Myanmar

ခေမာရာမသီလရှင်စာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ခေမာရာမသီလရှင်စာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရန်ကုန်တိုင်း MWCDF အသင်းမှ အဖွဲ့ဝင်များသည် Covid-19 ကာလအတွင်း ဆွမ်းအခက်အခဲရှိသော သံလျင် မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ ခေမာရာမသီလရှင်စာသင်ကျောင်းသို့ ဝတ္ထုငွေနှင့် စားသောက်စရာများ သွားရောက်လှူဒါန်းခဲ့ပါသည်။

Online Virtual Meeting တက်ရောက်ခြင်း

Online Virtual Meeting တက်ရောက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်နေရာချထား​ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး​ကော်မတီ မှ (၂၉.၅.၂၀၂၀)ရက်နေ့ နေ့လည်(၁၃းဝဝ)နာရီ ချိန်တွင် Online စနစ် (Online Virtual Meeting)ဖြင့် ကျင်းပပြုလုပ်သော ကျေးလက်နေအမျိုးသမီးများ နှင့် နေရပ်ပြန် အမျိုးသမီးများအတွက် အလုပ်အကိုင်ဖော် ဆောင်ရေး ညှိနှိုင်းအစည်းအဝေးကိုMWCDFအသင်း အတွင်းရေးမှူးနှင့်အဖွဲ့မှ တက်​ရောက်ဆွေးနွေးခဲ့ပါသည်။

Covid-19 ကာလအတွင်း လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခြင်း

Covid-19 ကာလအတွင်း လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခြင်း

(၁၃.၅.၂၀၂၀)ရက်နေ့ နေပြည်တော်ရုံးချုပ်တွင် ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ CEC များ တွေ.ဆုံ၍ နှစ်ချုပ် အစီရင်ခံစာကိစ္စ လူကယ်ပြန် သို့ covid_19 နှင့် ပတ်သက်၍ အသင်: မှ Activity များပေးပို့ရန် ကိစ္စတို့အား ဆွေးနွေး ခဲ့ကြပါသည်။

မွန်ပြည်နယ် MWCDF အသင်းမှ ပြည်လုံးချမ်းသာ(ဘ.က)ကျောင်းသို့ လှူဒါန်းမှု

မွန်ပြည်နယ် MWCDF အသင်းမှ ပြည်လုံးချမ်းသာ(ဘ.က)ကျောင်းသို့ လှူဒါန်းမှု

၁၀.၅.၂၀၂၀ မွန်ပြည်နယ် MWCDF အသင်းသားများသည် မော်လမြိုင်မြို့ ပြည်လုံးချမ်းသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်၍ လှူဘွယ်စုံခြင်း၊ ဆန်၊ ဆီ၊ အာလူးများအား ဆရာတော်ထံ ကပ်လှူခဲ့ပါသည်။

Online Virtual Meeting တက်ရောက်ခြင်း

Online Virtual Meeting တက်ရောက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်နေရာချထား​ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး​ကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၀)အား (၇.၅.၂၀၂၀)ရက်နေ့၊ နေ့လည်(၁၃းဝဝ)နာရီချိန်တွင် Online စနစ် (Online Virtual Meeting)ဖြင့် ကျင်းပပြုလုပ်သော အစည်းအဝေးကို MWCDF အသင်း ဒုဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး တို့တက်​ရောက်ခဲ့ပါသည်။

မဟာမြိုင်ကျေးရွာ MWCDF အသင်းမှ Covid-19 ကာလ လှူဒါန်းမှု

မဟာမြိုင်ကျေးရွာ MWCDF အသင်းမှ Covid-19 ကာလ လှူဒါန်းမှု

(၂.၅.၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်း၊ တောင်သာမြို့ နယ်၊ မဟာမြိုင်ကျေးရွာ MWCDFအသင်းမှ သံဃာတော် (၁၃)ပါးသီတင်းသုံးတော်မူသော ကျောက်ဖူးဘုန်းကြီး ကျောင်းအတွက် ဆန်(၁)အိတ်၊ ဆီ၊ ဆားနှင့် အခြားအသုံး အဆောင်ပစ္စည်းများ၊ ကန်မြဲရွာတိုက်ကျောင်းအတွက် ဝတ္ထု(၃၅,၀၀၀)ကျပ်၊ ကန်မြဲရွာ           Covid-19 ကာကွယ်ရေးအတွက်(၂၀,၀၀၀)ကျပ်၊ နာတာရှည်အမျိုးသမီးတစ်ဦး အတွက်(၁၅,၀၀၀)ကျပ်၊ မီးဖွားအမျိုးသမီးတစ်ဦး အတွက်(၁၅,၀၀၀)ကျပ်တို့အား လှူဒါန်းခဲ့ပါသည်။