Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၄.၈.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်(၄)ဦးသည် မကွေးမြို့၊ စုပေါင်းရုံးတွင် မကွေးတိုင်ဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနက ကျင်းပပြုလုပ်သော တိုင်းဒေသကြီးအဆင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား အဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၈.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၆)ဦးသည် ထားဝယ်မြို့ မြိုမယဉ်ငေးဖောင်ဒေးရှင်းနှင့် ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းမှ ပူးပေါင်းကျင်းပသော တတိယအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ၌ ထူးချွန်သူများအား ထူးချွန်ဆုပေးအပ်ပွဲနှင့် ၃၈ ဖြာမင်္ဂလာစာအုပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား မုန့်များ၊ ရေသန့်များ ကျွေးမွေးအလှူဒါနပြုခဲ့ပါသည်။ အခမ်းအနားတွင် ဆုချီးမြှင့်ပွဲနှင့် စာမေးပွဲကျင်းပစဉ် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သော မိမိတို့အသင်းဝင်(၅)ဦးကို ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းက ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၈.၂၀၂၅ ရက်​နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၅)ဦးသည် ပုသိမ်မြို့၊ မြို့​တော်ခန်းမတွင် ဧရာဝတီတိုင်း​ဒေသကြီးမိခင်နှင့်က​လေး​စောင့်​ရှောက်မှုကြီးကြပ်​ရေးအဖွဲ့က ကျင်းပပြုလုပ်သည့် “ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ် တန်ဖိုးသင့်အာဟာရအချက်အပြုတ်ပြိုင်ပွဲ” သို့ တက်​ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၃.၈.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၆)ဦးသည် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)အတွက် အလှူငွေ- (၅၀၀၀၀၀)ကျပ်နှင့် ကင်ဆာဌာန၌ ဆေးကုသမှုခံယူနေကြသော လူနာ(၂၀၀)ဦးအား (မုန့်၊ ကွေကာအုပ်၊ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်ရေသန့်ဗူးများ)တန်ဖိုး-(၉၀၀,၀၀၀)ကျပ်၊ စုစုပေါင်း (၁,၄၀၀,၀၀၀)ကျပ်အား သွားရောက်လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၈.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်(၆)ဦးသည် ၂၀၂၅ ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံနှင့် ပုဂ္ဂလိကကျောင်းများ စုပေါင်းအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

 မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၁၂.၈.၂၀၂၅ ရက်နေ့တွင် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးတို့အား ထောက်ပံ့ငွေ (၁,၀၀၀,၀၀၀)ကျပ်၊ ဗလာစာအုပ်၊ အသင်းလက်ကမ်းစာစောင်၊ အသင်းတီရှပ်အင်္ကျီများ၊ အသင်းရင်ထိုးတံဆိပ်များ၊ အသင်း (၁၀)နှစ်တာလှုပ်ရှားမှုမှတ်တမ်းစာအုပ်များ၊ အသင်းတံဆိပ်ပါလက်ဆွဲအိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။