Myanmar

ပြင်ကြီးသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ပြင်ကြီးသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၁.၂၀၂၁)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လ သီလရှင်စာသင်တိုက်သို့ သွားရောက်၍ ကျောင်းရှိ သီလရှင်ဆရာလေး(၁၂၅)ပါး အတွက် ကျောင်းထိုင်ဆရာကြီးထံ ဝတ္ထုငွေနှင့် ဆီ၊ အာလူး၊ ကြက်သွန်နီ၊ ဒန့်ဒလွန်သီး၊ မျက်နှာသုတ်ပုဝါ၊ ဗလာစာအုပ်၊ ၃၈ ဖြာမင်္ဂလာစာအုပ်၊ အသင်းပြက္ခဒိန်၊ ဖယောင်းတိုင်၊ Child Kit ဆေးအိတ်၊ Mask ၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ပါသည်။

ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၀.၁.၂၀၂၁)နေ့တွင် ရန်ကုန်တိုင်း MWCDF အဖွဲ့ဝင်များသည် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ခေမာရာမသီလရှင်စာသင်တိုက်နှင့် သီလရှင်သင်ပညာရေးကျောင်းတွင် သီလရှင်ဆရာကြီး၊ဆရာလေးတို့အား သီလရှင်ဝတ်စုံ စုစု​ပေါင်း (၈၂)စုံ၊  ပြက္ခဒိန် (၂၀) နှင့် လက်သန့်ဆေးရည်ဗူးကြီး(၁၀)ဗူးတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

မကွေးမြို့ပေါ်ရှိ သီလရှင်စာသင်တိုက်များသို့ သွားရောက်လှူဒါန်းခြင်း

မကွေးမြို့ပေါ်ရှိ သီလရှင်စာသင်တိုက်များသို့ သွားရောက်လှူဒါန်းခြင်း

(၁၇.၁.၂၀၂၁)ရက်နေ့တွင် မကွေးတိုင်း မြန်မာနိုင်ငံအမျိုး သမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် မကွေးမြို့ပေါ်ရှိ သီလရှင်စာသင်တိုက် (၅)ကျောင်းသို့ သွားရောက်၍ ဆီ၊ ကုလားပဲ၊ ကြက်သွန်၊ ကြက်ဥ စသည့် စားသောက်ကုန် များ လှူဒါန်းခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

(၁၅.၁.၂၀၂၁ မှ ၁၆.၁.၂၀၂၁)ရက်နေ့ထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်းဦးစီး မှူးရုံး၌ ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ကချင်ပြည် နယ် ဥက္ကဋ္ဌ ဒေါ်ခင်လေးမေ နှင့် အဖွဲ့ဝင်တို့ တက်ရောက် ခဲ့ကြပါသည်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၆.၁.၂၀၂၁)ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့်” အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀)ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ခေတ္တဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ စုစုပေါင်း(၇)ဦး တက်ရောက်ခဲ့ကြ ပါသည်။

Mask Campaign လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခြင်း

Mask Campaign လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခြင်း

(၃၀.၁၂.၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တောင်ကြီးမြို့၊ ဗိုလ်ချုပ် ကြေးရုပ်မီးပွိုင့်နှင့် မြို့မဈေးမီးပွိုင့်၌ ကြီးမှူးကျင်းပသော Mask Campaign တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) MWCDF အသင်းမှ ပူးပေါင်းပါဝင်ခဲ့ပါသည်။