ကယားပြည်နယ် MWCDF အသင်းမှ Good Treatment Program(မေတ္တာကမ္ဘာပျိုးထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ) သင်တန်းဖွင့်လှစ်ခြင်း

Myanmar Women and Children Development Foundation


(၉.၃.၂၀၂၀) တောင်ကြီးမြို့၊ ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် ၌ သက်ငယ်မုဒိမ်းကင်းစင်ရေး အားလုံးပူးပေါင်းပါဝင်ပေး ခေါင်းစဉ်ဖြင့် ကလေး (၁၀၀) ကျော်ကို သက်ငယ်မုဒိမ်းနှင့်ပါတ်သက်သည့် အန္တရာယ် မည်သို့ကာကွယ်ဆောင်ရွက်ရန်၊ ရှောင်ကြဉ်ရမည့် လိုက်နာရမည့်အချက်များကို မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ရှမ်းတောင်၏ဥက္ကဌ သုဓမ္မသိင်္ဂီဒေါ်ကေသီအောင် က ဟောပြောသင်ကြားကာ ကလေးများအား ပြန်လှန်မေးခွန်းများမေးကြားခြင်း၊ ဖြေဆိုနိုင်သည့် ကလေးများကို ဆုငွေများချီးမြှင့်ကာ ချီးကျုးစကားဆိုဖြစ်ခဲ့ပါသည်။မိမိတို့အသင်း၏ ဆောင်ပုဒ်ဖြစ်သည့် “လုံခြုံလှပဘဝများအမျိုးသမီးနှင့်ကလေးတိုင်း ရစေသား” ဆောင်ပုဒ်အား တပြိုင်နက်ရွတ်ဆိုခြင်း မေတ္တာကမ္ဘာအစီအစဉ်တိုင်း တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းမေတ္တာစကားဆိုကာ အပြန်အလှန်တာဝန်ရှိသူများက ကျေးဇူးတင်စကားပြောကာ အခမ်းအနားပြီးဆုံးခဲ့ပါသည်။

(၈.၃.၂၀၂၀)နေ့တွင် မေတ္တာကမ္ဘာပျိုးထောင်ရာ Programနှင့် Leadershipအကြောင်းကို MWCDF (ရှမ်းတောင်)မှ တွဲဘက်အတွင်းရေးမှူး ဒေါ်နန်းသဥ္ဇာထူးနှင့် အလုပ်မှုဆောင်ဒေါ်စုစုသိုင်းဝင်းတို့မှ နေပြည်တော်MWCDF ရုံးချုပ်မှ သင်ကြားပို့ချချက်များ ကို တဆင့်ပြန်လည်သင်ကြားပေးကာ မျိုးဆက်သစ် မောင်မယ်များနှင့် မေတ္တာကမ္ဘာပျိုးထောင်ရာ လမ်းညွှန်စာအုပ် လက်စွဲစာအုပ်များကိုတဆင့်ပြန်လည်ဖြန့်ဝေခဲ့ကြပြီးဥက္ကဌ၊ အတွင်းရေးမှူးနှင့်အမှုဆောင်များမှလည်းဖြတ်သန်းခဲ့၍ရရှိလာသော ဘဝအတွေ့အကြုံများမေတ္တာတရားအရေးကြီးပုံများကို ကိုယ်တွေ့များဖြင့် ပြောကြားဖလှယ်ပေးခဲ့ကြပါသည်။ ထို့နောက် ဆက်လက်ပြီး အများအတွက် ထပ်ဆင့်ပြန်လည်ဖြန့်ဝေရန်အတွက်လည်း ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

(၂.၃.၂၀၂၀)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)သည် မကွေးတိုင်းအတွင်း မေတ္တာကမ္ဘာပျို:ထောင်ရာ(Good Treatment Program )- ကလေး နှင့် မိသားစုများ၏ ဆက်ဆံရေးပညာပေး လုပ်ငန်းစီမံချက်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

(၁.၃.၂၀၂၀)ရက်နေ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မန္တလေးရပ်၌ ဖွင့်လှစ်ထားသော ဒေါ်ခင်ကြည် သားဖွားနှင့်ဆေးပေးခန်းတွင် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျင်းပပြုလုပ်သော ဘက်စုံမူကြိုကျောင်း ပဒေသာကပွဲသို့ မွန်ပြည်နယ် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အဖွဲ့ဝင်များတက်ရောက်၍ အားပေးကာ ဆုတော်ငွေများ ချီးမြှင့်ပေးခဲ့ပါသည်။

(၂၇.၂.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ CEC နှင့် အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်း အုပ်စု၊ သဲကျွန်းကျေးရွာရှိ ရတနာစံပြ(ဘ.က)ကျောင်း သို့သွားရောက်ကာ ကျောင်းထိုင်ဆရာတော်အား တွေ့ဆုံဖူးမျှော်ပြီး ဆရာ တော်ထံ အသင်းCECများစု ပေါင်း၍ ၀တ္ထုငွေ (၁၅၀၀၀၀)ကျပ်၊ ဘုရားပန်း၊ သင်္ကန်၊ ကော်ဖီမစ်ထုပ်များ၊ ဆပ်ပြာမှုန့် ထုပ်များ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။