အစည်းအဝေးတက်ရောက်ခြင်း

(၂၇.၉.၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ် သော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးသို့ MWCDF အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
Myanmar Women and Children Development Foundation

(၂၇.၉.၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ် သော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးသို့ MWCDF အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

(၂၆.၉.၂၀၁၉)ရက်နေ့တွင် ကံကော်ရိပ်(ဒိုက်ဦးမြို့နယ် အောင်ချက် ပထမဆုရ) ကိုယ်ပိုင်အထက်တန်းကျောင်း၌မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ပဲခူးတိုင်းဒေသကြီးဥက္ကဌ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင် ပဲခူး)က ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို “ လုံခြုံလှပဘဝများ အားလုံးရစေသား” ခေါင်းစဉ်ဖြင့် ကျောင်းသား/သူများ အား ဟောပြောခဲ့ပါသည်။ အခမ်းအနားတွင် စာကြည့်တိုက်အတွက် စာအုပ်များကိုလည်း လှူဒါန်းခဲ့ပါသည်။

(၂၃.၉.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အစိုးရအဖွဲ့အစည်းမှ ကျင်းပပြုလုပ်သော ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားနှင့် ပျိုးဥယာဉ်မူကြိုကျောင်း မှ ကလေးများအား သွားရောက်အားပေးကြည့်ရှုခြင်း တို့တွင် မွန်ပြည်နယ် MWCDFအသင်းမှ ပူးပေါင်းပါဝင်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား===========================စက်တင်ဘာလ(၂၂)ရက်နေ့ ညနေ(၄)နာရီအချိန်က ပဲခူးမြို့ မြို့တော်ခန်းမတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးမှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ အား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ MWCDF အသင်းကြီးမှ ဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါ သည်။ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အခွင့်အရေးများကို သာတူ ညီမျှခံစားရရှိရေးအတွက် ကြိုးစားဖော်ဆောင်ပေးလျက် ရှိကြောင်း၊ မသန်စွမ်းသူများအား ကနဦးထောက်ပံ့ခြင်း ကိုလည်း တစ်နိုင်ငံလုံးလွှမ်းခြုံမှုရရှိစေရန် ထောက်ပံ့ပေး လျက်ရှိကြောင်း၊ မသန်စွမ်းဖြစ်မှုကိုလျော့နည်းအောင် ကြိုတင်ကာကွယ်သည့် နည်းလမ်းများ လည်းရှိကြောင်း၊

(၂၁.၉.၂၀၁၉)ရက်နေ့တွင် မကွေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သော ကလေးအလုပ်သမားနှင့်အလုပ်ခွင် ပြည်သူ့စကားဝိုင်းသို့မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (မကွေး) အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြ ပါသည်။

(၁၆.၉.၂၀၁၉)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းနှင့် အလှူရှင်များစုပေါင်း၍ ဥတ္တရသီရိမြို့နယ်၊ ရွှေနံသာရပ်ကွက် အမှတ်(၉)၊ ရေတွင်းဖြူ(ဘ.က)ကျောင်း၌ ကျောင်းထိုင် ဆရာတော် ဦးတိက္ခဉာဏ အား နေ့ဆွမ်း၊ ၀တ္ထုငွေနှင့် လှူဘွယ်ပစ္စည်းများ ဆပ်ကပ်လှူ ဒါန်းပြီး (ဘ.က)ကျောင်းတွင် တက်ရောက်နေသော ကျောင်းသား/သူ စုစုပေါင်း(၈၅ )ဦး၊ ဆရာ/ ဆရာမ ဦးရေ(၆)ဦး တို့အား နေ့လည်စာ ထမင်း၊ ဟင်း၊ ရေခဲမုန့်များ နှင့် စာအုပ်၊ ခဲတံများ သွား ရောက်လှူဒါန်းခဲ့ကြပါသည်။