Myanmar

ဒီပလိုမာဘွဲ့နှင်းသဘင် အခမ်းအနားသို့သွားရောက်လှူဒါန်းခြင်း

ဒီပလိုမာဘွဲ့နှင်းသဘင် အခမ်းအနားသို့သွားရောက်လှူဒါန်းခြင်း

(၂၈.၉.၂၀၁၉)နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့မယဉ်ငေးသာသနာ့ရိပ်သာတွင် ကျင်းပသောထားဝယ် ဗုဒ္ဓကောလိပ်၌ ပဥ္ဓမအကြိမ် ဒီပလိုမာဘွဲ့နှင်းသဘင် အခမ်းအနားတွင်MWCDFအသင်း အဖွဲ့ မှသွားရောက်၍ အလှူငွေလက်ခံရာတွင် ကူညီပေးခြင်း၊ ဧည့်ခံကျွေးမွေးရာတွွင်ကူညီခြင်း၊ ဆုဗန်းကိုင်အဖြစ်ကူညီပေးခြင်း၊ဆွမ်းဆန်စိမ်းလောင်း လှူခြင်းများကို ကုသိုလ်ပြုပါဝင်ခဲ့ပါသည်။ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဘရိတ်ဓားဗူးများ၊ ပလပ်စတစ်အိတ်ကြီးများ၊ ဆပ်ပြာခဲများ၊ ဆရာခိုဆေး စနိုးတာဝါများ၊ အအေးများ၊ မျက်နှာသုတ်ပုဝါများ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ စုစုပေါင်းတန်ဖိုးငွေ(၂) သိန်းကျပ်ဖိုးခန့် လှူဒါန်းခဲ့ကြပါသည်။

သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

(၁.၁၀.၂၀၁၉)ရက်နေ့တွင် နေပြည်တော်၊ MICC-2 ၌ ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ MWCDF အသင်းမှ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြ ပါသည်။

၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

(၁.၁၀.၂၀၁၉)ရက်နေ့ မကွေးတိုင်းဒေသကြီးMWCDF အသင်းမှ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် မကွေးမြို့၌ ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်၍ “ အသက်ကြောင့်မခွဲခြား၊ တို့ဘိုးဘွား၊ စွမ်းအားတူညီ လျှေက်လှမ်းမည်” ဆောင်ပုဒ်အတိုင်း အဖွဲ့ဝင်များမှ ဘိုး/ဘွား(၇၂)ဦးအတွက် အလှူငွေ-(၇၂၀၀၀)ကျပ် လှူဒါန်းခဲ့ပါသည် ။

(၃၆)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခြင်း

(၃၆)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခြင်း

(၃၀.၉.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ရုံးချုပ်)၌ (၃၆)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင်- *အသင်းဥက္ကဋ္ဌ ဒေါက်တာဒေါ်ဝေဝေသာမှ အဖွင့်အမှား စကားပြောကြားခြင်း၊ *(၃၅)ကြိမ်မြောက် အစည်းအဝေးမှ လုပ်ဆောင်ပြီးစီးမှု များအား CECများ မှ ဆွေးနွေးတင်ပြခြင်း၊ *အသင်း၏ ဆောင်ရွက်ချက်များ၊ ငွေစာရင်းနှင့် ဘတ်ဂျက်လျာထားမှု၊ Project များနှင့် အစည်းအဝေးကိစ္စများ၊ တက်ရောက်ခဲ့သော အစည်းအဝေးများ၏ ဆွေးနွေးချက်များအား ရှင်းလင်းပြောကြားခြင်း၊ * အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ အကြောင်းအား CECများမှ ဆွေးနွေးဆုံးဖြတ်ခြင်းနှင့် *အသင်း ဥက္ကဋ္ဌ

ကလေး သူငယ်ဆိုင်ရာအခွင့်အရေး နှင့် သက်ငယ်မုဒိန်းအကြာင်း ဟောပြောခြင်း

ကလေး သူငယ်ဆိုင်ရာအခွင့်အရေး နှင့် သက်ငယ်မုဒိန်းအကြာင်း ဟောပြောခြင်း

(၂၉-၉-၂၀၁၉)ရက်နေ့ မကွေးတိုင်းဒေသကြီး MWCDF အသင်းသည် နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာ ထ(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများအား ကလေး သူငယ်ဆိုင်ရာအခွင့်အရေး နှင့် သက်ငယ်မုဒိန်းအကြာင်း ဟောပြောပြီး သိလိုသည်များကို မေးမြန်းစေကာ ပြန်လည်ဆွေးနွေးပေးခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ကလေးများအား အာဟာရမုန့်များ ဝေငှခဲ့ပါသည်။ ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း သို့လည်း နဝကမ္မငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

အာဟာရ ကုသိုလ်ကျွေးမွေးခြင်း

အာဟာရ ကုသိုလ်ကျွေးမွေးခြင်း

(၂၈.၉.၂၀၁၉)ရက်နေ့တွင် မန္တလေးတိုင်း၊ တောင်သာမြို့ နယ်၊ မဟာမြိုင်ကျေးရွာ MWCDFအသင်းမှ ဥပုသ်သည် များနှင့် ကျောင်းသား/သူ များကို အုန်းနို့ခေါက်ဆွဲ အာဟာရ ကုသိုလ်ပြုခဲ့ကြပါသည်။