Myanmar

၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ တက်ရောက်ခြင်း

၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ တက်ရောက်ခြင်း

၁၆.၁၂.၂၀၁၉ ရက်နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူးနှင့်အဖွဲ့သည် နေပြည်တော်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့်“ ၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့” အခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။

တန်ဖိုးသင့် အာဟာရလှူဒါန်းပေးခြင်း

တန်ဖိုးသင့် အာဟာရလှူဒါန်းပေးခြင်း

(၁၄.၁၂.၂၀၁၉)ရက်နေ့တွင် အလှူရှင် ဦးအောင်မင်း+ဒေါက်တာဝေဝေသာ( မိသားစု)မှနေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊ ကုတင်(၁၀၀)ဆံ့ သားဖွား မီးယပ်အထူးကု ဆေးရုံကြီးတွင် တက်ရောက်ကု သနေသော အမျိုးသမီးလူနာများနှင့် လူနာစောင့်များ နေ့လည်စာ အာဟာရအတွက် ထမင်း+ကြက်သားဟင်း၊ မုန်လာဥချဉ်ရည်ဟင်း တို့ဖြင့် အာဟာရဒါန လှူဒါန်းပေးခဲ့ပါသည်။ ယနေ့ လှူဒါန်းမှုအတွက် သာဓု သာဓု သာဓုပါ။ လူနာ ၁၀၀ ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်း လှူဒါန်းနိုင်ပါသည်။ လှူဒါန်းလိုသူများအနေဖြင့် – * ဦးတင့်လွင်+ဒေါ်စန်းစန်းမြင့်(MWCDFအသင်းအမှုဆောင်အဖွဲ့ဝင်)Ph:09256027755/09256027744/MWCDF အသင်း၏ ဧရာဝတီဘဏ်အကောင့်နံပါတ် -0061222010006065 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

“၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ တက်ရောက်ခြင်း

“၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ တက်ရောက်ခြင်း

(၁၁.၁၂.၂၀၁၉)နေ့တွင် ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)ကျောင်း၏ “၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ” အခမ်းအနားသို့ အသင်းမှ အတွင်းရေးမှူးနှင့် CEC တို့ တက်ရောက်ခဲ့ပြီး ပညာရေးတွင် ထူးချွန်ပြီး ဆုရရှိသော ကျောင်းသား/ သူများအား ဆုချီးမြှင့်ခဲ့၍ ကျောင်းသား/သူများမှ သီချင်းများ၊ အကများအား ကြည့်ရှု၍ အသင်းမှ ပါဝင်လှူဒါန်းဆောက်လုပ်ခဲ့သော ကျောင်းမုန့်စားစျေး တန်းအား လှည့်လည် ကြည့်ရှုခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီး ကော်မတီအစည်းအဝေးကျင်းပခြင်း

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီး ကော်မတီအစည်းအဝေးကျင်းပခြင်း

(၁၀.၁၂.၂၀၁၉)ရက်နေ့တွင် မကွေးခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင်ပြုလုပ်သော ခရိုင်ကလေးသူ ငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီး ကော်မတီအစည်းအဝေး၌ မကွေးတိုင်း မြန်မာနိုင်ငံအမျိုး သမီးများနှင့်ကလေးသူငယ်များဘဝမြင့်တင်ရေးအသင်း (MWCDF)မှ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါ သည်။

လူထုအမြင်ဖွင့် တိုက်တွန်းနှိုးဆော်ခြင်း အခမ်းအနားသို့တက်ရောက်ခြင်း

လူထုအမြင်ဖွင့် တိုက်တွန်းနှိုးဆော်ခြင်း အခမ်းအနားသို့တက်ရောက်ခြင်း

(၇.၁၂.၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး MWCDFအသင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် သင်္ဂဟပျဲန်ဒါအဖွဲ့အစည်းနှင့် ထားဝယ်မြို့၊ သရက်ချောင်းမြို့အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများပူးပေါင်းကာ မိမိဒေသအတွင်း ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများ လျော့နည်းလာစေရန်၊ မတူကွဲပြားမှုများကို တန်ဖိုးထားလေးစားမှုရှိလာပြီး အပြန်အလှန် ပေါင်းစည်းလုပ်ဆောင်မှုအားကောင်းလာစေရန် ရည်ရွယ်၍ “လူ့ဘောင်ငြိမ်းချမ်းသာယာဖို့ ကွဲပြားမတူ ပေါင်းစည်းကူစို့” ဟူသောခေါင်းစဉ်ဖြင့် လူထုအမြင်ဖွင့် တိုက်တွန်းနှိုးဆော်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုလမ်းလျှောက်ပွဲတ

ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုလမ်းလျှောက်ပွဲတ

(၇.၁၂.၂၀၁၉)ရက်နေ့ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုလမ်းလျှောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ အမျိုးသမီးအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ပါဝင်ဆင်နွှဲရန် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)ရန်ကုန်တိုင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအားလုံး လူထုလမ်းလျှောက်ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။