Myanmar

ထားဝယ်မြို့၊ အ.မ.က ကျောက်မော် ကျောင်းသို့ သွားရောက်၍ ကျောင်းသုံးပစ္စည်းနှင့်အာဟာရများ လှူဒါန်းခြင်း

ထားဝယ်မြို့၊ အ.မ.က ကျောက်မော် ကျောင်းသို့ သွားရောက်၍ ကျောင်းသုံးပစ္စည်းနှင့်အာဟာရများ လှူဒါန်းခြင်း

(၄.၉.၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် ထားဝယ်မြို့၊ အ.မ.က ကျောက်မော် ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူ(၇၅)ဦး၊ ဆရာ/ဆရာမ(၅)ဦးနှင့် တွေ့ဆုံကာ ကျောင်းသား/ သူများအား အမှိုက်စနစ်တကျစွန့်ပစ်ရေး၊ ကျန်းမာစွာနေထိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော အာဟာရမှီဝဲရေးနှင့် အစာအုပ်စုကြီး(၃)အုပ်စုအကြောင်းကို အပြန်အလှန် မေးမြန်းဆွေးနွေးကာ ဖြေကြားပြောဆိုနိုင်သူများကို ဂုဏ်ပြုဆု များချီးမြှင့်ပေးခဲ့ပါသည်။ ထို့နောက် ကျောင်းသား/သူ(၇၅)ဦးအတွက် ဘောပင်(၁၀၀)ချောင်း၊ ခဲတံ(၁၀)ဒါဇင်တို့ကို ပေးအပ်ခဲ့ပြီး အာဟာရဖြစ် ဖြည့်စွက်အစားအစာများ ကျွေးမွေးခဲ့ကြပါသည်။

MISTER &MISS Myanmar Beauty Paradise Bago 2019 Grand Final ပြိုင်ပွဲ သို့တက်ရောက် ခြင်း

MISTER &MISS Myanmar Beauty Paradise Bago 2019 Grand Final ပြိုင်ပွဲ သို့တက်ရောက် ခြင်း

၂၅.၈.၂၀၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများ နှင့်ကလေးသူငယ်များဘဝမြင့်တင်ရေးအသင်း(MWCDF) ပဲခူးတိုင်: ဒေသကြီး မှ တိုင်း ဥက္ကဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင်များက MISTER &MISS Myanmar Beauty Paradise Bago 2019 Grand Final ပြိုင်ပွဲ ၌  အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။

ထားဝယ်မြို့၊ ဆန်းချီ(၁) ကျေးရွာ အ.မ.က ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ထားဝယ်မြို့၊ ဆန်းချီ(၁) ကျေးရွာ အ.မ.က ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂.၉.၂၀၁၉)နေ့တွင် တနင်္သာရီတိုင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း အသင်း(MWCDF)မှ အလုပ်အမှုဆောင်များသည် ထားဝယ်မြို့၊ ဆန်းချီ(၁) ကျေးရွာ အ.မ.က ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူ (၅၀)ဦးအတွက် ဗလာစာအုပ်(၁၅) ဒါဇင်၊ ဘောပင်၅၀ချောင်းပါ(၁၀)ဗူး၊ ခဲတံ၁၂ချောင်း ပါ(၅)ဗူးနှင့် အာဟာရကိတ်မုန့်(၁၁၀)ထုပ် တို့ကို ကျောင်းသား/သူများ၊ မိဘများ၊ ဆရာ/ဆရာမများအတွက်ကိုယ်တိုင်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် အတူလိုက်ပါလာသည့် မြို့မယဉ်ငေး ဆရာတော်၊ ဇေယျဝတီ ကျောင်းတိုက်ဆရာတော် ၊ ထားဝယ် ဗုဒ္ဓကော လိပ်မှမော်ကွန်းထိန်းနှင့်ကထိကများ၊ သံဃာတော်အချို့လည်းလိုက်ပါခဲ့ကြပြီး မြို့မယဉ်ငေးဆရာတော်မှ ကလေးများအတွက် ဝတ်စုံများ၊ ဗလာစာအုပ်၊ ဘောပင်များ၊

Case Management (SOP)မူကြမ်း အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ခြင်း

Case Management (SOP)မူကြမ်း အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ခြင်း

(၂.၉.၂၀၁၉)ရက်နေ့တွင် နေပြည်တော်၊ Hotel Max ၌ လူမှုဝန်းထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော Case Management SOP (မူကြမ်း)နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ MWCDFအသင်းမှ တွဲဘက်အတွင်းရေးမှူးနှင့် ရုံးအဖွဲ့မှ တက်ရောက်ခဲ့ ကြပါသည်။

ညောင်ရွှေမြို့နယ် ဖွဲ့ဇင်း-ငါးဆူကျေးရွာတွင် သွားရောက်လှူဒါန်းခြင်း

ညောင်ရွှေမြို့နယ် ဖွဲ့ဇင်း-ငါးဆူကျေးရွာတွင် သွားရောက်လှူဒါန်းခြင်း

(၃၁.၈.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (ရှမ်းပြည်တောင်ပိုင်း) မှ အလုပ်အမှုဆောင်များသည် CSO network ECCD ဥက္ကဌဒေါ်ခင်မာလွင် နှင့်အတူ ညောင်ရွှေမြို့နယ် ဖွဲ့ဇင်း-ငါးဆူကျေးရွာတွင် တည်ရှိသော ကလေးသူငယ်ပြုစုစောက်ရှောက်ရေး ဂေဟာအတွင်းရှိ ကလေးများအတွက် အာဟာရတိုက် ကျွေးရန်အလှူငွေ(၂၀၀၀၀) ကျပ်လှူဒါန်းပြီးနောက်မူလတန်းလွန်ကျောင်းသို့ သွားရောက်ကာ ကျောင်းအုပ်ကြီးနှင့်ဆွေးနွေး၍ ကလေး များနှင့် မိဘများ သိရှိစေရန် ရည်ရွယ်ကာ  ပညာပေး ပိုစတာများကပ်ရန်ပြုလုပ်လှုဒါန်းခြင်း၊ လှုမှုရေးအခက်အခဲဖြစ်နေသော ကျောင်းသူအား သွားရောက်တွေ့ဆုံကာ မိဘများနှင့်တိုင်ပင်၍ ကလေး ၏အနာဂါတ်လှပစေရန် တိုင်ပင်ဆွေးနွေးကြပြီးအစားအသောက်များ၊ နို့မှုန့်များ၊ အားဆေးများ သွားရောက်အကူအညီပေးခဲ့ကြပါသည်။ MWCDFအသင်း၏

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ရှမ်းပြည်တောင်ပိုင်း) ၏ လစဉ်အစည်းအဝေးကို ကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ရှမ်းပြည်တောင်ပိုင်း) ၏ လစဉ်အစည်းအဝေးကို ကျင်းပခြင်း

(၃၀.၈.၂၀၁၉)ရက်နေ့တွင် တောင်ကြီးမြို့ ခိုင်မေတ္တာ ဆေးရုံအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ရှမ်းပြည်တောင်ပိုင်း) ဥက္ကဌ သုဓမ္မသိင်္ဂီ ဒေါ်ကေသီအောင်နှင့် ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက် အတွင်းရေးမှူး အလုပ်အမူဆောင်များ ဦးဆောင်ကာ လစဉ်အစည်းအဝေးကို ကျင်းပ ခဲ့ကြပါသည်။ ဆက်လက်၍အသင်းကြီး၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ကြပြီး စက်တင်ဘာလအတွက် အမျိုးသမီး ငယ်များနှင့် ကလေးငယ်များအတွက် အလှူပြုမည့် ကျောင်းကို သတ်မှတ်ဆုံးဖြတ်ခဲ့ကြပါသည်။ ယခင်လ လုပ်ငန်းများ၏ ပရဟိတဆောင်ရွက်ချက်များအတွက် အားသာချက် အားနည်းချက် ငွေစာရင်းရှင်းတမ်းနှင့်အတူ လစဉ် ပြန်တမ်းများကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ရုံးသို့ သတင်းပို့ရမည့်