Myanmar

ကျောင်းဆောင်ဆောက်လုပ်ရန် စာချုပ်ချုပ်ဆိုခြင်းနှင့် Covid-19 အကြောင်းဟောပြောခြင်း

ကျောင်းဆောင်ဆောက်လုပ်ရန် စာချုပ်ချုပ်ဆိုခြင်းနှင့် Covid-19 အကြောင်းဟောပြောခြင်း

မကွေးတိုင်း MWCDFအသင်းမှ အလုပ်အမှုဆောင်များ သည်မ​ကွေးမြို့နယ်​၊ ကျွန်းပြတ်​​ကျေးရွာ မူလတန်းလွန်​​ကျောင်းတွင်​ ​ဟောင်​​ကောင်​ SOWERS. ACTION. မှ ​ဆောက်​လုပ်​လှူဒါန်းမည့် ပေ. ၉၀. ၃၀. ​ကျောင်းဆောင်​အတွက်​ စာချုပ်​ချုပ်​ဆိုရန်​ (29-3-2020) ​နေ့တွင်​ ကျွန်းပြတ်​​ကျေးရွာသို့           သွား​ရောက်​ရာ စာချုပ်​ချုပ်​ဆိုပြီးနောက် (COVID. -19) အ​ကြောင်းဟော​ပြောကာ လက်​ကမ်းစာ​စောင်​များ​ဝေငှခဲ့ပါသည်​။

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်း(MWCDF) (ကချင်ပြည်နယ်)မှ Good Treatment Program(မေတ္တာကမ္ဘာပျိုးထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ) သင်တန်းဖွင့်လှစ်ခြင်း

ကချင်ပြည်နယ် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) သည် ဗဟို ၏ စီမံမှု ဖြင့် မေတ္တာကမ္ဘာပျိုးထောင်ရာ(Good treatment Program ) နှင့် ခေါင်းဆောင်မှု သင်တန်း( Leadership Development Program) ကို (၁၄-၃-၂၀၂၀) ရက်နေ့ တွင် မြစ်ကြီးနားမြို့ စာကြည့်တိုက်ပြန်ဆက်ရုံးတွင် နံနက်၉နာရီ မှ ညနေ၄နာရီထိ အတွင်းရေးမှုး ဒေါ်အေးနွယ်၊ ဘဏ္ဍာ ရေးမှုး ဒေါ်ယုယုတို့မှ တက်ရောက်လာသော သင်တန်းသား(၂၁)ဦးအား သင်ကြားပို့ချခဲ့ပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ Good Treatment Program(မေတ္တာကမ္ဘာပျိုးထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ) သင်တန်းဖွင့်လှစ်ခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ Good Treatment Program(မေတ္တာကမ္ဘာပျိုးထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ) သင်တန်းဖွင့်လှစ်ခြင်း

မြန်မာအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း – ရှမ်းပြည် နယ် မြောက် ပိုင်း သည် ဗဟို ၏ စီမံမှု ဖြင့် မေတ္တာ ကမ္ဘာ ပျိုးထောင်ရာ..အမျိုးသမီးများနှင့် ကလေးသူငယ်များ ၏ ဆက်ဆံရေး ပညာပေးသင်တန်း (Good treatment Program ) နှင့် ခေါင်းဆောင်မှု သင်တန်း( Leadership Development Program) ကို (၁၄-၃-၂၀၂၀) ရက်နေ့ တွင် လားရှိုး မြို့ တွင် ဆောင်ရွက် ခဲ့ ရာ ကလေး

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ တန်းဖိုးသင့်အာဟာရကျွေးမွေးလှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ တန်းဖိုးသင့်အာဟာရကျွေးမွေးလှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)အသင်းကို စတင်တည်ထောင်ခဲ့တဲ့ ၂၀၁၃ခုနှစ်၊ မေလ၊ (၁၄)ရက်နေ့ အသင်းတည်ထောင်ခဲ့တဲ့ရက် အထိမ်းအမှတ်အနေဖြင့် (၁၄.၃.၂၀၂၀)ရက်နေ့၌နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အ ထူးကုဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသ ခံနေသော လူနာများအား နေ့လည်စာ အာဟာရ ဒါနအလှူ- ထမင်း၊ ကြက်သားဟင်း၊ မုန့်လာဥချဉ်ရည် တို့ဖြင့် အသင်းCECများ မှ သွားရောက် ကျွေးမွေး လှူဒါန်းခဲ့ပါသည်။

မေတ္တာကမ္ဘာပျိုးထောင်ရာ အစီအစဉ် အတွက်ဆွေးနွေးခြင်း

မေတ္တာကမ္ဘာပျိုးထောင်ရာ အစီအစဉ် အတွက်ဆွေးနွေးခြင်း

(၁၂.၃.၂၀၂၀) မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)ရန်ကုန်တိုင်း အသင်းရုံး၌ ဗဟို ဥက္ကဌ  နှင့် CEC ,EC များ၊ ရန်ကုန်တိုင်းဥက္ကဌ နှင့် အဖွဲ့ဝင်များက မေတ္တာကမ္ဘာပျိုးထောင်ရာ အစီအစဉ် အတွက် သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကိုလမ်းညွှန်မှုများပေးခဲ့ပါသည်။

လားရှိုးပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ခြင်းစီမံကိန်း အခမ်းအနား

လားရှိုးပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ခြင်းစီမံကိန်း အခမ်းအနား

(၁၀.၃.၂၀၂၀)နေ့တွင် MWCDF မြောက်ပိုင်း ရှမ်းပြည်နယ် ဒုဥက္ကဌ နှင့် EC အဖွဲ့ဝင်များသည် လားရှိုးအထွေထွေဆေးရုံ ၏ တိုးတက်မှုအတွက် စီမံကိန်းသို့ တက်ရောက်ခဲ့သည် ။