Myanmar

ကျွဲရှင်းကျေးရွာ၊ မဏိဇောတိကဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ကျွဲရှင်းကျေးရွာ၊ မဏိဇောတိကဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၄.၇.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CEC များသည် Covid-19 ကာလ ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာ၊ မဏိဇောတိက ဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်ထံ ဝါဆိုသင်္ကန်း၊ ၀တ္ထုငွေ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အကာအကွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း၊ ကျွဲရှင်း အ.ထ.က ကျောင်းဝင်းအတွင်းရှိ စာသင်ကျောင်းဆောင်များတွင် ပိုးသတ်ဆေးများ ဖြန်းပေးနေသော ကျေးရွာဖွံ့ဖြိုးရေးအဖွဲ့ထံ အကာအကွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

မကွေးမြို့နယ်၊ မူလွန်ကျွန်းပြတ်ကျောင်းတွင် Good Treatment Program အကြောင်း ဆွေးနွေးခြင်းနှင့် သစ်ပင်များစိုက်ပျိုးပေးခြင်း

မကွေးမြို့နယ်၊ မူလွန်ကျွန်းပြတ်ကျောင်းတွင် Good Treatment Program အကြောင်း ဆွေးနွေးခြင်းနှင့် သစ်ပင်များစိုက်ပျိုးပေးခြင်း

(၂၂.၇.၂၀၂၀)နေ့တွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် Covid-19 ကာလ မကွေးမြို့နယ်၊ မူလွန်ကျွန်းပြတ်ကျောင်းတွင် ကျောင်းသား/သူများနှင့် လူငယ်များအား Good Treatment Program အကြောင်း ဆွေးနွေးခြင်း၊ အချိုရည်များနှင့် အကာအကွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ကျောင်းဝင်း အတွင်း သီးပင်၊ စားပင်၊ အရိပ်ရအပင်များ စိုက်ပျိုးခဲ့ပါသည်။   

ကရင်ပြည်နယ် MWCDF အသင်းမှ သီလရှင်ကျောင်းများနှင့် စာသင်ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

ကရင်ပြည်နယ် MWCDF အသင်းမှ သီလရှင်ကျောင်းများနှင့် စာသင်ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

(၁၉.၇.၂၀၂၀)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် Covid-19 ကာလ အတွင်း ဘားအံမြို့၊ သီလရှင်ကျောင်း(၃)ကျောင်းသို့ အခြေခံစားသောက်ကုန်များ၊ မြိုင်ကလေးမူကြိုကျောင်းသို့ အာဟာရအစာခြောက်ထုပ်များ၊ ကမမောင်းအနီး ထီးကျောခီး အ.မ.က ကျောင်း၊ မဲသဲခီး အ.ထ.က ကျောင်းခွဲရှိ ကျောင်းသား/သူများအား စာရေးကိရိယာများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ချင်းပြည်နယ် MWCDF အသင်းမှ ဟားခါးမြို့ရှိ ပရဟိတကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

ချင်းပြည်နယ် MWCDF အသင်းမှ ဟားခါးမြို့ရှိ ပရဟိတကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

(၁၈.၇.၂၀၂၀)နေ့တွင် ချင်းပြည်နယ် MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် Covid-19 ကာလ အတွင်း ဟားခါးမြို့၊ LAKHU Children Center ကျောင်း၊ ဇိအုန်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ဗက်ဇသာ မသန်စွမ်းသူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ သုခိတာရုံ သီလရှင်ကျောင်းများသို့ စားသောက်ကုန်များ၊ အကာအကွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ အစည်းအဝေးတက်ရောက်ခြင်း

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ အစည်းအဝေးတက်ရောက်ခြင်း

(၁၇.၇.၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ပဲခူးတိုင်း) ဥက္ကဋ္ဌ နှင့် ခရိုင်ဥက္ကဋ္ဌ တို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ပဲခူးပြည်သူ့ဆေးရုံကြီးရှိ မွေးဖွားမိခင်နှင့်ကလေးများအား ထောက်ပံ့လှူဒါန်းခြင်း

ပဲခူးပြည်သူ့ဆေးရုံကြီးရှိ မွေးဖွားမိခင်နှင့်ကလေးများအား ထောက်ပံ့လှူဒါန်းခြင်း

(၁၈.၇.၂၀၂၀)နေ့တွင် ပဲခူးတိုင်း MWCDF ဥက္ကဌနှင့် အဖွဲ့ဝင်များသည် Covid-19 ကာလအတွင်း ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ (၃)မြွာပူးမွေးဖွားသော မိခင်နှင့်ကလေး၊ အခြားသော မွေးဖွားမိခင် နှင့်ကလေးငယ်များအား ဆေးဝါးနှင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။