Myanmar

သုခဝတီသီလရှင်စာသင်တိုက်ရှိသီလရှင်များအားစားသောက်ကုန်များလှူဒါန်းခြင်း

သုခဝတီသီလရှင်စာသင်တိုက်ရှိသီလရှင်များအားစားသောက်ကုန်များလှူဒါန်းခြင်း

(၁၈.၈.၂၀၁၉)နေ့တွင် ကရင်ပြည်နယ်၊ MWCDFအသင်း မှအလုပ်အမှုဆောင်များသည် ကရင်​ပြည်​နယ်​၊ ဘားအံမြို့နယ်​၊ လှက​ဒေါင်​​ကျေးရွာ သုခဝတီသီလရှင်​စာသင်​တိုက်​တွင် ဖါပွန်​​ဒေသမှ​ ရောက်​ရှိလာ​သော သီလရှင်​လေးများအတွက်​ ဆန်​.(၅) အိတ်နှင့် ​ ​အတူ ပဲဝါခြမ်း၊ အာလူး၊ ကြက်​သွန်​ဖြူ၊ ကြက်​သွန်​နီ၊ ယိုးဒယားကြာဇံ၊ဆီ၊ ဆပ်​ပြာဆီများ စုစုပေါင်း ပစ္စည်း တန်ဖိုးသင့်ငွေ(၄)သိန်းကျပ်ဖိုး သွား​ရောက်​လှူဒါန်း​ခဲ့ပါသည်​။  

မြင်းကင်းကျောင်းရှိ ကျောင်းသား၊သူများအား အာဟာရအဖြစ်ပေါင်မုန့် ၊ကြက်ဥပြုတ်နှင့် ကြက်သားဆန်ပြုတ်ကျွေးမွေးလှူဒါန်းခြင်း

မြင်းကင်းကျောင်းရှိ ကျောင်းသား၊သူများအား အာဟာရအဖြစ်ပေါင်မုန့် ၊ကြက်ဥပြုတ်နှင့် ကြက်သားဆန်ပြုတ်ကျွေးမွေးလှူဒါန်းခြင်း

(၁၆.၈.၂၀၁၉)နေ့တွင် မ​ကွေးတိုင်းMWCDF မှ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်များသည် မြင်​ကင်း​ကျောင်းတွင်​ ရက်​သတ္တပတ်​အာဟာရ​လှုပ်ရှားမှု အနေဖြင့် ကျောင်းသား/သူများအား ပေါင်မုန့်၊ ကြက်ဥပြုတ်နှင့် အာဟာရကြက် သား ဆန်ပြုတ်များ တိုက်ကျွေး​ခဲ့ကြပါသည်။

အ.မ.က(၂)ကျောင်းရှိကျောင်းသူ၊ကျောင်းသားအား ဗလာစာအုပ်နှင့် အာဟာရအဖြစ် ကြက်သားဆန်ပြုတ် ကျွေးမွေး လှူဒါန်းခြင်း

အ.မ.က(၂)ကျောင်းရှိကျောင်းသူ၊ကျောင်းသားအား ဗလာစာအုပ်နှင့် အာဟာရအဖြစ် ကြက်သားဆန်ပြုတ် ကျွေးမွေး လှူဒါန်းခြင်း

(၁၆-၈-၂၀၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် ကယားပြည်နယ် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့် တင်ရေးအသင်း(MWCDF)မှ ပြည်နယ်အတွင်းရေးမှူး ဒေါ်ဝင့်ဝင့်ထွေးနှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့နယ်၊ နောင်ယားခ ရပ်ကွက်ရှိ အ.မ.က(၂)ကျောင်းသို့ ကျောင်းသူ၊ကျောင်းသား(၂၄၀)အား ဗလာစာအုပ်နှင့် အာဟာရအဖြစ် ကြက်သားဆန်ပြုတ်သွားရောက် လှူဒါန်းခဲ့ ကြပါသည်။

မအူလေးပင် အ.လ.က ကျောင်းသို့သွားရောက်၍ကွန်ပျူတာ(၁)စုံနှင့်ပလပ်စတစ်ထိုင်ခုံ(၁၀)လုံးတို့အား လှူဒါန်းခြင်း

မအူလေးပင် အ.လ.က ကျောင်းသို့သွားရောက်၍ကွန်ပျူတာ(၁)စုံနှင့်ပလပ်စတစ်ထိုင်ခုံ(၁၀)လုံးတို့အား လှူဒါန်းခြင်း

(၂၀.၈.၂၀၁၉)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မအူလေးပင် အ.လ.က ကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမ များနှင့်တွေ့ဆုံကာ ကျောင်းတွင်လိုအပ်နေသော တန်ဖိုးငွေကျပ်(US$-487)- မြန်မာကျပ်ငွေဖြင့် (၇၃၀,၅၀၀)တန်ဖိုးရှိ ကွန်ပျူတာ(၁)စုံနှင့် ပလပ်စ တစ်ထိုင်ခုံ(၁၀)လုံးတို့အား လှူဒါန်းခဲ့ကြပါသည်။

GRAND ROYAL GROUP မှ MWCDFအသင်းသို့ လာရောက်လှူဒါန်းသောအလှူငွေအားလက်ခံရယူခြင်း

GRAND ROYAL GROUP မှ MWCDFအသင်းသို့ လာရောက်လှူဒါန်းသောအလှူငွေအားလက်ခံရယူခြင်း

(၂၀.၈.၂၀၁၉)နေ့တွင် GRAND ROYAL GROUP မှ MWCDFအသင်းသို့ အလှူငွေ(၂၅)သိန်းကျပ် လာရောက်လှူဒါန်းရာ MWCDF အသင်းမှ ဒုဥက္ကဋ္ဌ ဒေါ်သူဇာဝေ၊ ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦး နှင့် အတွင်းရေးမှူ: ဒေါ်မေမြင့်မောင်တို့မှ အလှူငွေအားလက်ခံရယူပြီး အလှူရှင် ဂုဏ်ပြုမှတ်တမ်းလွှာကိုပြန်လည်ပေးအပ်ခဲ့ပါ သည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ ဗမာတိုင်းရင်းသားဝန်ကြီး ဒေါက်တာအောင်သန်းမောင်အားတွေ့ဆုံပြီးအသင်း၏ မှတ်တမ်းဓာတ်ပုံစာအုပ်အား ပေးအပ်ခြင်း

ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ ဗမာတိုင်းရင်းသားဝန်ကြီး ဒေါက်တာအောင်သန်းမောင်အားတွေ့ဆုံပြီးအသင်း၏ မှတ်တမ်းဓာတ်ပုံစာအုပ်အား ပေးအပ်ခြင်း

(၁၃.၈.၂၀၁၉)နေ့လည်ပိုင်း တွင် MWCDF(SSS) မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေး သူငယ်များ ဘဝမြှင့်တင်ရေး(ရှမ်းတောင်) အသင်း၏ ပရဟိတ ဆောင်ရွက်မှုများအား ရှမ်းပြည်နယ် အစိုးရ ဖွဲ့ရုံးသို့သွားရောက်ပြီး ဗမာတိုင်းရင်းသားဝန်ကြီး ဒေါက်တာ အောင်သန်းမောင်ထံ တင်ပြခဲ့ပါသည်။ ဗမာတိုင်းရင်းသားဝန်ကြီးမှ စိတ်ဝင်တစားမေးမြန်းသမျှကို အသင်းဥက္ကဌ သုဓမ္မသိဂီ ဒေါ်ကေသီအောင်၊ ဒုဥက္ကဌ(၁) ဒေါ်သန္တာမင်း နှင့်အလုပ်မှုဆောင်များက ရှင်းလင်းတင်ပြကာ မှတ်တမ်းဓာတ်ပုံစာအုပ်အား ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရုံးရှိ ဗမာတိုင်းရင်းသားဝန်ကြီးရုံးခန်းတွင် ပေးအပ်ခဲ့ပါသည်။