Myanmar

မွန်ပြည်နယ်၊ ရေဘေးသင့်ပြည်သူများအတွက် ပုစွန်ခြောက်ကြော်ထုပ်များကို လှူဒါန်းရန်အတွက် ပြင်ဆင်ထုတ်ပိုးနေြခင်း

မွန်ပြည်နယ်၊ ရေဘေးသင့်ပြည်သူများအတွက် ပုစွန်ခြောက်ကြော်ထုပ်များကို လှူဒါန်းရန်အတွက် ပြင်ဆင်ထုတ်ပိုးနေြခင်း

(၁၆.၈.၂၀၁၉) MWCDF အသင်း မှအဖွဲ့၀င်များသည်မွန်ပြည်နယ်၊ ရေဘေးသင့်ပြည်သူများ လက်တလောချက်ပြုတ်စားသောက်ဖို့ ခက်ခဲနေသည့်အချိန်တွင် ထမင်းဖြူလေးရှိရုံနဲ့   အသင့်စားလို့ရတဲ့ ပုစွန်ခြောက်ကြော်ထုပ်များကို သွားရောက် လှူဒါန်းရန်အတွက် ပြင်ဆင်ထုတ်ပိုးနေခြင်းဖြစ်ပါသည်။

(၂၀၁၈-၂၀၁၉)ခု/ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေများထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်ခြင်း

(၂၀၁၈-၂၀၁၉)ခု/ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေများထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်ခြင်း

(၁၅.၈.၂၀၁၉)နေ့တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် ထားဝယ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ (၂၀၁၈-၂၀၁၉)ခု/ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေများထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှုအခမ်းအနာ:သို့တက်ရောက်ခြင်း

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှုအခမ်းအနာ:သို့တက်ရောက်ခြင်း

(၁၄.၈.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံအမျိုးသမီး များနှင့် ကလေး သူငယ် များ ဘဝမြင့်တင်ရေး အသင်း (ရှမ်း ပြည် နယ် မြောက် ပိုင်း ) ဥက္ကဌနှင့် အဖွဲ့ ဝင် များ သည် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်အဖွဲ့ဥက္ကဌ နှင့် ခရိုင် ၊ မြို့ နယ် အဖွဲ့ဝင်များ နှင့် အတူရှမ်းပြည် နယ်မြောက်ပိုင်းကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ” အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှုအခမ်းအနား” သို့ တက်ရောက်ပါဝင်လှုပ်ရှားခဲ့ပါသည်။  

မွန်ပြည်နယ်၊ MWCDFအသင်းမှ မူလတန်းကျောင်းရှိ ကျောင်းသား/သူများအား အာဟာရကြက်သားဆန်ပြုတ်တိုက်ကျွေးခြင်းနှင့် ကျောင်းသုံးစာအုပ်များအား လှူဒါန်းခြင်း

မွန်ပြည်နယ်၊ MWCDFအသင်းမှ မူလတန်းကျောင်းရှိ ကျောင်းသား/သူများအား အာဟာရကြက်သားဆန်ပြုတ်တိုက်ကျွေးခြင်းနှင့် ကျောင်းသုံးစာအုပ်များအား လှူဒါန်းခြင်း

(၇.၈.၂၀၁၉)နေ့တွင် မွန်ပြည်နယ်၊ MWCDFအသင်းမှ အလုပ်အမှုဆောင်များသည် မော်လမြိုင်မြို့၊ ပျဉ်တောင် တန်းရပ်၊ မူလတန်းကျောင်းရှိ ကျောင်းသား/သူများအား အာဟာရကြက်သားဆန်ပြုတ်တိုက်ကျွေးခြင်းနှင့် ကျောင်းသုံးစာအုပ်များအား လှူဒါန်းခြင်း စုစုပေါင်း တန်ဖိုး(၁၂၂၀၀၀)ကျပ်ဖိုးလှူဒါန်းခဲ့ကြပါသည်။

MMCWA အသင်းမှပြုလုပ်သော ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် နှင့် အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်ခြင်း

MMCWA အသင်းမှပြုလုပ်သော ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် နှင့် အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်များလှုပ်ရှားမှု  အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်ခြင်း

(၁၃.၈.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး ကျင်းပပြုလုပ်သည့် ၂၀၁၉ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်​​ကျွေး​ရေး ရက်​သတ္တပတ်​နှင်​့ အဟာရဖွံ့ဖြိုး​ရေးရက်​သတ္တပတ်​များလှုပ်​ရှားမှု အထိမ်းအမှတ်အခမ်း​အနားသို့ MWCDF အသင်​းမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

MMCWA အသင်း၏ (၂၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အလှူငွေပေးအပ်ပွဲ တက်ရောက်ခြင်း

MMCWA အသင်း၏ (၂၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အလှူငွေပေးအပ်ပွဲ တက်ရောက်ခြင်း

(၃၀.၄.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (MMCWA)၏ (၂၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ MWCDF အသင်းမှ ဥက္ကဋ္ဌနှင့် တွဲဘက်အတွင်းရေးမှူးတို့ တက်ရောက်၍ အလှူငွေပေးအပ်လှူဒါန်းခဲ့ပါသည်။