Myanmar

ဆိုလာမီးတပ်ဆင်ခြင်းနှင့် ဆိုလာပန့် တပ်ဆင် လှူဒါန်းခြင်း

ဆိုလာမီးတပ်ဆင်ခြင်းနှင့် ဆိုလာပန့် တပ်ဆင် လှူဒါန်းခြင်း

(၁၅.၉.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် မိတ်ဘက်အဖွဲ့အစည်းဖြစ်သော ဟောင်ကောင်နိုင်ငံ Sowers Action တို့ပူးပေါင်း၍ မကွေးတိုင်း၊ မြင်းကင်း မူလွန်ကျောင်း၌ ဆိုလာမီးတပ်ဆင်ခြင်းနှင့် ဆိုလာပန့် တပ်ဆင် လှူဒါန်းခြင်းတွင် ဟောင်ကောင်နိုင်ငံ Sowers Action မှ တာဝန်ရှိသူများနှင့် မကွေးတိုင်း MWCDF အဖွဲ့ ဝင်များမှ တတက်တအား ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

(၁၅.၉.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံအမျိူ းသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် တို့ သည် နေပြည်တော် လွှတ်တော်ဝန်း သဘင်ဆောင်၌ ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတက်ရောက်ဆွေးနွေးခြင်း

အစည်းအဝေးတက်ရောက်ဆွေးနွေးခြင်း

(၁၄.၉.၂၀၁၉)နေ့တွင် ဧရာဝတီတိုင်း MWCDFအသင်းမှ အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်းဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ သော အသက်(၂)နှစ်အောက်ကလေးငယ်များ အား ငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ်ရှင်းလင်းဆွေးနွေးပွဲ သို့ တက်ရောက်အားပေးခဲ့ပါသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

(၁၃.၉.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ် MWCDFအသင်း မှ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက် အားပေးခဲ့ပါသည်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင်ကျွေးမွေးလှူဒါန်းခြင်း

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင်ကျွေးမွေးလှူဒါန်းခြင်း

MWCDFအသင်း၏ကျန်းမာရေးကူညီလှူဒါန်းမှု(၁၄.၉.၂၀၁၉)‌နေ့*********************************** မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)အသင်းကို စတင်တည်ထောင်ခဲ့တဲ့ ၂၀၁၃ခုနှစ်၊ မေလ၊ (၁၄)ရက်နေ့ အသင်းတည်ထောင်ခဲ့တဲ့ရက် အထိမ်းအမှတ်အနေဖြင့် လစဉ်(၁၄)ရက်နေ့တိုင်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသခံနေသော လူနာများအား နေ့လည်စာ အာဟာရ ဒါနအလှူ- ထမင်း၊ ကြက်သားဟင်း၊ ချဉ်ပေါင်ဟင်း တို့ဖြင့် ကျွေးမွေးလှူဒါန်းလျက်ရှိပါသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အခမ်းအနားတက်ရောက်ခြင်း

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အခမ်းအနားတက်ရောက်ခြင်း

(၁၃.၉.၂၀၁၉)ရက်နေ့တွင် ပဲခူးမြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်ဆုပေးပွဲနှင့်ပြပွဲ အခမ်းအနားကို မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူ ငယ်များဘဝမြှင့်တင်ရေး အသင်း ပဲခူးတိုင်းဒေသကြီး(MWCDF)မှ တိုင်းဥက္ကဌ ဒေါ်ခင်ဝတ်ရည်နှင့် တိုင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပါသည်။