Myanmar

MWCDF အသင်းသို့ Covid-19 ကာကွယ်ရေး Mask များ လာရောက်လှူဒါန်းမှု

MWCDF အသင်းသို့ Covid-19 ကာကွယ်ရေး Mask များ လာရောက်လှူဒါန်းမှု

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးသင်း (MWCDF)သို့ မြန်မာနိုင်ငံအမျိုးသမီးများ တစ်နိုင်ငံလုံးရှိ မြန်မာမေဂျာကျောင်းသူကျောင်းသားများ၏ ကိုယ်စားလှယ်များသည် (၇.၄.၂၀၂၀)နေ့ (၃းဝဝ)နာရီ တွင်ရန်ကုန်မြို့ အထက်ပုစွန်တောင်လမ်းရှိ အသင်းရုံးခွဲသို့ လာရောက်၍ COVD-19 နှင့် ပတ်သက်၍ အကာအကွယ်ပစ္စည်း Mask-၁၈၀၀ခု တန်ဖိုး12သိန်းကျော် လာရောက်လှူဒါန်းရာ အသင်း၏ကိုယ်စား ရန်ကုန်တိုင်း MWCDF အဖွဲ့ဥက္ကဌနှင့်အဖွဲ့မှ လက်ခံရယူခဲ့ပါသည်။

သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်း

သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်း

(၈.၄.၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်း ထားဝယ်မြို့ MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် ထားဝယ်မြို့မှ မိုင်(၂၄)မိုင်အကွာ လောင်းလုံမြို့နယ် ဝေဒီရွာ တစ်ရွာလုံး ရေပြတ်​သောဒုက္ခကို ခံစားနေရသဖြင့် အသင်းသားများမှ သွားရောက်၍ သောက်ရေအတွက် ရေကားကြီး(၂)စီးဖြင့် ရေအလှူပြုခဲ့ကြပါသည်။

Covid-19 ကာကွယ်ရေးအတွက် Mask များ လှူဒါန်းခြင်း

Covid-19 ကာကွယ်ရေးအတွက် Mask များ လှူဒါန်းခြင်း

(၆.၄.၂၀၂၀)နေ့တွင် စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းအတွင်း covid.19 ကာကွယ်ရေး အတွက် mask-1000 ခု လှူဒါန်းခဲ့ပါသည်။

ဆိုလာတပ်ဆင်ခြင်းနှင့် စက်ရေတွင်းတူးဖော်ခြင်းအား ကြည့်ရှုစစ်ဆေးခြင်း

ဆိုလာတပ်ဆင်ခြင်းနှင့် စက်ရေတွင်းတူးဖော်ခြင်းအား ကြည့်ရှုစစ်ဆေးခြင်း

(၄.၄.၂၀၂၀)ရက်နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် အထက(ခွဲ) ယင်းသာစည်​ (န) ​ကျေးရွာ စက်​​ရေတွင်း ဆိုလာတပ်​ဆင်​ခြင်းနှင့် ပန့်တပ်​ဆင်​ခြင်းလုပ်ငန်းအား သွား​ရောက်​ကြီးကြပ်​ခဲ့ပါသည်​။

Covid-19 ကာကွယ်ရေး ဆေးဖြန်းရန် အလှူငွေလှူဒါန်းခြင်း

Covid-19 ကာကွယ်ရေး ဆေးဖြန်းရန် အလှူငွေလှူဒါန်းခြင်း

(၂.၄.၂၀၂၀)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်း၊ ကိုးကန့်ချယ်ရီအဖွဲ့မှ လားရှိုးမြို့၊ ရပ်ကွက်(၁၂)အုပ်ချုပ်ရေးမှူးရုံးသို့ ရပ်ကွက်နယ်မြေအတွင်း ဆေးဖြန်းရန်အတွက် အလှူငွေ(၆)သိန်း ကျပ် သွားရောက်လှူဒါန်းခဲ့ပါသည်။

ရွှေမြင့်မိုရ်ကွတ်ခိုင်ချောင် စစ်ဘေးရှောင်ပလောင်သီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရွှေမြင့်မိုရ်ကွတ်ခိုင်ချောင် စစ်ဘေးရှောင်ပလောင်သီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁.၄.၂၀၂၀)နေ့တွင် စစ်ကိုင်းတိုင်းမှ MWCDF အဖွဲ့ဝင်များသည် စစ်ကိုင်းတောင်ပေါ်               ရှိရွှေမြင့်မိုရ်ကွတ်ခိုင်ချောင်မှ စစ်ဘေးရှောင် ပလောင်သီလရှင်ဆရာလေးအပါး(၄၀)တို့သည် covid.19 ရောဂါကြောင့် ဆွမ်းဆန်အလှူခံမထွက်ရသော ကြောင့် စားသောက်ကုန်ပစ္စည်းများ စုစုပေါင်း-(၁၅၀၀၀၀)ကျပ်ဖိုး သွားရောက်လှူဒါန်းခဲ့ပါသည်။