Myanmar

စက်ရေတွင်းတူးဖော်လှူဒါန်းခြင်း

စက်ရေတွင်းတူးဖော်လှူဒါန်းခြင်း

(၁၀.၁၀.၂၀၁၉)ရက်နေ့တွင် မကွေးတိုင်း MWCDFအသင်းနှင့် ဟောင်ကောင်နိုင်ငံမှ Sowers Action အလှူရှင်များပူးပေါင်း၍ မကွေးတိုင်း၊ မြင်းကင်း မူလွန်ကျောင်းအတွက်Solar Pump(ဆိုလာပန့် )စက်ရေတွင်း တူးဖော်လှူဒါန်းပြီး ကျောင်းအဖွဲ့အစည်းထံ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို MWCDF အသင်းဗဟိုမှ ဒေါက်တာနန္ဒာမွှန်း(CEC) ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်လှူဒါန်းခြင်း

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်လှူဒါန်းခြင်း

(၉.၁၀.၂၀၁၉)ရက်နေ့တွင် ရန်ကုန်တိုင်း MWCDFအသင်း ဥက္ကဋ္ဌ နှင့်အလုပ်အမှုဆောင်များသည် တောင်ဥက္ကလာပ မြို့နယ် မြင်သာမြို့ဦးစေတီ ဘုန်းတော်ကြီး သင်ပညာ ရေးကျောင်းတွင် ပညာသင်ကြားနေသော ရှင်သာမဏေ များ သီလရှင်များ နှင့် ကျောင်းသား/သူ (၁၈၀၀)ဦး တို့အား ပညာသင် ထောက်ပံ့ခြင်း အစီအစဉ်ဖြင့် စာအုပ် (၁၀၀)ဒါဇင်၊ ဘောပင် ၊ ခဲတံ နှင့် ဆွမ်းဆန်တော်(၂)အိတ် တို့ကို သွားရောက် လှူဒါန်းခဲ့ပါသည်။

အာဟာရ ကျွေးမွေးခြင်းနှင့် ကျောင်းသုံးပစ္စည်းများလှူဒါန်းခြင်း

အာဟာရ ကျွေးမွေးခြင်းနှင့် ကျောင်းသုံးပစ္စည်းများလှူဒါန်းခြင်း

(၉-၁၀-၂၀၁၉)ရက်နေ့ နေ့လည်(၂:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)(ကယားပြည်နယ်) ပြည်နယ်အတွင်းရေးမှူး ဒေါ်ဝင့်ဝင့်ထွေး ဦးဆောင်သော အဖွဲ့မှ အဖွဲ့ဝင်များလိုက်ပါလျှက် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအုပ်စု ပီကင်းကောခူရွာရှိ ပီကင်းကောခူ အခြေခံပညာမူလတန်းကျောင်းသို့ ကျောင်းသူ/ ကျောင်းသား (၂၃၀)ဦးအား အာဟာရနှင့် နွမ်းပါး ကျောင်းသူ/သားများအတွက် ဗလာစာအုပ်(၁၀)ဒါဇင် သွားရောက် လှူဒါန်းခဲ့ကြပါသည်။

ဘုန်းတော်ကြီးသင်ပညာရေးမူကြိုကျောင်းသို့သွားရောက်လှူဒါန်းခြင်း

ဘုန်းတော်ကြီးသင်ပညာရေးမူကြိုကျောင်းသို့သွားရောက်လှူဒါန်းခြင်း

(၆.၁၀.၂၀၁၉)ရက်နေ့တွင် ကချင်ပြည်နယ်၊ MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ သီတလရံသီကျောင်းတိုက်၌ ဖွင့်လှစ်ထားသော “ မျိုးဆက်ဝေသီ” ဘုန်းတော်ကြီးသင်ပညာရေးမူကြိုကျောင်းအတွက် အသင်းအဖွဲ့ဝင်များ စုပေါင်း၍ အလှူ တော်ငွေ(၂)သိန်းကျပ်နှင့် လှူဘွယ်ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

(၆.၁၀.၂၀၁၉)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDFအသင်းမှ အလုပ်အမှုဆောင်များသည်ဥတ္တရသီရိမြို့နယ်၊ ရွှေနံသာရပ်ကွက် အမှတ်(၉)၊ ရေတွင်းဖြူ(ဘ.က)ကျောင်းသို့ သွားရောက်၍ ကျောင်း၌ ဓမ္မစကူးလ်သင်တန်းတွင် တက်ရောက်သင်ကြားနေသော ကျောင်းသား/သူများအား ရေခဲမုန့်၊ နို့သာကူတို့ဖြင့် အာဟာရဒါနကျွေးမွေး ကုသိုလ်ပြုခဲ့ကြပါသည်။

Gender ဆိုင်ရာ တိုက်တွန်းစည်းရုံးခြင်းအကြိုညှိနှိုင်းအစည်းအဝေး

Gender ဆိုင်ရာ တိုက်တွန်းစည်းရုံးခြင်းအကြိုညှိနှိုင်းအစည်းအဝေး

(၄.၁၀.၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ ကျင်းပပြုလုပ်သော ဂျဲန်ဒါဆိုင်ရာတိုက်တွန်း စည်းရုံး လှုပ်ဆော်ခြင်းအတွက် အကြိုညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်း MWCDFအသင်း အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။