မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)နှင့် Mrs. Deborah Livingstone, Consultant(UK Department for International Development, DFID)၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးခြင်း

၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၃)ရက်နေ့၊ နံနက်(၈း၄၅)နာရီတွင် The UK Department For International Development(DFID)မှ Mrs. Deborah Livingstone, Consultant၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းနှင့် မခင်ခင်မရ(National Consultant)တို့သည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW)(၂၀၁၃-၂၀၂၂)အား ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လမ်းပြမြေပုံဆိုင်ရာညှိနှိုင်းရေးနှင့်ပတ်သက်၍ MWCDF ရုံးချုပ်၊ နေပြည်တော်သို့လာရောက်၍ အသင်းမှ CECများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အသင်းမှလည်း NSPAWမှ ချမှတ်ထားသော မူဝါဒများနှင့်အညီလုပ်ဆောင်ထားခဲ့မှုများနှင့် ရှေ့ဆက်လုပ်မည့် Future Planများကို ဆွေးနွေးခဲ့ပါသည်။