Myanmar

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ Human Rights Training Workshop ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ Human Rights Training Workshop ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ပူးပေါင်း၍ (၇.၂.၂၀၁၇ မှ ၈. ၂. ၂၀၁၇ ထိ) (၂)ရက်ကြာ ဖွင့်လှစ်သော Human Rights Training Workshop ဖွင့်ပွဲအခမ်းအနားသို့ MWCDFအသင်းမှ CECနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ NSPAWအစည်းအဝေးသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ NSPAWအစည်းအဝေးသို့ တက်ရောက်ခြင်း

၆.၂.၂၀၁၇ လူမှုဝန်ထမ်းဦးစီးဌာနနှင့် The UK Department for International Development (DFID)မှ ပြည်တွင်း၊ ပြည်ပအကြံပေး(၂)ဦးတို့ပူးပေါင်းလုပ်ဆောင်သော အမျိုးသားအဆင့် အမျိုးသမီးများတိုးတက်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(NSPAW)(၂၀၁၃-၂၀၂၂)အစည်းအဝေးသို့ MWCDFအသင်းမှ CECနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကျိုက်ထိုမြို့ နယ်၊ ကော်ကပ်ကျေးရွာနှင့် ချောင်းစောက်ရွာသစ်တွင် ကူညီ လှူဒါန်းမှု

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကျိုက်ထိုမြို့ နယ်၊ ကော်ကပ်ကျေးရွာနှင့် ချောင်းစောက်ရွာသစ်တွင် ကူညီ လှူဒါန်းမှု

၄.၂.၂၀၁၇ MWCDF အသင်းမှ ကျိုက်ထိုမြို့နယ်၊ ကော်ကပ်ကျေးရွာနှင့် ချောင်းစောက်ရွာသစ် ကျေးရွာရှိ ကျေးရွာမူလတန်းကျောင်းများသို့ စာရေးကရိယာများနှင့် ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းပေးခဲ့ပါသည်။ ထို့နောက် ချောင်းစောက်ရွာသစ်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဆေးဝါးကုသပေးခြင်းနှင့် လိုအပ်သောဆေးဝါးများ ပံ့ပိုးလှူဒါန်းခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကျိုက်ထိုမြို့ နယ်၊ ချောင်းစောက်ရွာသစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကျိုက်ထိုမြို့ နယ်၊ ချောင်းစောက်ရွာသစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ခြင်း

၄. ၂. ၂၀၁၇ MWCDFအသင်းမှ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ နယ်၊ ချောင်းစောက်ရွာသစ်တွင် ကျေးလက်နေပြည်သူများလမ်းပန်းဆက် သွယ်ရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် တံတားဆောက်လုပ်လှူဒါန်းဖွင့်လှစ်ပေးခြင်း၊ ဆေးခန်းဖွင့်လှစ်ခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ ပညာရေးလှုပ်ရှားမှု

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ ပညာရေးလှုပ်ရှားမှု

၂၉.၁.၂၀၁၇ မန္တလေးမြို့မှ MWCDFအဖွဲ့ဝင်များသည် မန္တလေးမြို့-MIIT၌ကျင်းပပြုလုပ်သော ကလေးစာပေပွဲတော်သို့ အနာဂါတ်ရဲ့မျိုးဆက်သစ် ကျောင်းသား/သူများ ပညာ့အားမာန် ပြည့်စေရန်ရည်ရွယ်၍ ပို့ဆောင်ပေးခဲ့ပါသည်။