူရှင် CEC များမှ ဝတ္ထုငွေ၊ သင်္ကန်း၊ ဆင်းတုတော်၊ အာလူးကြော်၊ မုန့်များ အား ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတက်ရောက်ခြင်း

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတက်ရောက်ခြင်း

၂၀၂၁ ခုနှစ်၊ မတ်လ(၃)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ Online အခမ်းအနားသို့ MWCDF အသင်းမှ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

(၄၁)ကြိမ်မြောက် CEC Meeting

(၄၁)ကြိမ်မြောက် CEC Meeting

(၂၄.၃.၂၀၂၁)နေ့၊ နေပြည်တော်၊ MWCDF (ရုံးချုပ်)၌ အသင်း၏ (၄၁)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။