Myanmar

ကလေးသူငယ်များဆို်ငရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

ကလေးသူငယ်များဆို်ငရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၃၀.၁၂.၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကလေးသူငယ်များဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ရန်ကုန်တိုင်း MWCDF အသင်းမှ အတွင်းရေးမှူး  တက်ရောက်ခဲ့ပါသည်။

တိုင်းကလေးသူငယ်အခွင့်အရေးများဆို်ငရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

တိုင်းကလေးသူငယ်အခွင့်အရေးများဆို်ငရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

(၂၈.၁၂.၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၌ တိုင်းကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ Online Zoom Meeting ဖြင့် ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ဇေယျာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ဇေယျာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၁၂.၂၀၂၀)နေ့တွင် MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ဇေယျာရာမပရိယတ္တိသီလရှင်စာသင်တိုက်သို့ သွားရောက်၍ သီလရှင်ဆရာကြီး၊ ဆရာလေးများ Covid-19 ကာလ ဆွမ်းဆန်တော်အလှူခံကြွရောက်ရန် ခက်ခဲမှုရှိနေသည့်အတွက် အထောက် အပံ့ဖြစ်စေရန် အလှူငွေ၊ စားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

Covid-19 အကာအကွယ်ပစ္စည်းများ လှူဒါန်းခြင်း

Covid-19 အကာအကွယ်ပစ္စည်းများ လှူဒါန်းခြင်း

Hong. Kong, China. SOWERS. ACTION (ပညာမျိုးစေ့ ပျိုးခင်းလှုပ်ရှားမှု)မှ Covid-19 အတွက် လှူဒါန်းသော Masks.(10000)Pcs၊ PPE( 120 )Pcs၊ Thermometer( 20)Pcs တို့ကို မကွေးတိုင်း မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) အဖွဲ့မှ ပူးပေါင်း၍ မကွေးမြို့၊ မင်းဘူး မြို့ ၊ မြို့သစ်မြို့တို့မှ လူမှုရေးအဖွဲ့ ( ၅ )ဖွဲ့သို့ (၂၅.၁၂.၂၀၂၀)ရက်နေ့တွင် သွားရောက်လှူဒါန်းပေးခဲ့ပါသည်။

သက်ငယ်မုဒိမ်းကျူးလွန်ခံရသော မိန်းကလေးငယ်အား ကူညီထောက်ပံ့ခြင်း

သက်ငယ်မုဒိမ်းကျူးလွန်ခံရသော မိန်းကလေးငယ်အား ကူညီထောက်ပံ့ခြင်း

(၂၁.၁၂.၂၀၂၀)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်အဖွဲ့များ သည် သက်ငယ်မုဒိမ်းကျူးလွန်ခံရသူ မိန်းကလေးငယ်နှင့် ၎င်း၏မိသားစုထံ သွားရောက်၍ အလှူငွေ၊ Mask များ၊ စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

နှစ်သစ်မင်္ဂလာဆုမွန်စကား

နှစ်သစ်မင်္ဂလာဆုမွန်စကား

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက် မြဝတီရုပ်မြင်သံကြားမှ နှစ်သစ်ဆုမွန်ကောင်း အစီအစဉ် ထုတ်လွှင့်ပြသရန်အတွက် Online(Zoom Application) ဖြင့် ရိုက်ကူးခြင်းအစီအစဉ်တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ ကိုယ်စား ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦး မှ နှစ်သစ်မင်္ဂလာ ဆုမွန်တောင်းစကားပြောကြားခဲ့စဉ်