Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်လေးမေ သည် မြစ်ကြီးနားမြို့၊ တောင်တန်းသာသနာပြုအံတော်ရှင် ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂွိုလ်များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်နန်းမြင့်တင်၊ ဒုဥက္ကဌ နန်းလှယဉ်မေ၊ အတွင်းရေးမှူး နန်းခင်သက်မာဝင်း နှင့် အဖွဲ့ဝင် ၁ ဦးတို့သည် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို တက်ရောက်ခဲ့ပြီး အဘိုး/ဘွား ၈၃ ဦးအား အလှူငွေများ လှူဒါန်းထောက်ပံ့ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်ကျော်နီနီညွန့်၊ ပြည်နယ်အလုပ်အမှုဆောင် ဒေါ်ဗျားမြာမောင် တို့သည် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော စွန့်ပစ်ခံ မွေးကင်းစကလေးငယ်တစ်ဦး (မ)အား သွားရောက်ကြည့်ရှုပြီး လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်ကျော်နီနီညွန့်၊ ပြည်နယ်အလုပ်အမှုဆောင် ဒေါ်ဗျားမြာမောင် တို့သည် လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်နှင်းမွန်သန်း နှင့် အသင်းဝင် ၃ ဦးသည် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၉.၉.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်မော်မော်ရှိန်နှင့် တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်မိမိစိုး တို့သည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ကျင်းပပြုလုပ်သော 2025 ASEAN-China Women’s Development and Cooperation Forum အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။