Myanmar

Community Covid Volunteer အစည်းအဝေးတက်ရောက်ခြင်း

Community Covid Volunteer အစည်းအဝေးတက်ရောက်ခြင်း

(၁၈.၁၂.၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆ ယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ Zoom Meeting ဖြင့် ကျင်းပပြုလုပ်သော “ Community Covid Volunteer” လေ့ကျင့်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းကို MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူး(၁)နှင့်(၂)တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိခဲ့သော အမျိုးသမီးအား ကူညီထောက်ပံ့ခြင်း

အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိခဲ့သော အမျိုးသမီးအား ကူညီထောက်ပံ့ခြင်း

(၃၀.၁၂.၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့ရှိ အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိခဲ့သော အမျိုးသမီးအား ခိုင်မေတ္တာဆေးရုံ၌ မွေးဖွားပေးခဲ့ ပြီး မီးဖွားစရိတ်နှင့် ထောက်ပံ့ငွေများ ကူညီလှူဒါန်းခဲ့ပါသည်။

Mask Campaign အတွက် Mask များ လှူဒါန်းခြင်း

Mask Campaign အတွက် Mask များ လှူဒါန်းခြင်း

(၁၅.၁၂.၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ရှမ်းပြည်နယ်ရှိ ပြည်သူများသို့ Covid-19 အသိပညာပေး Mask Campaign ပြုလုပ်ရာတွင် အသုံးပြုရန် Mask-(၅၀)ဘူး သွားရောက်လှူဒါန်းခဲ့ပါသည်။

ရန်ကုန်တိုင်း MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနားတက်ရောက်ခြင်း

ရန်ကုန်တိုင်း MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနားတက်ရောက်ခြင်း

(၁၀.၁၂.၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု Online အခမ်းအနားသို့ ရန်ကုန်တိုင်း MWCDF အသင်းမှ ဒုဥက္ကဌ နှင့် အတွင်းရေးမှူး တို့တက်ရောက်ခဲ့ပါသည်။

တနင်္သာရီတိုင်း MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနားတက်ရောက်ခြင်း

တနင်္သာရီတိုင်း MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု Online အခမ်းအနားတက်ရောက်ခြင်း

(၈.၁၂.၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၀ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု Online အခမ်းအနားသို့ တနင်္သာရီတိုင်း MWCDF အသင်းမှ  အတွင်းရေးမှူး နှင့် စည်းရုံးရေးမှူး တို့တက်ရောက်ခဲ့ပါသည်။

(၄၀)ကြိမ်မြောက် CEC Meeting ပြုလုပ်ခြင်း

(၄၀)ကြိမ်မြောက် CEC Meeting ပြုလုပ်ခြင်း

(၈.၁၂.၂၀၂၀)နေ့ နေပြည်တော် MWCDF (ရုံးချုပ်)တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့် တင်ရေးအသင်း၏ (၄၀)ကြိမ်မြောက် ဗဟိုအလုပ်အမှု ဆောင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။