Myanmar

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု ကြိုတင်ညှိနှိုင်း အစည်းအဝေး တက်ရောက်ခြင်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု ကြိုတင်ညှိနှိုင်း အစည်းအဝေး တက်ရောက်ခြင်း

(၂၇.၁၀.၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ ၂၀၂၀ပြည့်နှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Online အခမ်းအနား ကျင်းပရေး အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေး ကို မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ အတွင်းရေးမှူး ဒေါ်မေမြင့်မောင် နှင့် တွဲဘက်အတွင်းရေးမှူး ဒေါ်နီဆက်တင်ထူး တို့တက်ရောက်ဆွေးနွေးခဲ့ပါသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဗဟာဗျူဟာ(၅)နှစ်စီမံကိန်း ဒုတိယအကြိမ် အစည်းအဝေး တက်ရောက်ခြင်း

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဗဟာဗျူဟာ(၅)နှစ်စီမံကိန်း ဒုတိယအကြိမ် အစည်းအဝေး တက်ရောက်ခြင်း

(၂၆.၁၀.၂၀၂၀)နေ့၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်မှုဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ် စီမံကိန်းရေးဆွဲချမှတ်နိုင်ရေးအတွက် လျာထားအခန်း(၄)လူမှုကာကွယ်စောင့်ရှောက်ရေး ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် Online အစည်းအဝေးကိုမြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင် ဒေါက်တာကြူကြူအေး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက် ဆွေးနွေးပွဲ တက်ရောက်ခြင်း

အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက် ဆွေးနွေးပွဲ တက်ရောက်ခြင်း

၂၂.၁၀.၂၀၂၀ ရက်နေ့ မြန်မာနိုင်ငံ၏ အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)အပေါ် ကာလလတ် ပြန်လည်သုံး သပ်သည့် နိုင်ငံအဆင့်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ တွဲဘက်အတွင်းရေးမှူး ဒေါ်နီဆက်တင်ထူး တက်ရောက်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့-၂၀၂၀ အခမ်းအနား တက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့-၂၀၂၀ အခမ်းအနား တက်ရောက်ခြင်း

(၁၃.၁၀.၂၀၂၀)ရက်နေ့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကြီးမှူး၍ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့- ၂၀၂၀ (International Day For Disaster Risk Reduction – IDDRR) အထိမ်းအမှတ်အခမ်းအနားသို့ MWCDF အသင်းမှ ဒုက္ကဌ ဒေါ်စုညွန့်ဦးနှင့် အတွင်းရေးမှူး ဒေါ်မေမြင့်မောင်တို့ တက်ရောက်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်အတွက် IDDRR အခမ်းအနားကို It’s All About Governance “ ပေါင်းစည်းညီညွတ်သော

ပြည်လုံးချမ်းသာ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ပြည်လုံးချမ်းသာ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၁၀.၂၀၂၀ )ရက်နေ့တွင် မွန်ပြည်နယ်၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်း(M W C D F)မှ အဖွဲ့ဝင်များသည် မော်လမြိုင် မြို့နယ်၊ ပြည်လုံးချမ်းသာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ mask များ၊ Hand Jellများ၊ ဆန်၊ ဆီ၊ အာဟာရမုန့်များနှင့် ဆရာတော်မှ စောင့်ရှောက်ထားသော အမျိုးသမီးများငယ်(၂၀)ဦးအတွက် ထောက်ပံ့ငွေနှင့် ယောဂီဝတ်စုံ(၄၀)စုံကို လှူဒါန်းပေးခဲ့ပါသည်။

Core Group Consultation အစည်းအဝေးတက်ရောက်ခြင်း

Core Group Consultation အစည်းအဝေးတက်ရောက်ခြင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ(မူကြမ်း)ရေးဆွဲခြင်းနှင့် ပတ်သက်၍ Core Group Consultation အား Zoom Application ဖြင့်(၂၄.၉.၂၀၂၀)ရက်နေ့မှ(၂၈.၉.၂၀၂၀)ရက်နေ့ထိ ကျင်းပပြုလုပ်သည့် အစည်းအဝေးကို မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တွဲဘက်အတွင်းရေးမှူးတက်ရောက်ခဲ့ပါသည်။