Myanmar

မွန်ပြည်နယ်ရှိရေဘေးဒဏ်ခံစားခဲ့ရသူများအားထောက်ပံ့လှူဒါန်းခြင်း

မွန်ပြည်နယ်ရှိရေဘေးဒဏ်ခံစားခဲ့ရသူများအားထောက်ပံ့လှူဒါန်းခြင်း

(၂၁.၈.၂၀၁၉)ရက်နေ့တွင်မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) မှ တွဲဘက်အတွင်းရေးမှူး နှင့် CECများ၊ ပြည်နယ်MWCDFအဖွဲ့ဝင်များသည် ရေးမြို့နယ်၊ ကျောင်းရွာအုပ်စု၊ ကံလှကျေးရွာသို့ရောက်ရှိပြီး ရေဘေးဒဏ်ခံစားခဲ့ရသော အိမ်ထောင်စု(၉၈)အိမ်မှ ကျေးရွာသူ/သားများနှင့် တွေ့ဆုံ၍ ရေဘေးသင့်ခဲ့သော မိသားစုများအား နှစ်သိမ့်အားပေးစကားပြောကြား၍ အိမ်ထောင်စုများအတွက် စောင်၊ ခြင်ထောင်၊ အဝတ်အထည်များ၊ မျက်နှာသုတ်ပုဝါ၊ ပုဇွန်ခြောက်ကြော်၊ လက်ဖက်အကြော်စုံ၊ ငါးသေ တ္တာ၊ ဖယောင်းတိုင်များ ပေးအပ်ခဲ့ကြပါသည်။ ၎င်းကျေးရွာတွင် ရေးမြို့နယ်၊ ကျောင်းရွာမှ တစ်ရွာလုံးရေနစ်မြုတ်ပြီး ရေဘေးသင့်ဒဏ်ခံစားခဲ့ရ၍ ကံလှရွာ တွင် ရောက်ရှိနေသော ရေဘေးသင့် အိမ်ထောင်စု(၆၅)စုမှ ကျေးရွာသူ/သားများအတွက် လိုအပ်လျှက်ရှိသော

The Group of Kindness အဖွဲ့နှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့တွေ့ဆုံဆွေးနွးခြင်း

The Group of Kindness အဖွဲ့နှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့တွေ့ဆုံဆွေးနွးခြင်း

(၂၂.၈.၂၀၁၉)နေ့တွင် MWCDFရုံးချုပ်သို့ တရုတ်နိုင်ငံ အခြေစိုက် NGOအဖွဲ့အစည်း တစ်ခုဖြစ်သော The Group of  Kindness အဖွဲ့သည် မြန်မာနိုင်ငံရှိ NGOအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များအား Onlineမှ တစ်ဆင့်ရှာဖွေ ရရှိမှုဖြင့် ယခုလို လာရောက်လေ့လာရာ MWCDF အသင်း အတွင်းရေးမှူးနှင့် အဖွဲ့မှ လက်ခံတွေ့ဆုံ၍ မိတ်ဆက်စကား များပြောကြားခဲ့ကြပါသည်။ တွေ့ဆုံရာတွင် MWCDF အသင်း၏ ဆောက်ရွက်နေသော လုပ်ငန်းစဉ်များ အား မေးမြန်းရာ အတွင်းရေးမှူးမှ ရှင်းလင်းပြော ကြားပြီး ၎င်းအဖွဲ့အစည်းမှလည်း လုပ်ဆောင်ချက်မှတ်တမ်း စာအုပ်အားရှင်းလင်း ပြောကြားခဲ့ပြီး

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအားသွားရောက်ထောက်ပံ့လှူဒါန်းခြင်း

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအားသွားရောက်ထောက်ပံ့လှူဒါန်းခြင်း

(၂၁.၈.၂၀၁၉)နေ့တွင် နေပြည်တော်၊ မြို့မစျေးမှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် ဆီးချို ရောဂါတက်၍ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ် အထူးကုဆေးရုံကြီးတွင်တက်ရောက်ကုသနေကြောင်း သိရှိရပြီး  နေပြည်တော်တိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါသည်။

အမ္မပြုကျင့်ခံရသည့် ပိုလီယိုမိန်းကလေးမှမွေးဖွားသောကလေးအတွက်ပစ္စည်းအသုံးအဆောင်နှင့်ထောက်ပံ့ငွေများပေးအပ်ခြင်း

အမ္မပြုကျင့်ခံရသည့် ပိုလီယိုမိန်းကလေးမှမွေးဖွားသောကလေးအတွက်ပစ္စည်းအသုံးအဆောင်နှင့်ထောက်ပံ့ငွေများပေးအပ်ခြင်း

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် အလိုမတူ မုဒိမ်းကျင့်ခံရသော(၁၇)နှစ်အရွယ် ပိုလီယို မိန်းကလေးမှ ကလေးမွေးဖွားခဲ့ပြီး အခက်အခဲဖြစ်နေပါသည်ဟု အကူ အညီတောင်းခံလာရာ နေပြည်တော်တိုင်း MWCDF အဖွဲ့မှ (၂၁.၈.၂၀၁၉)နေ့တွင် သွားရောက်တွေ့ဆုံပြီး လိုအပ်သော ပစ္စည်းအသုံးအဆောင်နှင့် ထောက်ပံ့ငွေများပေးအပ် လှူဒါန်းကာ နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့ကြပါသည်။

MWCDFအသင်း၏ ၂၀၁၉ခုနှစ် Project တစ်ခုဖြစ်သော(Library Friendly Project) သြဂုတ်လ စတုတ္ထအပတ် လှုပ်ရှားမှု

MWCDFအသင်း၏ ၂၀၁၉ခုနှစ် Project  တစ်ခုဖြစ်သော(Library Friendly Project)  သြဂုတ်လ စတုတ္ထအပတ် လှုပ်ရှားမှု

(၂၁.၈.၂၀၁၉)ရက်နေ့ တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ Child Fund Korea ကိုရီးယားကလေးသူငယ်ရန်ပုံငွေအဖွဲ့၏ ထောက်ပံ့မှုဖြင့် နေပြည်တော်၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်နှင့်ပူးပေါင်း၍  စာကြည့် တိုက်ခင်တွယ်မှု စီမံကိန်း Library Friendly Project ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊အတွင်းရေးမှူ: နှင့် အဖွဲ့သည် အမျိုးသားစာကြည့်တိုက်၊ စာကြည့်တိုက်မှူ းများက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)မှ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၂)ဦးအား ဖိတ်ခေါ်၍ ပုံပြင်များပြောပြခြင်း၊ ပုံပြင်တွင်ပါ ဝင်သော ဇာတ်ကောင်များအား

ချောင်းဆုံမြို့နယ်၊ တောင်စွန်း မူနိုင်းကျေးရွာရှိ ဒီပါရုံ စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ချောင်းဆုံမြို့နယ်၊ တောင်စွန်း မူနိုင်းကျေးရွာရှိ ဒီပါရုံ စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၀.၈.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) အသင်းမှ တွဲဘက်အတွင်းရေးမှူးနှင့် CECအဖွဲ့ဝင်များ သည် မွန်ပြည်နယ်၊ MWCDFအဖွဲ့ဝင်များနှင့်အတူ ချောင်းဆုံမြို့နယ်၊ တောင်စွန်း မူနိုင်းကျေးရွာရှိ ဒီပါရုံ စာသင်တိုက်သို့ ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသာဘိဓဇ (သာသနဓဇ ဓမ္မာစရိယ ဝိနယဝိဒူ) အား ဖူးမျှော်ကန်တော့ကာ ၀တ္ထုငွေ၊ သင်္ကန်း၊ လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ငါးပါးသီလတရားတော်များ နာယူကာ ရေစက်ချ အမျှဝေခဲ့ကြပါသည်။