Myanmar

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ အဖွဲ့ဝင်အလှူရှင်များမှလည်း ပါဝင်လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ အဖွဲ့ဝင်အလှူရှင်များမှလည်း ပါဝင်လှူဒါန်းခြင်း

၅.၁.၂၀၁၇ ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာစာကြည့်တိုက်တွင်လျှပ်စစ်မီးသွယ်တန်းနိုင်ရန်အတွက် ဦးဝင်းရှိန်+ဒေါ်စုညွန့်ဦး (မိသားစု)မှ အလှူငွေ(၂)သိန်းကျပ်နှင့် မအူလေးပင် ကျေးရွာမသန်စွမ်းနေအိမ် လျှပ်စစ်မီးသွယ်တန်းနိုင်ရန်အတွက် ဦးသန့်စင်+ ဒေါ်အေးအေးခိုင်(မိသားစု)မှ အလှူငွေ(၃)သိန်းကျပ် စုစုပေါင်းလှူဒါန်းငွေ-(၅၀၀၀၀၀)ကျပ်အား MWCDF အသင်း CEC များမှ မအူလေးပင်ကျေးရွာ ဥက္ကဌထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)သို့ Industrial bank of Koreaမှအလှူငွေပေးအပ်လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)သို့ Industrial bank of Koreaမှအလှူငွေပေးအပ်လှူဒါန်းခြင်း

၁၂.၁.၂၀၁၇ ရန်ကုန်မြို့ MWCDF ရုံးခွဲသို့ Industrial bank of Koreaမှ တာဝန်ရှိသူများလာရောက်၍ အလှူငွေများ ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဌနှင့်CECများမှ လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းနှင့် အသင်းဥက္ကဌမှ အသင်း၏လုပ်ဆောင်ချက်မှတ်တမ်းဓါတ်ပုံများအား ရှင်းလင်းပြောပြပေးခဲ့ပါသည်။ အသင်းဥက္ကဌမှ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခြင်း[/caption]

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ ဆောင်ရွက်ချက်များအနက် တခုအပါအဝင်ဖြစ်သည့် ကိုယ်လက်လှုပ်ရှားအားကစား

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ ဆောင်ရွက်ချက်များအနက် တခုအပါအဝင်ဖြစ်သည့် ကိုယ်လက်လှုပ်ရှားအားကစား

၄. ၁. ၂၀၁၇ MWCDFအသင်းမှ အဖွဲ့ဝင်များသည် (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကယားပြည်နယ်၊ ရှားတောမြို့တွင် မူကြိုကလေးငယ်များအား ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ နှစ်စဉ်ပညာရေးကူညီလှူဒါန်းမှု

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ နှစ်စဉ်ပညာရေးကူညီလှူဒါန်းမှု

၃.၁.၂၀၁၇ MWCDFအသင်းမှ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/သူများအား ဆုချီးမြှင့်နိုင်ရန်အတွက် အသင်းတံဆိပ်ပါဗလာစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ထောက်ပံ့ကူညီလှူဒါန်းမှု မှတ်တမ်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ထောက်ပံ့ကူညီလှူဒါန်းမှု မှတ်တမ်း

၃၁.၁၂.၂၀၁၆ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ လစဉ်ထောက်ပံ့လှူဒါန်းမှုတခုဖြစ်သည့် ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာနေ မသန်စွမ်းညီအစ်မနှစ်ဦးနေအိမ်သို့ အသင်း CECများနှင့် အဖွဲ့ဝင်များသွားရောက်၍ အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ထောက်ပံ့ကူညီလှူဒါန်းမှု မှတ်တမ်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ထောက်ပံ့ကူညီလှူဒါန်းမှု မှတ်တမ်း

၃၁.၁၂.၂၀၁၆ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) အသင်းမှ CECနှင့်အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ် မအူလေးပင်ကျေးရွာသို့သွားရောက်ကာ ကျေးရွာအဖွဲ့ဝင်များနှင့်တွေ့ဆုံခြင်း၊ MWCDF အသင်းမှ ပညာ့မဏ္ဍိုင်စာကြည့်တိုက်အတွက် လစဉ်ထုတ်စာအုပ်များ၊ မဂ္ဂဇင်းများဝယ်ယူရန် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။