ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပခြင်း

(၁၇. ၁. ၂၀၂၀)ရက်နေ့မြစ်ကြီးနားမြို့OSSရုံးခန်းမတွင်ကျင်းပသောခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးသို့ ကချင်ပြည်နယ် MWCDF အသင်းမှ အလုပ်အမှုဆောင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၁၇. ၁. ၂၀၂၀)ရက်နေ့မြစ်ကြီးနားမြို့OSSရုံးခန်းမတွင်ကျင်းပသောခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးသို့ ကချင်ပြည်နယ် MWCDF အသင်းမှ အလုပ်အမှုဆောင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

(၁၄.၁.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) အသင်းမှ ဒုဥက္ကဋ္ဌနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ အ.မ.က(၃)ကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ အတွက် ရှပ်အကျႌ၊ ပါတိတ်လုံချည် နှင့် ကျောင်းသား/သူများ အတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘီစကစ်မုန့်၊ ကြာဇံကြော်များ ပေးအပ် လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)အသင်းကို စတင်တည်ထောင်ခဲ့တဲ့ ၂၀၁၃ခုနှစ်၊ မေလ၊ (၁၄)ရက်နေ့ အသင်းတည်ထောင်ခဲ့တဲ့ရက် အထိမ်းအမှတ်အနေဖြင့် လစဉ်(၁၄)ရက်နေ့တိုင်းနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အ ထူးကုဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသ ခံနေသော လူနာများအား နေ့လည်စာ အာဟာရ ဒါနအလှူ- ထမင်း၊ ကြက်သားဟင်း၊ မုန့်လာဥချဉ်ရည် တို့ဖြင့် အသင်းCECများ မှ သွားရောက် ကျွေးမွေး လှူဒါန်းခဲ့ပါသည်။
(၁၁၊ ၁၊ ၂၀၂၀)ရက်နေ မကွေးမြို့မြို့နယ် ပညာရေးမှူး ရုံးတွင် MWCDFအသင်း၏ ကူညီပံ့ပိုးမှုဖြင့် ဟောင်ကောင် အခြေစိုက် Sowers Action အဖွဲ့ မှ အခြေခံပညာ ကျောင်းများအတွက် Projector လှူဒါန်းခြင်းအား မကွေးတိုင်း MWCDF အသင်း အလုပ်အမှုဆောင်များမှ ပူးပေါင်း ပါဝင်ခဲ့ပါသည်။

(၁၃.၁.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ရုံးချုပ်သို့ ဇေယျကျော်ထင် ဦးအောင်သိမ်း+ဒေါ်ထွေးရီ သားသမီးမြေး ညွှန်းဝိသာခါစံအိမ်တော် (မိသားစု)မှ တန်ဖိုးငွေကျပ်(၂၅)သိန်းရှိ အသင်းဝတ်စုံ(၁၀၀)ထည် လာရောက်လှူဒါန်းရာ ဒုဥက္ကဋ္ဌများ နှင့် CECများက လက်ခံရယူ၍ အသင်းမှ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

(၁၀.၀၁.၂၀၂၀) မြန်မာနိုင်ငံရင်ခွင်မဲ့ကလေငယ်များလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းမှကြီးမှူးကျင်းပသော နှစ်သိမ့်ဆွေးနွေးဆရာဖြစ်သင်တန်းဖွင့်ပွဲကို မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးများဘဝမြှင့်တင်ရေးအသင်း(ရှမ်းတောင်) မှ ဉက္ကဌ နှင့်အလုပ်အမှုဆောင် တို့တက်ရောက်ခဲ့ကြပါသည်တူညီသောပန်းတိုင်ကို အားလုံးလက်တွဲကာအတူတကွလျှောက်လှမ်းနေကြတာကို သိရှိရသည်အတွက် ဝမ်းသာမိပါသည်။