Myanmar

ဥတ္တရသီရိမြို့နယ်၊ ဘုန်းကြီးကျောင်း(၄)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဥတ္တရသီရိမြို့နယ်၊ ဘုန်းကြီးကျောင်း(၄)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၇.၈.၂၀၂၀)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ်၊ ဂွေးချိုကျေးရွာ၊ အောင်သဒ္ဓိကျောင်းတိုက်၊ တောင်ညိုကျေးရွာ၊ သာသနာ့ဝေပုလ္လကျောင်းတိုက်၊ မောင်းရမ်းကျေးရွာ၊ ရွှေဘုံသာကျောင်းတိုက်၊ ဇလောင်းကျေးရွာ၊ ရာဇဓာနီသာမဏေကျော် စာသင်တိုက် များသို့ သွားရောက်၍ ဝတ္ထုငွေ၊ ဝါဆိုသင်္ကန်း၊ စာရေးကိရိယာ၊ အခြေခံစားသောက်ကုန်များ၊ ဆပ်ပြာဆီ နှင့် Mask များ လှူဒါန်းခဲ့ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ဆေးရုံတက်ရောက်ကုသနေသော လူနာများအား ထောက်ပံ့လှူဒါန်းခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ဆေးရုံတက်ရောက်ကုသနေသော လူနာများအား ထောက်ပံ့လှူဒါန်းခြင်း

(၁.၈.၂၀၂၀)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF ဥက္ကဌနှင့်အဖွဲ့ဝင်များသည် Covid-19 ကာလအတွင်း တောင်ကြီးမြို့၊ စပ်စံထွန်းဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသော လူနာများ အား အလှူငွေ၊ အစာအာဟာရများနှင့် Covid-19 အကာအကွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါ သည်။

မြစ်ကြီးနားမြို့၊ အမှတ်(၁) မူလတန်းကြိုကျောင်းအတွက် လက်ဆေးဘေဇင်များ လှူဒါန်းခြင်း

မြစ်ကြီးနားမြို့၊ အမှတ်(၁) မူလတန်းကြိုကျောင်းအတွက် လက်ဆေးဘေဇင်များ လှူဒါန်းခြင်း

(၂၉.၇.၂၀၂၀)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် Covid-19 ကာလအတွင်း မြစ်ကြီးနားမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော အမှတ်(၁) မူလတန်းကြို ကျောင်းအတွက် လက်ဆေးဘေဇင်(၁၅)ခု သွားရောက်လှူဒါန်းခဲ့ပါသည်။

မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

(၂၉.၇.၂၀၂၀)နေ့တွင် ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြစ်ကြီးနားမြို့၊ OSS ရုံးခမ၌ ကျင်းပပြုလုပ်သော မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးသို့ ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌ တက်ရောက်ခဲ့ပါသည်။

ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၇.၂၀၂၀)နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် ဥတ္တရသီရမြို့နယ်၊ အ.ထ.က(၁၂)ကျောင်းတွင် ဆရာ/မများနှင့်တွေ့ဆုံ၍ ကျောင်းအတွက် လိုအပ်နေသော ခြေနင်းအမှိုက်ပုံး၊ လက်ဆေးဘေဇင်နှင့် အခြားသော ပစ္စည်းများဝယ်ရန် အလှူငွေနှင့် ဗလာစာအုပ်များ၊ အကာအကွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

(၃၉)ကြိမ်မြောက် CEC Meeting ပြုလုပ်ခြင်း

(၃၉)ကြိမ်မြောက် CEC Meeting ပြုလုပ်ခြင်း

(၂၈.၇.၂၀၂၀)နေ့၊ နေပြည်တော် MWCDF (ရုံးချုပ်)တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ (၃၉)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။