Myanmar

ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ၁၆ ရက်တာလှုပ်ရှားမှု အခမ်းအနားတက်ရောက်ခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ၁၆ ရက်တာလှုပ်ရှားမှု အခမ်းအနားတက်ရောက်ခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ၂၀၂၀ပြည့်နှစ်” အမျိုး သမီး များ အပေါ် အကြမ်း ဖက်မှု ပပျောက် ရေး ၁၆ရက် တာ လှုပ်ရှား မှု အခမ်း အနား ” သို့တက် ရောက် ခြင်း။

အသင်းသို့ ကျန်းမာရေးဆေးအိတ်များ လာရောက်လှူဒါန်းခြင်း

အသင်းသို့ ကျန်းမာရေးဆေးအိတ်များ လာရောက်လှူဒါန်းခြင်း

(၂၅.၁၁.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုး သမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်းသို့ ဦးထွန်းထွန်းဦး(ပြည်ထောင်စုရှေ့နေချုပ်)+ဒေါ်တင်တင်ဝင်း (မိသားစု)မှ ကလေးများအတွက် ရှေးဦးသူနာပြု ကိရိယာပါ ကျန်းမာရေးဆေးအိတ် (Healthcare, first Aid Kit for kids)- ၁၀ အိတ် လာရောက်လှူဒါန်းရာ အသင်းဒုဥက္ကဋ္ဌ နှင့်CECအဖွဲ့မှ လက်ခံရယူခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားတက်ရောက်ခြင်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားတက်ရောက်ခြင်း

(၂၅.၁၁.၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၀ပြည့်နှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Online အခမ်းအနားကို မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦး နှင့် အတွင်းရေးမှူး ဒေါ်မေမြင့်မောင် တို့ တက်ရောက်ခဲ့ ပါသည်။

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၂ဝ.၁၁.၂၀၂၀)ရက်နေ့တွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ ကျင်းပပြုလုပ် သော(၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် Online အခမ်းအနား(ကမ္ဘာ့ကလေးများနေ့)သို့ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တွဲဘက်အတွင်းရေးမှူး ဒေါ်နီဆက်တင်ထူး တက်ရောက်ခဲ့ပါသည်။ “ ကလေးအားလုံးရဲ့အနာဂတ်လှပဖို့ စိတ်ကူးပုံဖော်ဆောင်ရွက်စို့” …..

MWCDF အသင်း၏ (တတိယအကြိမ်) စုပေါင်းမဟာဘုံကထိန်မင်္ဂလာ ရေစက်ချအလှူတော်

MWCDF အသင်း၏ (တတိယအကြိမ်) စုပေါင်းမဟာဘုံကထိန်မင်္ဂလာ ရေစက်ချအလှူတော်

(၂၀.၁၁.၂၀၂၀)ရက်နေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကံဦးကျောင်းတိုက်၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ၏ တတိယအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို Covid-19 ကာလ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သံဃာတော်အရှင်မြတ်များအား ကထိန်ညှပ်ကြီးသင်္ကန်းနှင့် အရံသင်္ကန်း(၁၀)စုံကပ်လှူခြင်း၊ ၀တ္ထုငွေ-(၁,၈၇၀,၀၀၀)ကျပ်၊ သံဗီဒို(၁)လုံး၊ ဆေးဝါးများ၊ လက်ဆေးဆပ်ပြာများ၊ Maskဗူးများ နှင့် အခြားလှူဘွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ထံမှ ကထိန်အလှူ ရေစက်ချတရားနာယူကာ စုစုပေါင်း အလှူတော်-(၂,၇၅၂,၅၀၀)ကျပ်ကို ရေစက်ချလှူဒါန်းခဲ့ပါသည်။ ၎င်းနောက်

၁၆ ရက်တာလှုပ်ရှားမှု Online အခမ်းအနားကျင်းပရေး ဒုတိယအကြိမ် ကြိုတင်ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

၁၆ ရက်တာလှုပ်ရှားမှု Online အခမ်းအနားကျင်းပရေး ဒုတိယအကြိမ် ကြိုတင်ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

(၁၀.၁၁.၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ ၂၀၂၀ပြည့်နှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Online အခမ်းအနား ကျင်းပရေးအတွက် ဒုတိယအကြိမ် ကြိုတင်ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးကို မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်မေမြင့်မောင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။