Myanmar

အခြေခံပညာမူလတန်းကျောင်းတွင် အာဟာရအဖြစ် ကြာဇံချက်၊ ရေသန့်၊ ထောပတ်သီး ဖျော်ရည်နှင့် အသင်းဗလာစာအုပ်များ ပေးအပ်လှူဒါန်းခြင်း

အခြေခံပညာမူလတန်းကျောင်းတွင် အာဟာရအဖြစ် ကြာဇံချက်၊ ရေသန့်၊ ထောပတ်သီး ဖျော်ရည်နှင့် အသင်းဗလာစာအုပ်များ ပေးအပ်လှူဒါန်းခြင်း

(၄.၁၂.၂၀၁၉)နေ့တွွင် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပသုတ်ကျွန်းကျေးရွာရှိ MWCDFအသင်းမှ ဆိုလာအဖွဲ့ ဝင်များသည် အသင်းမှ ကျေးရွာတွင် ဆိုလာမီးတပ် ဆင် ပေးခြင်း(၁)နှစ် ပြည့် အထိမ်းအမှတ် အခြေခံပညာမူလ တန်းကျောင်းတွင် ကျောင်းသား/သူကလေးများအား အာဟာရအဖြစ် ကြာဇံချက်၊ ရေသန့်၊ ထောပတ်သီး ဖျော်ရည်နှင့် အသင်းဗလာစာအုပ်များ ပေးအပ်လှူဒါန်း ခဲ့ပါသည်။

၂၀၁၉ ခုနှစ် အမျိုးသမီးများ အပေါ်အကြမ်း ဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်း အမှတ်အခမ်းအနားတက်ရောက်ခြင်း

၂၀၁၉ ခုနှစ် အမျိုးသမီးများ အပေါ်အကြမ်း ဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်း အမှတ်အခမ်းအနားတက်ရောက်ခြင်း

(၅.၁၂.၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ထားဝယ်မြို့၌ ကျင်းပပြုလုပ် သော “၂၀၁၉ ခုနှစ် အမျိုးသမီးများ အပေါ်အကြမ်း ဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်း အမှတ်အခမ်းအနား” လူထုအသိ ပညာပေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး MWCDFအသင်း ဥက္ကဋ္ဌနှင့် CECများတက်ရောက်ခဲ့ပါသည်။ ၂၀၁၉ခုနှစ် ဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ တွဲလက်ညီညီ ဆောင်ရွက်စို့” ဖြစ်ပါသည်။

“၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား”

“၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား”

(၃.၁၂.၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ထားဝယ်မြို့၌ ကျင်းပ ပြုလုပ်သော “၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား”ကို တနင်္သာရီ တိုင်းဒေသကြီး MWCDFအသင်း ဥက္ကဋ္ဌ နှင့် CECတို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် MWCDFအသင်းမှ ဆုငွေများချီးမြှင့်ခဲ့ပါသည်။

“ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အ ခမ်းအနား”

“ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အ ခမ်းအနား”

(၃.၁၂.၂၀၁၉)နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ပုသိမ်မြို့၌ ကျင်းပပြုလုပ်သည့် “ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အ ခမ်းအနား” သို့ ဧရာဝတီတိုင်းဒေသကြီး MWCDFအသင်းမှ ဥက္ကဋ္ဌ နှင့်CECတို့ တက်ရောက်ခဲ့ပါသည်။၂၀၁၉ခုနှစ် ဆောင်ပုဒ်မှာ “ အတားအဆီးကင်းရေး မျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့ ” ဖြစ်ပါသည်။

“ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနား”

“ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနား”

(၃.၁၂.၂၀၁၉)နေ့တွင် နေပြည်တော်၊ MICC(2)၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် “ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနား” သို့ MWCDFအသင်းမှ အတွင်းရေးမှူးနှင့်CECတို့ တက်ရောက်ခဲ့ပါသည်။၂၀၁၉ခုနှစ် ဆောင်ပုဒ်မှာ “ အတားအဆီးကင်းရေး မျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့ ” ဖြစ်ပါသည်။

လိင်မှုဆိုင်ရာမျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ

လိင်မှုဆိုင်ရာမျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ

(၂၉.၁၁.၂၀၁၉)ရက်နေ့ Cartel Hotel Myitkyina တွင် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့(LRC)မှ PATH, MSI အဖွဲ့တို့နှင့် ပူးပေါင်းပြုလုပ်သော ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လိင်မှုဆိုင်ရာ မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ အခွင့်အရေးများကို ပြည်သူလူထုထံသို့ အသိပညာပေးသည့် အလုပ်ရုံဆွေး နွေးပွဲကို MWCDF(ကချင်ပြည်နယ်)အသင်းမှ ဒုဥက္ကဋ္ဌ နှင့်အသင်းအဖွဲ့ဝင်(၂)ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။