Myanmar

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၃၀.၈.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးအေးသင်း၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် သပိတ်ကျင်းမြို့နယ်မှ နေရပ်စွန့်ခွာ ကျောင်းသား/သူ ၁၁၀ ဦးအား စာရေးကိရိယာများ လက်ရောက်လှူဒါန်းခြင်းနှင့် တက္ကသိုလ်ဝင်တန်းတွင် ဘောဂဗေဒဂုဏ်ထူးရ ကျောင်းသူတစ်ဦးအား ဆုချီးမြှင့်ပေးအပ်ခြင်းကိုဆောင်ရွက်ခဲ့ပါသည်။ ကျောင်းသား/သူ ၁၁၀ ဦးအား ဒုတိယဥက္ကဌ မှ မုန့်ဖိုးငွေ ၁၀၀၀ ကျပ်စီ ပေးအပ်ခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၆၆၀၀၀၀ ကျပ် ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၉.၈.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်လေးမေသည် ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနက အမှတ်(၁) မူလတန်းကြိုကျောင်းတွင်ကျင်းပပြုလုပ်သော ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။

သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

၂၈.၈.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်မော်မော်ထွန်း နှင့် ဒုတိယဥက္ကဌ ဒေါ်သီတာမြညိမ်းတို့သည် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ(ECCD) အဖွဲ့ဝင်များနှင့်အတူ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကံလှကွက်သစ်ရှိ MOE MYINT ပုဂ္ဂလိက မူလတန်းကြိုကျောင်း တည်ထောင်ခွင့်ပြုမိန့်ပေးနိုင်ရေးအတွက် သွားရောက်စစ်ဆေးခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၇.၈.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ဒေါ်မော်မော်ထွန်းနှင့် အဖွဲ့ဝင် (၂)ဦးသည် ဇေယျာသီရိမြို့နယ်၊ ပြည်သူဆေးရုံ (ခုတင်-၅၀၀)တွင် နေပြည်တော်ကောင်စီက ဦးဆောင်ပြုလုပ်သော သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များအား ခွဲစိတ်ကုသမှုပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ခွဲစိတ်ကုသမှုခံယူမည့် ကလေးသူငယ်များနှင့်မိဘများအား အားပေးစကားပြောကြားခြင်း၊ ကလေးများအား လက်ဆောင်နှင့် ကစားစရာများပေးအပ်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၇.၈.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ဒေါ်ခင်လေးမေ သည် မြစ်ကြီးနားတက္ကသိုလ်၊ ဘွဲ့နှင့်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲသို့ တက်ရောက်၍ ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ မြစ်ကြီးနားတက္ကသိုလ်အတွက် အလှူငွေ (၁၀) သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

၂၇.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း နှင့် ဗဟိုအလုပ်အမှုဆောင်(၅)ဦးတို့သည် ဒက္ခိဏသီရိမြို့နယ်၊ ကျောက်မျက်ပြကွင်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ထားသော သားဖွားမီးယပ်အထူးကုဆေးရုံကြီး ယာယီဆေးရုံတွင် ဆေးဝါးကုသနေသော အမျိုးသမီးလူနာများနှင့် မီးဖွားမိခင်များ နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သားဟင်း၊ ချဉ်ရည်ဟင်းနှင့် ခေါက်ဆွဲခြောက်ထုပ်၊ ကိတ်ခြောက်တို့ကိုလည်း လက်ရောက်ပေးဝေလှူဒါန်းခဲ့ပါသည်။ ထို့နောက် ဆေးရုံတွင် ဆေးကုသခံယူနေသူများထဲမှ ကူညီထောက်ပံ့မှုပေးရန်လိုအပ်နေသော အမျိုးသမီးလူနာ(၂)ဦးအား ထောက်ပံ့ငွေ(၁)သိန်းကျပ်နှုန်း လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းမှုတန်ဖိုးငွေ-(၅)သိန်းကျပ်ဖြစ်ပါသည်။