Myanmar

မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၁၅.၇.၂၀၂၀)ရက်နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံ ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ကျေးရွာရှိ အသင်းဝင်များနှင့် စာကြည့်တိုက်တွင် တွေ့ဆုံ၍ Covid-19 ကပ်ရောဂါ ကာကွယ်ထားရှိမှုအခြေအနေနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်နည်းများကို စနစ်တကျလိုက်နာကြရန် မှာကြားခဲ့ပြီး အဖွဲ့ဝင်များအား အလှူငွေ၊ Mask ၊ ဆပ်ပြာဘူးနှင့် ဝတ်စုံများ ပေးအပ်လှူဒါန်းခြင်း၊ မသန်စွမ်းညီမ(၂)ဦးထံ အကာအကွယ်ပစ္စည်း များနှင့် အစားအသောက်များ လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ တန်ဖိုးသင့်အာဟာရ ကျွေးမွေးလှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ တန်ဖိုးသင့်အာဟာရ ကျွေးမွေးလှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) ကို စတင်တည် ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက်အထိမ်းအမှတ် အနေဖြင့် ဇူလိုင်လ(၁၄)ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံနေသော လူနာများအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ မုန်လာဥချဉ်ရည်ဟင်းတို့ဖြင့် အသင်း CEC များမှ အာဟာရဒါနပြု သွားရောက် ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

Online Virtual Consultation Workshop တက်ရောက်ဆွေးနွေးခြင်း

Online Virtual Consultation Workshop တက်ရောက်ဆွေးနွေးခြင်း

(၁၃.၇.၂၀၂၀)ရက်နေ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများလေ့လာမှု စစ်တမ်းကောက်ယူနိုင်ရေး Online Virtual Consultation Workshop ကို မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ တွဲဘက်အတွင်းရေးမှူး အဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

လင်းလက်မြေ ပညာဒါန(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် သစ်ပင်များ စိုက်ပျိုးပေးခြင်း

လင်းလက်မြေ ပညာဒါန(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် သစ်ပင်များ စိုက်ပျိုးပေးခြင်း

(၁၁.၇.၂၀၂၀)ရက်နေ့တွင် မကွေးတိုင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင် ရေးအသင်း(MWCDF)မှ အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များသည် ရေနံချောင်းမြို့၊ လင်းလက်မြေ ပညာဒါန ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်ကာ ဆရာတော်ထံ ဆန်(၂ )အိတ်၊ ဆီ(၂၀)ပိဿာ လှူဒါန်းပြီးနောက် ကျောင်းဝင်းအတွင်းတွင် ကျွန်းပင်၊ မယ်ဇလီ၊ စိန်ပန်းလေး၊ စိန်ပန်းကြီး၊ ဇီးဖြူပင်၊ လျှော်ဖြူ၊ ခရေပင်၊ ရေတမာပင် စုစုပေါင်းပျိုးပင်ပေါင်း(၁၃၀ )ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြပါသည်။

ရတနာစံပြ (ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရတနာစံပြ (ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၇.၇.၂၀၂၀)ရက်နေ့၊ MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ်၊ ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်ပြီး Covid-19 ကာလ ဖြစ်သည့်အတွက်  ကျောင်းထိုင်ဆရာတော်ထံ ကျောင်းဖွင့်ကာလတွင် အသုံးပြုရန် လိုအပ်နေသော အပူချိန်တို်ငး ကိရိယာ ဝယ်ယူရန် ဝတ္ထုငွေ၊ သက်န်း၊ လှူဘွယ်ခြင်း၊ ဆိုလာ မီးအိမ်၊ ဖယောင်းတိုင်၊ လက်ဆေးဂျယ်၊ Mask များနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။

ဇေယျာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ဇေယျာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၇.၇.၂၀၂၀)ရက်နေ့၊ MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် Covid-19 ကာ မိုးရာသီကာလအတွင်း ပျဉ်းမနားမြို့၊ ဇေယျာရာမပရိယတ္တိစာသင်တိုက်ရှိ သီလရှင်ဆရာကြီး၊ ဆရာလေးများ ဆွမ်းဆန်တော် အလှူခံကြွရောက်ရန် ခက်ခဲမှုရှိနေသည့်အတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ကာ စာသင်တိုက်သို့ သွားရောက်ပြီး သီလရှင်ဆရာကြီးထံ နဝကမ္မဝတ္ထုငွေ၊ လှူဘွယ်ခြင်း၊ သီလရှင်ဝတ်စုံများ၊ ဆိုလာ မီးအိမ်၊ ဖယောင်းတိုင်၊ လက်ဆေးဂျယ်၊ Mask များ၊ လစဉ်သုံးထုပ်များနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်း ခဲ့ပါသည်။