Myanmar

မိဘမဲ့ပရဟိတ ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မိဘမဲ့ပရဟိတ ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၅.၂.၂၀၂၀)ရက်နေ့တွင် ဧရာဝတီတိုင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့် တင်ရေးအသင်း(MWCDF) မှ သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်းကျေးရွာ YGWနှင့် သဲဖြူ ကျေးရွာ ပရဟိတကျောင်းများသို့ ဆန်၊ ဆီတို့ သွားရောက် လှူဒါန်းခဲ့ပါသည်။

သီလရှင် ဆရာလေး များအား လှူဒါန်းခြင်း

သီလရှင် ဆရာလေး များအား လှူဒါန်းခြင်း

(၂၂.၂.၂၀၂၀)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်သုတ်စေတီတော်မြတ်ကြီး၌ ကျင်းပပြု လုပ်သော ဆဋ္ဌမအကြိမ်မြောက် မွန်ပြည်နယ်အတွင်းရှိ သီလရှင် ဆရာကြီး၊ ဆရာလေးများအား သီလရှင်ဝတ်စုံ နှင့် ဆန်၊ ဆေး လှူဒါန်းမှု့ကို မွန်ပြည်နယ် မြန်မာနိုင်ငံအမျိုးသမီး များနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ အဖွဲ့ဝင်များ ပါဝင်လှူဒါန်းခဲ့ကြပါသည်။

ငြိမ်းချမ်းမေတ္တာ လားရှိုး၏ နှီးနှော ဖလှယ် ပွဲ သို့ တက် ရောက် ခြင်း

ငြိမ်းချမ်းမေတ္တာ လားရှိုး၏ နှီးနှော ဖလှယ် ပွဲ သို့ တက် ရောက် ခြင်း

MWCDF Northern Shan State members attending the First Forum of Religion for Peace Myanmar / ငြိမ်းချမ်းမေတ္တာ လားရှိုး၏ နှီးနှော ဖလှယ် ပွဲ သို့ တက် ရောက် ခြင်း (25-2-2020)

Good Treatment Program (မေတ္တာကမ္ဘာပျို:ထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ)သင်တန်း ဖွင့်လှစ်ခြင်း

Good Treatment Program (မေတ္တာကမ္ဘာပျို:ထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ)သင်တန်း ဖွင့်လှစ်ခြင်း

နေပြည်တော်၊ ရုံးချုပ်၌ ဖေဖော်ဝါရီလ(၂၃)ရက် မှ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ထိ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ Good Treatment Program (မေတ္တာကမ္ဘာပျိုးထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှု ဆိုင်ရာ)သင်တန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် CECများ၊ သင်ကြားပေးမည့် အဖွဲ့ဝင် ဆရာမများ၊ ပြည်နယ်/တိုင်း အသီးသီးမှ အဖွဲ့ဝင်(၃၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း ဥက္ကဌ ဒေါက်တာဒေါ်ဝေဝေသာမှ

ကိုယ်ထူကိုယ်ထမူကြိုကျောင်း သို့သွားရောက်လှူဒါန်းခြင်း

ကိုယ်ထူကိုယ်ထမူကြိုကျောင်း သို့သွားရောက်လှူဒါန်းခြင်း

(၁၈.၂.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း MWCDFအသင်းမှ စစ်ကိုင်းတိုင်းမြောင်မြို့ နယ်၊ ကျားအိုကျေးရွာ၊ ကိုယ်ထူကိုယ်ထမူကြိုရှိ ကလေးငယ်(၄၅)ဦးအား TV၊ ကော်ဇော၊.ဖော့ဖျာ၊ ကွေကာအုပ်၊ ပေါင်မုန့်များ စုစုပေါင်း(၂၇၅၀၀၀)ကျပ် ဖိုးသွားရောက်လှူဒါန်းခဲ့ပါသည်။

ဆုကြီးပန်ဘုန်းကြီးကျောင်း သို့ သွားရောက်လှူဒါန်းခြင်း

ဆုကြီးပန်ဘုန်းကြီးကျောင်း သို့ သွားရောက်လှူဒါန်းခြင်း

(၁၆.၂.၂၀၂၀)ရက်နေ့တွင် ပခုက္ကူမြို့ ဆုကြီးပန်ဘုန်းကြီးကျောင်းတွင် မကွေးတိုင်းMWCDFနှင့် ပခုက္ကူမြို့နယ် MWCDFအသင်းတို့မှ ကျောင်းဝတ်စုံ(၉၂)စုံ၊ဆန် ( ၅)အိတ်၊ဆီ (၃)ပုံး ၊မုန့်များနှင့် လှူငွေ (၂၀၀၀၀၀)ကျပ် စာအုပ် (၁၈)ဒါဇင်၊ ဘောပင်(၁၀၀)ချောင်း- စုစုပေါင်း( ၆၃၀၀၀၀) ကျပ်ဘိုးသွားရောက် လှူဒါန်းခဲ့ကြပါသည်။